အမည်ပေါက်မဟုတ်တဲ့ အိမ်ခြံမြေ ၀ယ်မယ်ဆိုရင် - Property Knowledge in Myanmar from iMyanmarHouse.com
1294 Views

အမည်ပေါက်မဟုတ်တဲ့ အိမ်ခြံမြေ ၀ယ်မယ်ဆိုရင်

Knowledge | Posted by Si Thu Aung

အမည်ပေါက်မဟုတ်တဲ့ အိမ်ခြံမြေ၀ယ်ယူတဲ့ အခါမှာ ရောင်းမှား၊ ၀ယ်မှား မဖြစ်အောင် ၀ယ်သူအနေနဲ့ အလိမ်မခံရအောင် ငွေချေတာကအစ သတိပြုသင့်ပါတယ်။

ကိုယ်ဝယ်ယူမယ့် မြေ၊ တိုက်ခန်းတို့ရဲ့ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှု စစ်ဆေးပြီးတာနဲ့ ၀ယ်ယူဖို့ ဈေးညှိနှိုင်းကြပါတယ်။ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုစစ်ဆေးတဲ့အခါမှာ မှန်ကန်တယ်ဆိုပေမယ့် တချို့က အမွေဆိုင်နဲ့ အတုဖြစ်နေတာမျိုးတွေ ရှိနေတာကြောင့် ငွေကို အများကြီးပေးချေလိုက်တာ၊ ငွေအကျေ ချေလိုက်တာမျိုး မပြုလုပ်သင့်ပါဘူးလို့ အကျိုးဆောင် ရှေ့နေတချို့က ပြောပါတယ်။

စရန်စာချုပ်မှာ စရန်ငွေကို တစ်ဝက်ပဲ ပေးသင့်တယ်။ စပြီးငွေပေးချေတဲ့ အချိန်ကနေ ရောင်းတဲ့သူက မြေကွက်အမည်ပေါက်ဖို့ အတွက် လုပ်ဆောင်ရမှာပါ။ ရောင်းသူနဲ့ အမည်ရရှိပြီးတာနဲ့ ကျန်တဲ့ငွေတ၀က်ကို ၀ယ်သူက ထပ်ပြီးပေးဆောင်ရမယ်။ ရောင်းသူကအရောင်းအ၀ယ် ပြုလုပ်နိုင်ဖို့ မြေပုံ၊ မြေရာဇ၀င်ရရှိရေးကို လုပ်ဆောင်ရမှာ ဖြစ်တယ်။ အရောင်းအ၀ယ် ပြုလုပ်ဖို့ မြေပုံနဲ့ မြေရာဇ၀င်ရရှိတာနဲ့ ၀ယ်သူက ငွေအားလုံး ပေးချေလို့ ရပါပြီ။

ငွေပေးချေတဲ့ နေ့မှာပဲ ရောင်းသူက၀ယ်သူအတွက် မှတ်ပုံတင်စာချုပ်ကြီး ပြုလုပ်ချုပ်ဆိုပေးရမှာပါ။ ပြီးတာနဲ့ ၀ယ်သူလက်ထဲကို မြေ၊ အိမ်နဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းအကုန် ပေးအပ်ရမှာ ဖြစ်ပါတယ်။ သည်လို ပြုလုပ်ရမယ့် အဆင့်ဆင့်ကို စရန်စာချုပ်ချုပ်ဆို ကတည်းက စာချုပ်အတွင်းမှာ တစ်ခါတည်းရေးသားပြီး ချုပ်ဆိုမှသာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အငြင်းပွားစရာမလိုဘဲ အဆင်ပြေတဲ့ နည်းတခုပါလို့ သိရပါတယ်။

တချို့က အခုလို ပုံစံမျိုးမဟုတ်ဘဲ ငွေပေးချေကြတာကြောင့် အမွေဆိုင်ဖြစ်နေတာမျိုး၊ စာရွက်စာတမ်းအတု ဖြစ်နေတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ သည်နောက်ပိုင်း ၀ယ်သူတွေက နိုင်ငံပိုင်သတင်းစာတွေကနေ စရန်ငွေပေးပြီးတာနဲ့ ကန့်ကွက်နိုင်ကြောင်း ထည့်သွင်းကြော်ငြာတယ်လို့ သိရပါတယ်။

 

Credit: Aye Mon (MD)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service