ပန်းလောင်း - ပြဒါးလင်းဂူနှင့်မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှစ်ခုအား ဧရိယာ ခုနစ်ထောင်ကျော် ဟတ်တာတိုးချဲ့မည် - Property News in Myanmar from iMyanmarHouse.com
798 Views

ပန်းလောင်း - ပြဒါးလင်းဂူနှင့်မဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှစ်ခုအား ဧရိယာ ခုနစ်ထောင်ကျော် ဟတ်တာတိုးချဲ့မည်

ပန်းလောင်း - ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်အဆိုပြုထားသောမဟာမြိုင်တောရို င်းတိရစ္ဆာန်ဘေးမဲ့တောနှစ်ခုအား ရွှေတောင်ဘိလပ်မြေကုမ္ပဏီနှင့်ဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဧရိယာ ၇၁၉၉ ဟတ်တာတိုးချဲ့သွားမည်ဖြစ်သည်။

ဇီဝမျိုးစုံမျိုးကွဲများပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်အဆိုပါစီမံကိန်းကို ပြုလုပ်မည်ဖြစ်ပြီးယင်းစီမံကိန်းအတွက် လုပ်ငန်းပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချွန်လွှာကိုဒီဇင်ဘာ ၃ ရက်နေ့ညက နေပြည်တော်ရှိ Park Royal Hotelတွင် ရွှေတောင်ကုမ္ပဏီနှင့် သစ်တောဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစာချုပ်အရ ဝန်ကြီးဌာနနှင့်ကုမ္ပဏီပူးပေါင်းပြီး ပန်းလောင်း-ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ဧရိယာ ၁၇၇၉ ဟက်တာတိုးချဲ့မည်ဖြစ်ပြီး အဆိုပြုထားသောမဟာမြိုင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ ဧရိယာ ၅၄၂၀ ဟတ်တာတိုးချဲ့ရာတွင် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်မူကြမ်း အတူတကွရေးဆွဲမည်ဖြစ်သည်။

" ကျွန်တော်တို့ဝန်ကြီးဌာအနေနဲ့ သစ်တောတွေ၊တိရစ္ဆာန်တွေ ရေရှည်တည်ရှိနေဖို့အတွက် ထိန်းသိမ်းကာကွယ်ဆောင်ရွက်ရပါတယ်။ ဒါကြောင့်မို့ နိုင်ငံအတွင်းမှာရှိနေတဲ့ သစ်တောတွေဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ဖို့ရည်မှန်းချက်တွေချမှတ်ထားပါတယ်။၂၀ဝ၁ ကနေစတင်ပြီး ၂၀၃၀ အထိ နှစ် ၃၀ ပင်မစီမံကိန်းကိုရေးဆွဲထားပါတယ်"ဟု သစ်တောဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ညီညီကျော်က ပြောသည်။

''ဒီဆောင်ရွက်မှုတွေအရ သစ်တောဧရိယာတွေတိုးချဲ့ဖို့နဲ့ သစ်တောထဲမှာရှိနေတဲ့အပင်၊ တိရစ္ဆာန်တွေကို ထိန်းသိမ်းကာကွယ် ဆောင်ရွက်ဖို့ မဟာဗျူဟာတွေချမှတ်ပြီးဆောင်ရွက်လျက်ရှိပါတယ်။ဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာ ကုမ္ပဏီတွေပူးပေါင်းပါဝင်တာအင်မတန်မှထူးခြားတဲ့ဆောင်ရွက်မှုလို့ပြောကြားလိုပါတယ်"ဟု ဒေါက်တာ ညီညီကျော်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊သာစည်မြို့နယ်၊ပြင်ညောင်ကျေးရွာအတွင်းရှိ ရွှေတောင်ကုမ္ပဏီ၏ဘိလပ်မြေစက်ရုံ တိုးချဲ့တည်ဆောက်လျက်ရှိရာ၌ ဇီဝမျိုးစုံမျိုးကွဲများအား ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

"ရေရှည်တည်တံ့မှုရှိစေတဲ့ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးဆောင်ရွက်ရန်ဆိုတဲ့အချက်ဟာရွှေတောင်အတွက်အလွန်အရေးကြီးတဲ့အချက်ပါ။ပြည်ညောင်မှာရှိတဲ့ရွှေတောင်ဘိလပ်မြေစက်ရုံရဲ့ထပ်တိုးထုတ်လုပ်မှုလိုင်းကို လုပ်ဆောင်ရာမှာအပြည်ပြည်ဆိုင်ရာအကောင်းဆုံးလုပ်ထုံးလုပ်နည်းစံချိန်တွေနဲ့ အညီဖြစ်စေဖို့လုပ်ဆောင်ပါတယ်။ကျွန်တော်တို့ရဲ့ဇီဝမျိုးကွဲများ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အစီအစဉ်ကိုဆောင်ရွက်နိုင်ဖို့ပံ့ပိုးကူညီပေးတဲ့ သစ်တောဦးစီးဌာနကိုအထူးကျေးဇူးတင်ပါတယ်"ဟု ရွှေတောင်ဘိလပ်မြေစက်ရုံမှ Deputy Managing Director ဦးကျော်နိုင်စိုးက ပြောသည်။

ရွှေတောင်ဘိလပ်မြေကုမ္ပဏီသည် ၂၅ နှစ်သက်တမ်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှု အစီအစဉ်ကို လုပ်ဆောင်နေသည့် ပထမဦးဆုံးကုမ္ပဏီလည်း ဖြစ်သည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service