ပြည်တွင်း ရွှေဈေး ထပ်ကျ၊ ဆက်ကျနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များ သုံးသပ် - Property News in Myanmar from iMyanmarHouse.com
1042 Views

ပြည်တွင်း ရွှေဈေး ထပ်ကျ၊ ဆက်ကျနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များ သုံးသပ်

အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးပတ်ကျော်အတွင်း ကျပ်တစ်သောင်းကျော် ကျဆင်းလျက်ရှိသောကြောင့် ယခု ရပ်ပိုင်းအတွင်း ပြည်တွင်းရွှေဈေး ဆက်လက်ကျဆင်းနိုင်ခြေရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။

“ ကမ္ဘာ့ရွှေဈေးက တစ်ရက်အတွင်း ဒေါ်လာတစ်ဆယ်လောက်ကျသွားတဲ့အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်ပြီး ကျနေတာပါ။ ဒီရက်ပိုင်းမှာတော့ အနိမ့်ပိုင်းမှာပဲ ရှိနေမယ် ”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောဆိုသည်။

ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းနေခြင်းအပြင် ပြည်တွင်း ဒေါ်လာဈေးမှာလည်း တည်ငြိမ်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အကျဘက်သို့သာ ဦးတည်နေကြောင်း တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က သုံးသပ်ပြောဆိုသည်။

ရွှေဈေးကဆင်းလျက်ရှိသော်လည်း ရွှေဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလျက်ရှိကြောင်း ရွှေဘုံသာ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၄၃၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၃၂ ဒေါ်လာနှင့် နိုဝင်ဘာလ ၂၈ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၀၂၉၀၀၀ ကျပ်၊ ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၂၁၂ ဒေါ်လာပေါက်ဈေးရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

Upcoming Property Events

bkk-projects
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service