ဝင်ငွေထွက်ငွေကိုသာ စိစစ်၍ချေးမည့် ချေးငွေအစီအစဉ် မြန်မာ့ရှေ့ဆောင်ဘဏ် စတင် - Property News in Myanmar from iMyanmarHouse.com
2582 Views

ဝင်ငွေထွက်ငွေကိုသာ စိစစ်၍ချေးမည့် ချေးငွေအစီအစဉ် မြန်မာ့ရှေ့ဆောင်ဘဏ် စတင်

ဝင်ငွေထွက်ငွေအပေါ်တွင်သာ ဦးစားပေးစိစစ်မှုဖြင့် ချေးငွေထုတ်ပေးမည့် အသေးစားနှင့် အလတ်စားလုပ်ငန်း ချေးငွေတစ်ရပ်ကို အကောင်အထည်ဖော်ဆောင်တော့မည်ဟု မြန်မာ့ရှေ့ဆောင်ဘဏ် MAB Bank ၏ အကြီးတန်းအရာရှိများက ပြောသည်။

၎င်းချေးငွေသည် ပေါင်နှံပစ္စည်းအပေါ် အဓိကအခြေခံခြင်းမဟုတ်ဘဲ လုပ်ငန်းဝင်ငွေ ထွက်ငွေအပေါ်တွင်သာ အဓိကအခြေခံသည့် ချေးငွေပုံစံဖြစ်စေရန် ဆောင်ရွက်ထားကာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ချေးငွေအမျိုးအစား ဖြစ်လာမည်ဟု MAB တာဝန်ရှိသူများက ပြောသည်။

''ချေးငွေပုံစံကို ဝင်ငွေထွက်ငွေအပေါ် မှာ အခြေခံပြီး ချေးပေးတဲ့စနစ်လုပ်နိုင်ဖို့ KfW ဆီက နည်းပညာအကူအညီတွေကို ရယူထားပါတယ်။ ဒါကြောင့် အမာခံရယူမှုတွေနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ရှိလာမှာပါ''ဟု အကြီးတန်းစီးပွားရေးအရာရှိ ဦးကျော်နီခင်က ပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၄င်းချေးငွေများအတွက် ဂျာမန်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် KfW ဘဏ်မှ ကျပ်ငွေ ၁ဝ ဒသမ ၆ သန်းအား အတိုးလေးရာခိုင်နှုန်းဖြင့် ၁၅ နှစ်တာကာလ ထောက်ပံ့ကူညီမှုကို ရယူဆောင်ရွက်ထားခြင်းဖြစ်ရာ နှစ်ဆင့်ခံချေးငွေအဖြစ် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

''ချေးငွေရယူတဲ့အခါမှာ လုပ်ငန်းလည်ပတ်ရင်းနှီးမှု (Working Capital) ချေးငွေနဲ့လုပ်ငန်းသုံးပစ္စည်း ရင်းနှီးငွေ (Fixed Investment) ချေးငွေတွေကို ပုံစံလေးမျိုးအထိ ရယူနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ဒါတွေဟာ လုပ်ငန်းရှင်တွေအတွက် အများကြီးအကျိုးသက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်''ဟု International Project Consult (IPC) ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ အဖွဲ့ဦးဆောင်သူ Mr Frank Mueller က ပြောသည်။

ချေးငွေအမျိုးအစားအနေဖြင့် SME KfW ချေးငွေကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အများဆုံး ကျပ် သန်း ၁ဝဝ အထိ ရယူနိုင်မည်ဖြစ်သည်။ ၄င်း SME KfW ချေးငွေတွင် လုပ်ငန်းလည်ပတ်ရင်းနှီးမှု (Working Capital) အသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းအထိ ရယူနိုင်မည့် တစ်နှစ် ချေးငွေနှင့် လုပ်ငန်းသုံးပစ္စည်းများ ရင်းနှီးငွေ (Fixed Investment) ၏ ၇၅ ရာခိုင်နှုန်းအထိ ရယူနိုင်သည့် ငါးနှစ်ချေးငွေ နှစ်မျိုးကို ရယူနိုင်မည်ဖြစ်သည်။

ထို့ပြင် အများဆုံး ချေးငွေပမာဏ ကျပ်သန်း ၅ဝဝ အထိကို အတိုး ၁၃ ရာခိုင်နှုန်းဖြင့် ရယူနိုင်မည့် SMEMAB ချေးငွေလည်း ထုတ်ချေးပေးရန် ဆောင်ရွက်ထားသည်။ ၄င်း SMEMAB ချေးငွေအမျိုးအစားတွင်လည်း လုပ်ငန်းလည်ပတ်ရင်းနှီးမှု (Working Capital) အတွက် တစ်နှစ်ချေးငွေနှင့် လုပ်ငန်းသုံးပစ္စည်းများရင်းနှီးငွေ (Fixed Investment) အတွက် သုံးနှစ်ချေးငွေဟူ၍ နှစ်မျိုးကို ရယူနိုင်မည်ဟု Mr Frank Mueller က ပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်သည် ၄င်းချေးငွေ အမျိုးအစားများ ဆောင်ရွက်နိုင်ရန်အတွက် IPC (International Project Consult) နှင့် SBFIC (Savings Banks Foundation for International Copperation) ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းထားဖွဲ့စည်းထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့များ၏ နည်းပညာအကူအညီများကို ရယူဆောင်ရွက်လျက် ရှိသည်။

ယခုကဲ့သို့ ချေးငွေအမျိုးအစားသစ်တစ်ခု ဆောင်ရွက်လာခြင်းကြောင့် မြန်မာ့ရှေ့ဆောင်ဘဏ်သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ထုတ်ချေးနေသည့် စုစုပေါင်း ချေးငွေလည်ပတ်မှုပမာဏ ကျပ်ငွေ ဘီလျံ ၅ဝ ကျော်အထိ ရှိလာခဲ့သည်။

ယခင်ကမူ မြန်မာ့ရှေ့ဆောင်ဘဏ်သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် SMEMAB ချေးငွေ ကျပ်ငွေ ၃ဝ ဘီလျံနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်နေသည့် ချေးငွေမှာ ကျပ်ငွေ ၁ဝ ဘီလျံကျော် ရှိထားသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
mya-villa
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service