ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကုမ္ပဏီစာရင်း၌ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာကုမ္ပဏီ ၂ ခုပါဝင် - Property News in Myanmar from iMyanmarHouse.com
1046 Views

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းကုမ္ပဏီစာရင်း၌ ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာကုမ္ပဏီ ၂ ခုပါဝင်

ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ရာတွင် နိုင်ငံငါးခု မှ ကုမ္ပဏီများ ပါဝင်ခဲ့ပြီး ၊ ယင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာကုမ္ပဏီ ၂ ခုပါဝင်ခဲ့သည်။

ရန်ကုန်မြို့၏ ဆိုးရွားလှသည့် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ကျစေရန် နှင့် နိုင်ငံ၏ စီးပွားရေး လူမှုရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် အတွက် ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို နိုင်ငံတော်ကအကောင်အထည်ဖော်ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ(၁၂)စောင် လက်ခံရရှိခဲ့သည်။

ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ ဂျပန် နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္မဏီ ၁၀ ခုအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၊ အမှတ်စဉ် ၅ ရှိ ထိုင်း၊ ဂျပန် ၊ မြန်မာကုမ္ပဏီ အစုအဖွဲ့တွင် မြန်မာနိုင်ငံမှ ရွှေတောင် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၊ ရွှေတောင် အဝေးပြေး ကုမ္ပဏီတို့ပါဝင်ခဲ့သည်။

အမှတ်စဉ် နံပါတ် ၉ တွင် တရုတ်မြန်မာလုပ်ငန်းရှင်များ ပူးပေါင်းဖွဲ့စည်းထားသည့် Denso - CSCEC Consortium ( CSCEC ( Myanmar ) Co., Ltd ) တို့ပါဝင်လာခဲ့သည်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသူများအနေဖြင့် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်သည်။

၂၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) အတွက် နိုင်ငံတော်မှ တင်ဒါခေါ်ယူနေခြင်းဖြစ်သည်။

တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့် အဖြစ် ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မင်္ဂလာဒုံစက်မှုဇုန် နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန်အတွက် စုစုပေါင်း လမ်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာ ရှိသည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးကို အကျိုးတူ ပူးပေါင်းသည့် စနစ်ဖြင့် တည်ဆောက်သွားရန်ရည်ရွယ်ထားပြီး အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်လည်းဖြစ်သည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service