ပင်လယ်ဘက်မြင်ကွင်းမကွယ်ပျောက်စေရန် အထပ်မြင့်အဆောက်အအုံများခွင့်မပြုတော့ - Property News in Myanmar from iMyanmarHouse.com
711 Views

ပင်လယ်ဘက်မြင်ကွင်းမကွယ်ပျောက်စေရန် အထပ်မြင့်အဆောက်အအုံများခွင့်မပြုတော့

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်အထပ်မြင့်အဆောက်အအုံတည်ဆောက်မှုများပြားလာသောကြောင့် မြို့၏အထင်ကရ သမိုင်းဝင်စေတီနှစ်ဆူဖြစ်သော လေးကျွန်း ဆီမီးစေတီတော်ကြီးနှင့် ဗူးဘုရားမှ ပင်လယ်ဘက်မြင်ကွင်းမကွယ်ပျောက်စေရန် အထပ်မြင့်အဆောက်အအုံများခွင့်မပြုတော့ကြောင်း မြိတ်မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရသည်။

စေတီတော်ရင်ပြင်မှပင်လယ်ပြင် အလှမြင်ကွင်းမကွယ်စေရန်နှင့် ကုန်းမြေများ၏ မြေလွှာ မထိခိုက်စေရေးအတွက် ကမ်းနားဘက်ခြမ်း မျက်နှာစာသတ်မှတ်ဧရိယာများတွင်အမြင့် ၇ဝ ပေနှင့် ၅ဝ ပေအောက်အဆောက်အအုံများသာ တည်ဆောက်ခွင့်ပြုတော့မည်ဖြစ်ကြောင်းသိရသည်။

"မြို့နေလူထုများ ဝိုင်းဝန်းထိန်းသိမ်းရမှာဖြစ်လို့ နိုဝင်ဘာလ ၁၃ ရက်တွင် သတ်မှတ်လိုက်တာပါ။အဆောက်အအုံအမြင့် တည်ဆောက်ခွင့်မပြုတာကို သက်ဆိုင်ရာဌာနများ၏ ရပ်ကွက်၊ကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးတွေကို ဖြန့်ဝေပေးသွားမှာပါ။ဒီနေရာမှာ ယခင်ကဆောက်ထားတဲ့ ပေ ၈ဝ၊၉ဝ အဆောက်အအုံခုနှစ်လုံးရှိတယ်။ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ ဆွေးနွေးပွဲများလုပ်သွားမှာပါ" ဟု သိရသည်။

လေးကျွန်းဆီမီးစေတီတော် ၏သတ်မှတ်ဧရိယာသည် သာကေတရပ်ကမ်းနားလမ်းတြိဂံမှ ဆိပ်ငယ်ဗောတံတားအထိနှင့် ကန်ကြီး (ဃ) လမ်းမှ လွတ်လပ်ရေးကျောက်တိုင်အထိ ဧရိယာအပိုင်းကို ပေ ၇ဝ ထက်မမြင့်သော အဆောက်အဦးများသာ တည်ဆောက်ခွင့်ပြုပေးမည်ဖြစ်ပြီး ဗူးဘုရားစေတီ၏ သတ်မှတ်ဧရိယာမှာ ဆိပ်ငယ်ဗောတံတားမှ နောက်လယ်ဗောတံတားအထိနှင့် လွတ်လပ်ရေးကျောက်တိုင်မှ နောက်လယ် (၁)လမ်းအထိ ဧရိယာအပိုင်းကို ပေ ၅ဝ ထက်မမြင့်သော အဆောက်အအုံများသာ တည်ဆောက်ခွင့်ပြုပေးသွားမည်ဖြစ်ကာ မြို့နာရီစင်အောက်ခြေကို Zero Level သတ်မှတ်ထားကြောင်းသိရသည်။

အထပ်မြင့်အဆောက်အအုံများခွင့်မပြုရေးအတွက် စေတီတော် ဂေါပကအဖွဲ့၊မြို့မိမြို့ဖများ၊မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းခွဲ (မြိတ်)မှ အင်ဂျင်နီယာအဖွဲ့များ၊စည်ပင်သာယာရေးအဖွဲ့ များ အားလုံး၏ ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service