တမြို့လုံး ရောင်းဖို့ရှိနေတဲ့ နိုင်ငံ - Property News in Myanmar from iMyanmarHouse.com
1050 Views

တမြို့လုံး ရောင်းဖို့ရှိနေတဲ့ နိုင်ငံ

နယူးဇီလန်နိုင်ငံမှာ ၁၉၃၀ ခုနှစ်တုန်းက ရေကာတာစီမံကိန်းတခု ရှိခဲ့ပါတယ်။ ရေကာတာ စီမံကိန်းစတော့ အလုပ်သမားတွေက မြို့ငယ်လေးတမြို့ဆောက်ခဲ့ပါတယ်။ Waitaki ရေကန်ရှိတဲ့ အဲဒီမြို့ငယ်လေးဟာ အခုတော့လည်း တမြို့လုံးရောင်းဖို့ ဖြစ်လာပါတော့တယ်။

ပိုက်ဆံရှိလာတဲ့အခါ တချို့လူတွေက အိမ်ဝယ်ကြပါတယ်။ တချို့ကတော့ တိုက်ခန်းဝယ်ကြပါတယ်။ အခုတော့ မြို့တမြို့လုံးကိုပါ ဝယ်နိုင်ပါတော့မယ်။ အဲဒီမြို့ကို ဘယ်သူတွေက ဝယ်နိုင်ကြမလဲ။

Waitaki ရေကန်ရှိတဲ့ မြို့ငယ်လေးကို ရောင်းမယ့်ဈေးနှုန်းကတော့ ဒေါ်လာ ၂ ဒဿမ ၈ မီလီယံ ဖြစ်ပါသတဲ့။ ဒီမြို့ငယ်လေးဟာ နယူးဇီလန်နိုင်ငံရဲ့တောင်ဘက်ပိုင်းကျွန်းစုတွေထဲရှိပြီး Dunedin ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၈၀ (၁၁၂ မိုင်) အကွာမှာ ရှိပါတယ်။

ဒီမြို့လေးကိုတော့ ၁၉၃၀ ခုနှစ်တွေတုန်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ရေကာတာ စီမံကိန်းတစ်ခု အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေကာတာ အလုပ်သမားတွေဟာ မိသားစုတွေနဲ့ အတူ ၁၉၈၀ ခုနှစ်အထိ နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ လူနေထိုင်မှု မရှိတော့သလောက်ပါပဲ။

ဒါပေမဲ့လည်း ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းမှာရှိတဲ့ နယူးဇီလန်နိုင်ငံထဲက အဲဒီမြို့ငယ်လေးဟာ အနောက်ကမ္ဘာကလို ဘာမှမရှိဘဲ ဆိတ်သုန်းနေတဲ့ တစ္ဆေမြို့တော်တော့လည်း မဟုတ်ပါဘူး။ အဲဒီမှာ အရိပ်ကောင်းတဲ့ နေရာရှိသလို လူနေအိမ်း ၈ လုံးတိတိ ရှိပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်တဆိုင်၊ ဘိလိယက်ခန်း ၁ ခန်းပါဝင်တဲ့ အိပ်ခန်း ၁ ခန်း ၊ ချက်ပြုတ်စရာ မီးဖိုဆောင်နဲ့ ကားမျိုးစုံထားနိုင်တဲ့ ကားဂိုဒေါင် ၁ လုံးပါ ရှိပါသေးတယ်။

ဒီနှစ်အစောပိုင်းမှာတော့ နယူးဇီလန်ဥပဒေက နိုင်ငံခြားခရီးသွားတွေ အိမ်မြေ ဝယ်ယူနိုင်ခွင့်ကို တား မြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ခွင့်ပြုခဲ့ပြီးနောက် ၂၀၁၈ သြဂုတ်လမှာပဲ ကုန်သွယ်ရေးဝန်ကြီး David Parker က အခုလိုပြောခဲ့ပါတယ်။

အခုလို နိုင်ငံခြားသားတွေကို အိမ်မြေ ဝယ်ယူနိုင်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ နယူးဇီလန်မှာ မွေးဖွားခဲ့တဲ့ နယူးဇီလန်သားတွေအနေနဲ့ ကိုယ့်မြေပေါ်က အိမ်တွေကို ကိုယ်ကိုယ်တိုင် ဝယ်ယူနိုင်ကြဖို့ပါပဲဒါဆိုရင်တော့ ပိုက်ဆံဘယ်လောက်ရှိရှိ နယူးဇီလန်နိုင်ငံက လူနေအိမ် ၈ လုံးရှိတဲ့ မြို့ငယ်လေး ကို နယူးဇီလန်သားမှအပ ဘယ်သူမှ ဝယ်နိုင်ကြတော့မှာ မဟုတ်ပါဘူး။

 

Credit: CNN Travel

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service