မော်လမြိုင်၊ ဟဲဟိုးနှင့် ကော့သောင်းလေဆိပ် (၃) ခုကို နိုင်ငံတကာအဆင့် မြှင့်တင်မည် - Property News in Myanmar from iMyanmarHouse.com
1019 Views

မော်လမြိုင်၊ ဟဲဟိုးနှင့် ကော့သောင်းလေဆိပ် (၃) ခုကို နိုင်ငံတကာအဆင့် မြှင့်တင်မည်

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ပြည်တွင်းရှိ လေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် အဆင့်မြှင့်တင်ပြုပြင်တော့မှာ ဖြစ်ပါတယ်။

မော်လမြိုင်၊ ဟဲဟိုးနဲ့ ကော့သောင်းလေဆိပ် ၃ ခုကို နိုင်ငံတကာအဆင့်မီ လေဆိပ်တွေအဖြစ် အဆင့်မြှင့်တင်ဖို့ စီစဉ်လုပ်ဆောင်နေပြီလို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသာဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် အမျိုးသားလွှတ်တော်မှာ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က ဒေါ်နွယ်နွယ်အောင်ရဲ့ မော်လမြိုင်လေယာဉ်ကွင်းကို နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းဖြစ်လာအောင် လုပ်ဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပို့ဆက်ဒုဝန်ကြီး ဦးသာဦးက အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပါဝင်တဲ့စနစ် Public Private Partnership PPP နဲ့ နိုင်ငံတကာအဆင့်မီလေဆိပ်အဖြစ် အဆင့်မြှင့်တင်နိုင်ရေးကို လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

“ပြည်တွင်းလေဆိပ်များကိုလည်း ပုဂ္ဂလိကကဏ္ဍနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် ကနဦးအနေဖြင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါတဲ့ ပြည်တွင်းလေဆိပ်များဖြစ်တဲ့ ဟဲဟိုးလေဆိပ်၊ မော်လမြိုင်လေဆိပ်နဲ့ ကော့သောင်းလေဆိပ် ၃ ခုတို့ကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ PPP စနစ်ဖြင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းကုမ္ပဏီ ဦးဆောင်မှုဖြင့် အခြား နိုင်ငံတကာကုမ္ပဏီများ ပူးပေါင်းပါဝင်နိုင်တဲ့ ကွန်ဆိုတီယမ်အဖွဲ့များကို တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီကို တင်ပြခဲ့ရာ စီးပွားရေးရာကော်မတီရဲ့ ၁-၆၂၀၁၇ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအမှတ်စဉ် ၉/ ၂၀၁၇  က မူအားဖြင့် ခွင့်ပြုခဲ့ပါတယ်။”

လတ်တလောမှာတော့ မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဖို့ တင်ဒါခေါ်ယူစစ်ဆေးတုန်း ဖြစ်ပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီ ထွက်ပေါ်လာရင် လေကြောင်းပို့ဆောင်ရေးဌာနနဲ့အတူ လုပ်ငန်းစတင်မှာ ဖြစ်ပါတယ်။

 

Credit:  DVB

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ

Upcoming Property Events

cherry-condo
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service