ပြင်သစ်ထံမှ ချေးယူမည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးချေးငွေကို ပြည်ထောင်စုလွှတ်တော် ပယ်ချ - Property News in Myanmar from iMyanmarHouse.com
887 Views

ပြင်သစ်ထံမှ ချေးယူမည့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးချေးငွေကို ပြည်ထောင်စုလွှတ်တော် ပယ်ချ

ရန်ကုန်မြို့ပြဖွံ့ ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီထံမှ ယူရိုငွေသန်း ၇၀ ချေးယူရေး တင်ပြထားမှုကို ပြည်ထောင်စုလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၃) က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါ ချေးငွေရယူမှုကို အတည်ပြုပေးရန်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနဒုတိယ၀န်ကြီး ဦးဆက်အောင်က ရှင်းလင်းတင်ပြသော်လည်း မဲခွဲဆုံးဖြတ်မှုအရ ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့သည်။

ချေးငွေ ယူရိုသန်း ၇၀ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ စီမံကိန်းဖြစ်မြောက် နိုင်စွမ်းလေ့လာဆန်းစစ်မှုတွင် အားနည်းချက်များရှိနေကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော် မတီက ထောက်ပြထားသော်လည်း အသေးစိတ်အခြေအနေများ ထပ်မံရှင်းလင်းပေးမည်ဖြစ် ကြောင်း ဒုတိယ၀န်ကြီးကပြောသည်။

‘‘ယခုစီမံကိန်းအတွက် ရရှိ မည့်ချေးငွေသည် အတိုးနှုန်းသက်သာတဲ့ချေးငွေဖြစ်ခြင်း၊ မြန် မာနိုင်ငံနဲ့ နိုင်ငံတကာမိတ်ဖက်များ၏ ဆက်ဆံရေးကောင်းမွန်သည့် ပြယုဂ်အားဖြင့် ပေါ်လွင် စေခြင်း၊ ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီချေးငွေကို အတည်ပြုနိုင်ပါက ယခင်နှုန်းအတိုင်း ရယူနိုင်ခြင်းစသည့် စည်းကမ်းချက်များကို ထည့်သွင်းစဉ်းစားရန်လိုအပ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ၂ နှစ်ခန့် ဆွေးနွေးရပြီး ယခုနှစ်ကုန်အထိ ချေးငွေရယူရေးစာချုပ်မချုပ်နိုင်ပါက လက်ရှိစာချုပ်စည်းကမ်း သတ်မှတ်ချက်များကို ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း ငွေထုတ်ချေးမည့် ပြင်သစ်ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီက အကြောင်း ကြားထားသည်။

စီမံကိန်း၏ အဓိကရည်မှန်း ချက်သည် ပြည်လူထုကို ၀န်ဆောင်မှုကောင်းများ ပံ့ပိုးနိုင်ရန်၊ မြို့မျက်နှာစာများကို အမြင့်တင့်တယ်၍ နိုင်ငံတကာအဆင့် မီရပ်ဝန်းတစ်ခုအဖြစ်ဖော်ဆောင် နိုင်ရန်၊ မြို့တွင်းချိတ်ဆက်သွား လာရေးလွယ်ကူလျင်မြန်စေရန် စသည်တို့ဖြစ်၍ စီးပွားရေးတွက် ခြေကိုက်မှုဆိုင်ရာ သုံးသပ်ချက်ကို ဖော်ပြနိုင်မှုမရှိခြင်းဖြစ်ကြောင်း ဒုတိယ၀န်ကြီးဦးဆက်အောင်က လွှတ်တော်တွင် ရှင်းလင်းသည်။

သို့သော် အဆိုပါချေးငွေနှင့် ပတ်သက်၍ ဒီချုပ်အမတ်များက ကန့်ကွက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြားနာပြီးနောက် ဆိုင်းငံ့ထားသင့်ကြောင်းလွှတ်တော် သို့ အစီရင်ခံစာတင်ပြထားသည်။

ထို့ကြောင့် ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စက်ခ လုတ်နှိပ်မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ ၃၄မဲ၊ ကန့်ကွက်မဲ ၄၉၇ မဲ၊ ကြား နေခြောက်မဲရရှိပြီး ကန့် ကွက်ဆန္ဒမဲများ၍ ချေးငွေယူရို သန်း ၇၀ ချေးယူမှုကို လွှတ်တော် က သဘောမတူကြောင်းလွှတ် တော်နာယက ဦးတီခွန်မြတ်က ကြေညာသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service