မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
578 Views

မြန်မာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရထုတ်ပြန်

မြန်မာနိုင်ငံ၏လူဦးရေ ထက်ဝက်ခန့်သည် အိမ်ရာချို့တဲ့မှု နှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည့် ‘ မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝ ဖူလုံရေး ’ စာတမ်း၌ ဖော်ပြသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အခြေခံပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းရေးသားသည့် ယင်းစာတမ်းတွင် အိမ်ရာကဏ္ဍအပါအဝင် အဓိကအုပ်စုခြောက်ခုခွဲခြားပြုစုခဲ့သည်။

ယင်းအဓိကအုပ်စုများတွင် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ရေနှင့် မိလ္လာ၊ အိမ်ရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများပါဝင် ပြီး အိမ်ရာချို့တဲ့မှု အများဆုံးဖြစ်ခဲ့ကာ ချို့တဲ့မှုအနည်းဆုံးမှာ ကျန်းမာရေးအုပ်စုဖြစ်ကြောင်း အဆိုပါစာတမ်းက ဆိုသည်။

ချို့တဲ့မူအညွှန်းကိန်းဖော်ပြချက်များအရ နိုင်ငံလူဦးရေ၏ ၄၈ ဒသမ ၈ ရာခိုင်နှုန်းသည် အိမ်ရာ ချို့တဲ့မှုနှင့် အများဆုံးကြုံတွေ့နေရကာ ကျန်းမာရေးချို့တဲ့မှုသည် ၁၂ ဒသမ ၁ ရာခိုင်နှုန်းရှိနေသည်။

ထို့အပြင် အိမ်အသုံးအဆောင်ပစ္စည်းချို့တဲ့မှုသည် နိုင်ငံလူဦးရေ၏ ၄၁ ဒသမ ၅ ရာခိုင် နှုန်း၊ ရေနှင့် မိလ္လာချို့တဲ့မှုသည် ၄၁ ဒသမ ၄ ရာခိုင်နှုန်း၊ အလုပ်အကိုင်ချို့တဲ့မှု ၄၁ ဒသမ ၂ ရာခိုင်နှုန်း၊ ပညာရေးချို့တဲ့မှု ၃၁ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက် စာတမ်းတွင် ဖော်ပြထားသည်။

ယင်းအဓိကအုပ်စု ခြောက်စုတွင် ကျန်းမာရေးချို့တဲ့မှု အဖြစ်အနည်းဆုံးဟု တွေ့ရှိရသော် လည်း သန်းခေါင်စာရင်းရလဒ်များဖြစ်သည့် မသန်စွမ်းမှုနှင့် သေနှုန်းညွှန်းကိန်း မြင့်မားမှုများကို တစ်စိတ်တစ်ပိုင်း ထင်ဟပ်သဖြင့် သတိပြုရန်လိုအပ်ကြောင်း ထောက်ပြရေးသားထားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၁၆ ရာခိုင်နှုန်းသည် မည်သည့်အညွှန်းကိန်းတွင်မျှ ပါဝင်ခြင်းမရှိဘဲ လူဦးရေ၏ ၈၄ ရာခိုင်နှုန်းက အနည်းဆုံးအညွှန်းကိန်းတစ်ခုတွင် ချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ဆက်လက်ဖော်ပြထားသည်။

အဆိုပါ လူဦးရေ ၈၄ ရာခိုင်နှုန်းအနက် ၁ ဒသမ ၂ ရာခိုင်နှုန်း မှာ အဓိကအုပ်စု ခြောက်ခုစလုံး တွင် ချို့တဲ့မှု ခံစားနေရကြောင်း လည်းဆိုသည်။

‘‘သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရတွေအနေနဲ့ ဒီအချက်အလက်တွေကို ကြည့်ပြီးတော့မှ ကိုယ့်ဒေသမှာ ဘယ်မြို့နယ်တွေကို ဘယ်အချက်လေးတွေ အားနည်းနေတာကို သိရှိပြီးတော့မှ ရှေ့ဆက်လက်ဆောင်ရွက်မယ့် စီမံချက်တွေမှာ အားနည်းနေတာတွေကို အားသာအောင် ဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးဟာ ဘက်စုံညီညွတ်မျှတစွာ တိုးတက်လာရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်’’ ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ယင်းစာတမ်းထုတ်ပြန်ရခြင်း နှင့် ပတ်သက်၍ ပြောသည်။

အဆိုပါ ‘ မြန်မာနိုင်ငံရှိ ရှုထောင့်နယ်ပယ်စုံ လူမှုဘဝဖူလုံရေး ’ စာတမ်းသည် ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အခြေခံ၍ ထုတ်ပြန်သည့် ၁၄ စောင်မြောက် စာတမ်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လူဦးရေသည် ဒီဇင်ဘာ ၃ ရက်အထိ ၅၄ သန်း ခန့်ရှိပြီဖြစ်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service