ယာယီရပ်ဆိုင်းထားသည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ (၂၄) ခုကို မည်သို့ဆောင်ရွက်မည်ကို လွှတ်တော်သို့ တင်ပြရန် အစိုးရအဖွဲ့သို့ တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
561 Views

ယာယီရပ်ဆိုင်းထားသည့် နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ (၂၄) ခုကို မည်သို့ဆောင်ရွက်မည်ကို လွှတ်တော်သို့ တင်ပြရန် အစိုးရအဖွဲ့သို့ တိုက်တွန်း

အရှုံးပေါ်သဖြင့် ယာယီရပ်ဆိုင်းထားသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ ၂၄ ခုကို ကျယ်ပြန့်စွာ ပြန်လည်လေ့လာပြီး ရှေ့ဆက်မည်သို့ဆောင်ရွက်မည်ကို လွှတ်တော်သို့ အမြန်ဆုံး လာရောက်တင်ပြရန် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ပြည်ထောင်စု အစိုးရအဖွဲ့သို့ ယနေ့ဒီဇင်ဘာလ ၄ ရက်နေ့တွင် တိုက်တွန်းခဲ့သည်။

ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး၊ နဝမနေ့သို့ ယင်းကော်မတီ၏ အစီရင်ခံ စာတင်သွင်းစဉ် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“ငါးနှစ်ဆက်တိုက် အရှုံးပေါ်နေသော နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ ၂၄ ခုကို ပြန်လည်လေ့လာသုံးသပ်နိုင်ရန်အတွက် ယာယီရပ်ဆိုင်းရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားပါတယ်။ ၎င်းကိစ္စကို ပြည်ထောင်စုအစိုးရက ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ပြီး မည်သို့၊ မည်ပုံ စီမံဆောင်ရွက်မည်ကို လွှတ်တော်သို့ အမြန်ဆုံး ပြန်လည်တင်ပြရန် တိုက်တွန်းအပ်ပါတယ်”ဟု ကော်မတီအဖွဲ့ဝင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်က အစီရင်ခံစာဖတ်ကြားစဉ်တင်ပြသည်။

ထို့အတူ ကော်မတီနှင့်သက်ဆိုင်သည့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်ရန်ရှိပါက ကော်မတီက ပြင်ဆင်လေ့လာနိုင်ရန် အချိန်နှင့်တစ်ပြေး ညီညှိနှိုင်းမှုများဆောင်ရွက်သင့်ကြောင်း ၎င်းက တင်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဆောင်ရွက်ချက်များကို ဝက်ဘ် ဆိုက်နှင့် နေ့စဉ်ထုတ်သတင်းစာများတွင် အများပြည်သူတို့သိရှိရန်တင်ပြသည်ကို ကြိုဆိုကြောင်း၊ သို့သော် ကော်မတီသို့ သီးခြားပေးပို့လာပါက လွှတ်တော်ကော်မတီနှင့် ကော်မရှင်တို့ အမြဲ ထိတွေ့ဆက်ဆံမှုရှိပြီး လွှတ်တော်ကော်မတီတို့၏ အရေးပါမှုကိုလည်း သိသာထင်ရှားပေါ်လွင်စေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုမိန့်ရရှိပြီးသော်လည်း ရပ်တန့်နေသည့် လုပ်ငန်းများ လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်လုပ်ငန်းများ၊လုပ်ငန်းစတင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများရှိနေပါတယ်။ လုပ်ငန်းရှင်များက အရင်းအနှီးအခက်အခဲရှိ၍ လုပ်ငန်းမဆောင်ရွက်နိုင်ခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်ကလိုအပ်သလိုဆောင်ရွက်ရန်ဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်း ရသည့်အတွက်ကြောင့် မစတင်နိုင်သေးသောလုပ်ငန်းများလည်းရှိပါတယ်။''ဟု ဦးအေးမင်းအောင်က ပြောသည်။

''အချို့လုပ်ငန်းများမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ရရှိပြီး MOU ၊ MOA လက်မှတ်ရေးထိုးပြီး ၅ နှစ်ကျော်ကာလရှိသည့်တိုင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်ကို တွေ့ရှိရပါတယ်။ ယင်းအခက်အခဲများကို သက်ဆိုင်ရာဝန်ကြီးဌာနများကအမြန်ဆုံးစိစစ်ဆောင်ရွက်သင့်ပါကြောင်း'' ဦးအေးမင်းအောင်က ဆက်လက်ပြောကြားသည်။

'' နိုင်ငံခြားချေးငွေများရရှိပြီးသော်လည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိသေးပါက ချေးငွေ များကို ပြန်လည်အပ်နှံရမည့် အခက်အခဲများကို ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများရင်ဆိုင်ရဖွယ်ရှိပါတယ်။ တဖန် နိုင်ငံတော်အတွင်းမှာ ရင်းနှီးမြှုပ်နှံခွင့်ရရှိထားသည့် နိုင်ငံခြားချေးငွေကို အခြားနိုင်ငံများသို့ ရောက်ရှိသွားသည့် သာဓကများလည်းရှိပါတယ်။ ၎င်း အခြေအနေများကို စဉ်းစားသုံးသပ်ပြီး သက်ဆိုင်ရာဝန် ကြီးဌာနများက စောနိုင်သမျှ စောလျင်စွာ အမြန်ဆုံးဆောင်ရွက်သင့်ပါကြောင်း တင်ပြပါတယ်။”ဟု ၎င်းက ဆိုသည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service