ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား - Property News in Myanmar from iMyanmarHouse.com
1343 Views

ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအတွက် ဂျပန်နိုင်ငံ JICA အကူအညီဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရန်ကုန်မြေပုံရေးဆွဲရေး စီမံကိန်း ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နည်းပညာပိုင်း အကူအညီကို ပေါင်းစပ်နိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဂျပန်ခရီးစဉ်မှာ အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ အကူအညီပေးမှုနဲ့အတူ ဂျပန်နိုင်ငံ JICA အကူအညီနဲ့ Mapping ကို ရေးဆွဲ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ အခုလည်း ဆောင်ရွက်နေတဲ့ အခြေအနေက လာမယ့် နှစ်ဆန်းပိုင်းလောက်မှာ အဆုံးသတ်နိုင်ဖို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။

ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းအား ယခင်အစိုးရ လက်ထက်က စတင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြိုးစား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် မြေပုံထွက်ရှိရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် မြေပုံထွက်ရှိလာပါက ၎င်းကို ကြည့်ရှုကာ တိကျသည့် ဆုံးဖြတ်ချက်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အုပ်ချုပ်ရေးစနစ်တစ်ခုကို ဆောင်ရွက်တဲ့ နေရာမှာလည်း ဘယ်နေရာကို ဘယ်လို ထိန်းချုပ်ထားရမယ်။ ဘယ်နေရာကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ အခြေအနေတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်ထားဘူးဆိုရင် အချိန်မရွေး အုပ်ချုပ်ရေးစနစ်က ကျဆုံးသွားမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အားလုံး မြို့ပြကြီး စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက်ပြီးတော့ ဆောင်ရွက်ရမယ့် အခြေအနေတွေကို ပေါင်းစပ်ညှိနှိုင်းနိုင်ဖို့အတွက် ဒီနေ့ Mapping ရေးဆွဲရေးက အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်။ ဒီအပေါ်ကနေမှီပြီး အားလုံး ညှိညှိနှိုင်းနှိုင်း ပေါင်းစပ်ပြီးတော့ မြို့ပြရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များနှင့် JICA Myanmar မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Credit: Eleven Media Group

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service