ကန်ဘဲ့တာဝါ ပရောဂျက် စတင်မိတ်ဆက် - Property News in Myanmar from iMyanmarHouse.com
1300 Views

ကန်ဘဲ့တာဝါ ပရောဂျက် စတင်မိတ်ဆက်

အခန်းအရေအတွက် ၅၂ဝ ခန်း ၊ကားအစီးရေ ၆၂၅ စီးရပ်နား နိုင်မယ့် ကားပါကင်ပါဝင်မယ့် ရန်ကုန်မြို့ ပထမဦးဆုံးသော စမတ်ကွန်ဒိုမီနီယမ်ဖြစ် တဲ့ Kanbae Towers Project စီမံကိန်း ကို သည်ကနေ့ စတင်မိတ်ဆက်ပါတယ်။

အဆောက်အအုံတွေက အထပ်မြင့် ၂၅ ထပ် သုံးလုံး၊ အထပ်မြင့် ၂၁ ထပ် တစ်လုံးတို့ပါဝင်မယ်လို့ သိရပြီး သည်စီမံကိန်းမှာ အဆောက်အအုံ Tower A' Tower B' Tower C နဲ့ Tower D ဆိုပြီး အဆောက်အအုံများခွဲခြားသတ်မှတ်ထား ရှိပြီး အဆောက်အအုံလေးလုံး ဆောက် လုပ်သွားမယ်လို့ သိရပါတယ်။

“ပရောဂျက်တွေ များလာချိန်မှာ ဝယ်ယူမယ့်သူတွေအတွက် မပြီးစီးခင် ပြသထားတဲ့အတွက် သူတို့နေရမယ့်နေရာ မှာ ဘယ်လိုပုံစံနဲ့ရမလဲဆိုတဲ့ မြင်ကွင်းကို မြင်ရမယ်၊ နောက်ပြီး နေရမယ့်အခန်းမှာ ဘယ်လိုဝန်ဆောင်မှုတွေပါမယ်၊ ဘယ်လို ပရိဘောဂတွေနဲ့ သင့်တော်မယ်ဆိုတာ တွေသိရှိအောင် စီစဉ်ပေးတာပါ”လို့ ကန်ဘဲ့တာဝါ ကွန်ဒိုပရောဂျက်ရဲ့ Sale & Marketing Director ကိုရာဇာဖြိုးက ပြောပါတယ်။

သည်အခန်းတွေရဲ့ဈေးနှုန်းကတော့ တစ်ပေပတ်လည်ကို ကျပ် ၂၃၀,ဝဝဝ ကနေ ၂၈၀,ဝဝဝ အထိရှိပြီး အခန်းတန်ဖိုး ကျပ်သိန်း ၁ဝဝဝ ကျော်ကနေ သိန်း ၃ဝဝဝ ဝန်းကျင်ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။

ဝယ်ယူမယ့်သူတွေအနေနဲ့ အခန်းတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို တစ်နှစ်အတွင်းငွေချေရုံနဲ့ နေထိုင်ခွင့်ရရှိမှာဖြစ်သလို ကျန်ရှိတဲ့ငွေတွေကို အတိုးမဲ့ သုံးနှစ်ခွဲပေးသွင်းနိုင်တယ်လို့ ဆိုပါတယ်။

ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူမယ့်သူတွေအနေနဲ့ ကမ္ဘောဇဘဏ်၊ ရိုးမဘဏ်၊ ဧရာဝတီဘဏ်တို့ကနေချိတ်ဆက်ပြီး ၁၅ နှစ် အရစ်ကျနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စီမံကိန်းတစ်ခုလုံးရဲ့ အကြမ်းထည်တည်ဆောက်မှု ၈၀ ရာခိုင် နှုန်းကျော်ပြီးစီးနေပြီး ကွန်ဒိုအခန်းတွေကို ၇၀ ရာခိုင်နှုန်းအထိ ရောင်းချပြီးစီးနေပြီ လို့ ဆိုပါတယ်။

ကန်ဘဲ့တာဝါ အဆင့်မြင့် ကွန်ဒိုစီမံကိန်းအိမ်ရာတစ်ခုလုံးမှာ ဝိုင်ဖိုင်တပ်ဆင် ထားတာ၊ အဆင့်မြင့်လေအေးပေးစက်နဲ့ လိုက်ကာတွေကို တပ်ဆင်ထားတာ၊ အဆင့်မြင့် လက်ဗွေလျှို့ဝှက်စနစ်သော့ပါဝင်တာ၊ လူနေအိမ်ခန်းတွေအတွင်းမှာ စကားအပြန်အလှန်ပြောဆိုနိုင်တဲ့ ရုပ် မြင်ကင်မရာ ပါဝင်တပ်ဆင်ထားတာနဲ့ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ် ရေသန့်စက်တွေကို တပ်ဆင်အသုံးပြုထား တယ်လို့ဆိုပါတယ်။

ကန်ဘဲ့တာဝါစီမံကိန်းကို နှစ် ၆၀ မြေဂရန်အမျိုးအစားပေါ်မှာတည်ဆောက်ထားပြီး ကွန်ဒိုတစ်ခုမှာပါဝင်ရမယ့် ဈေးဝယ်စင်တာ၊ရေကူးကန်၊အားကစားခန်းမ၊ ပန်းခြံနဲ့ အနားယူအပန်းဖြေနိုင်တဲ့နေရာတွေကို တစ်နေရာတည်းမှာရရှိနိုင်မှာ ဖြစ်ပါတယ်။

ကန်ဘဲ့တာဝါပရောဂျက်ကို ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခု နှစ် နှစ်ကုန်မှာ ပြီးစီးမယ်လို့ခန့်မှန်းထားတယ်လို့ သိရပါတယ်။

 

Credit:  The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service