ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း တင်ဒါဝင်ပြိုင်ရန် အရည်အသွေးပြည့်မီ ကုမ္ပဏီ (၁၀) ခုရှိ - Property News in Myanmar from iMyanmarHouse.com
997 Views

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း တင်ဒါဝင်ပြိုင်ရန် အရည်အသွေးပြည့်မီ ကုမ္ပဏီ (၁၀) ခုရှိ

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) အပိုင်း-၁ အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့်ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်ခဲ့ပြီး ၎င်းတို့သည် တင်ဒါဝင်ပြိုင်ရန် စီမံကိန်းအဆိုပြုလွှာတင် သွင်းရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက် တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါ စီမံကိန်းအတွက် ၀န်ကြီးဌာနက ကုမ္ပဏီများကို ဖိတ်ခေါ်ရာတွင် ဆန်ခါတင်အ ရည်အသွေးပြည့်မီမှုလျှောက်လွှာ ၁၂ စောင်ကို နိုဝင်ဘာလလယ်က လက်ခံရရှိပြီး ရက်၂၀ အကြာ၌ အဆိုပါကုမ္ပဏီ ၁၀ ခုကို ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုကုမ္ပဏီ ၁၀ ခုသည် အဆိုပြုလျှောက်လွှာ (Request for Proposal)တင်သွင်းရန် ဖိတ်ခေါ်ခံရပြီး ၀န်ကြီးဌာနက သဘောတူညီမှုစာချုပ် (Concession Agreement) ထုတ်ပြန်မည်ဟု ဆိုထားသည်။

‘‘သူတို့တင်ပြတာကို ကျွန်တော်တို့လိုအပ်ချက်ပြည့်လို့ရွေးလိုက်တာပါ။ ဆက်လက်ယှဉ်ပြိုင် သွားရမှာပါ။ နောက်ပိုင်းအဆင့်တွေက ဘဏ္ဍာရေးတောင့်တင်းမှုအပိုင်း ကုမ္ပဏီတွေစပြိုင်ရတော့ မှာပါ’’ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြော ကြားသည်။

ဆန်ခါတင်အရည်အသွေး ပြည့်မီသည့်ကုမ္ပဏီ ၁၀ ခုတွင် တရုတ်ကုမ္ပဏီနှင့် တရုတ်-ထိုင်း ဖက်စပ်၊ တရုတ်-မြန်မာဖက်စပ် ကုမ္ပဏီ စုစုပေါင်း ခြောက်ခု၊ ကိုရီးယားကော်ပိုရေးရှင်းခြောက် ခုပေါင်းထားသည့် လုပ်ငန်းစုတစ်ခု၊ ဂျပန်ကုမ္ပဏီနှင့်ဂျပန်၊ မြန်မာ၊ ထိုင်းဖက်စပ်ကုမ္ပဏီစုစုပေါင်း နှစ်ခုနှင့် ပြင်သစ်ကုမ္ပဏီတစ်ခုတို့ ပါဝင်သည်။

၎င်းတို့သည် ရန်ကုန်မြို့သစ်စီမံကိန်းတွင် လုပ်ကိုင်ခွင့်ရထားသည့် တရုတ် CCCC ကုမ္ပဏီ၊ တရုတ်အပြည်ပြည်ဆိုင်ရာရထားလမ်းကုမ္ပဏီနှင့် မြို့ပြဖွံ့ဖြိုးမှုကုမ္ပဏီတို့ပေါင်းထားသည့် တရုတ် CRIG-CDL ကုမ္ပဏီ၊ တရုတ် CGGC နှင့် GGG တို့ပေါင်းထားသည့် ကုမ္ပဏီအုပ်စု၊ တရုတ် Power Construction ကုမ္ပဏီ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖော်ဆောင်ခွင့်ရထားသည့် အီတလျံ-ထိုင်းနှင့် တရုတ် Shandong ကုမ္ပဏီအုပ်စုတို့ပေါင်းထားသည့် ITD-CSI JV ကုမ္ပဏီနှင့် တရုတ် -မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစုတို့ဖြစ် သည်။

ထို့အပြင် ဂျပန် JFEEကော် ပိုရေးရှင်းနှင့် Marubeni လုပ်ငန်းစုတို့ ပူးပေါင်းသည့် JFEE/ Marubeni လုပ်ငန်းစု၊ ဘန်ကောက် Expressway ကုမ္ပဏီ၊ ဂျပန် Ch.karnchang ကုမ္ပဏီနှင့် ပြည်တွင်းမှ ရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်းထားသည့် BSSIC လုပ် ငန်းစုတို့လည်း ပါဝင်သည်။ ပြင် သစ် VINCI Highways လည်း ဆန်ခါတင်အရည်အသွေးပြည့်မီ ခဲ့သည်။ ကိုရီးယား GS ကော်ပို ရေးရှင်း၊ Posco၊ ဒေ၀ူး၊ Daelim၊ ကိုရီးယား Expressway၊ Korea Overseas ကော်ပရေးရှင်းခြောက်ခုပေါင်းစည်းထားသည့် ကိုရီး ယားအဖွဲ့လုပ်ငန်းစုလည်း ရွေး ချယ်ခံရသည်။

တရုတ် Shanghai Pengxin အုပ်စု၊ Shenzhen U ကုမ္ပဏီ တို့နှင့် ပြည်တွင်းလိုင်စင်ရကန်ထ ရိုက်တာအသင်းတို့ပူးပေါင်းသည့် လုပ်ငန်းစုနှင့် ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း က ဆန်ခါတင်အရည်အသွေး ပြည့်မီမှုစာရင်းတွင် ပါဝင်ခြင်းမရှိ ပေ။ မိုးပျံ အမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့တို့ပူးပေါင်းပြီး Public Private Partnership(PPP)အစီအစဉ် ဖြင့် အကောင်အထည်ဖော်ရန်ဖြစ်သည်။ ထိုသို့အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီး ဌာနက IFC ကိုအကြံပေးအဖွဲ့အဖြစ်ငှားထားပြီး IFC ကတင်ဒါရွေး ချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့်အ ပိုင်းဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောသည်။

ယခုလျှောက်လွှာတင်သည့် ကုမ္ပဏီများအနက်အရည်အချင်းပြည့်မီသူများကို ဒီဇင်ဘာလကုန် တွင် စီမံကိန်းအဆိုပြုလွှာဖိတ်ခေါ် ပြီး ၂၀၁၉ မေလ၌ ပြန်လည်တင်ပြရမည် ဖြစ်သည်။ ၂၀၁၉ဇွန်လတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာမည်ဟု၎င်းကပြောသည်။

၄၇ ကီလိုမီတာကျော် (မိုင် ၃၀)ခန့်ရှိသော မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်း၊ ရန်ကုန် ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းများသို့ လွယ်ကူစွာ ချိတ်ဆက်သွားလာနိုင်ရန်ရည်ရွယ် တည်ဆောက်မည်ဟု ၀န်ကြီးဌာန က ဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service