Local Property News | Posted by Zarni Kyaw
ပြည်တွင်းငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်လာပြီး ကျပ် ၁,၅၅၀ ခန့်တွင် တည်ငြိမ်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
ပြည်တွင်း ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးက ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်တွင် အချိန်ပိုင်းအတွင်း အပြောင်းအလဲများဖြစ်ပြီးနောက် ဒီဇင်ဘာ ၅ ရက်ကစတင်၍ ဈေးကွက်ပြန် လည်တည်ငြိမ်လာကြောင်း ၎င်း တို့က ပြောသည်။
‘‘ပို့ကုန်၊သွင်းကုန်လုပ်ငန်းသမားတွေက ဈေးကွက်တည်ငြိမ်တာကောင်းတာပေါ့။ နာရီနဲ့အမျှ ဈေးနှုန်းအပြောင်းအလဲဖြစ်နေမယ်ဆိုရင်လုပ်ရကိုင်ရခက်တာ ပေါ့’’ ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။
ကန်ဒေါ်လာတန်ဖိုး အ ပြောင်းအလဲများခြင်းက ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအပါ အ၀င် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ထက် ဆုံးရှုံးမှုသာ ပိုဖြစ်စေသည်ဟု စီးပွား ရေးလုပ်ငန်းရှင်များက ပြောသည်။‘‘ဒေါ်လာဈေးတည်ငြိမ်ဖို့ပဲ လိုချင်ပါတယ်။ အခုလိုအတက်၊ အကျကြမ်းတဲ့အခါ အလုပ်တွေ က ချိန်လုပ်လို့မရဘူး’’ ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွဲဖက် အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။
ဒီဇင်ဘာ ၃ ရက် ပြည်တွင်း ငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး တစ်ရှိန်ထိုးကျဆင်းပြီး တစ်ရက်အတွင်း တစ်ဒေါ်လာ လျှင် ၇၅ကျပ်ခန့်ဈေးကျခဲ့သည်။ တစ်ဒေါ်လာ ၁,၅၄၅ ကျပ်မှ ၁,၄၇၀ အထိကျဆင်းခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ်များထံ မှ ကန်ဒေါ်လာသန်း ၂၀ ကျော် ပြန်လည်ဝယ်ယူခဲ့သည်။
နောက်တစ်ရက်တွင် ပြည် တွင်းငွေကြေးဈေးကွက်၌ ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက် လာပြီး ပြည်တွင်းငွေကြေးဈေးကွက်တွင် ဒေါ်လာတန်ဖိုးအတက်၊ အကျများခြင်းကို ကုစား ကာ ဈေးကွက်တည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်က ဒီဇင်ဘာ ၃ ရက်မှ ၇ ရက်အတွင်း ပုဂ္ဂလိကဘဏ်များ ထံမှ ဒေါ်လာ ၃၈ ဒသမ ၉ သန်း ကျော်ဝယ်ယူခဲ့သည်။
Credit: 7Daydaily