မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး မန္တလေးမြို့တွင် ကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
1392 Views

မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး မန္တလေးမြို့တွင် ကျင်းပမည်

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ လာမည့် ၂ဝ၁၈ ခုနှစ် ၊ ဒီဇင်ဘာလ ၇ ၊ ၈ ၊ ၉ ရက် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ) နေ့များတွင် “ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး ” ကို မန္တလေးမြို့ ၊ ကျုံးကြီးအရှေ့ရှိ မြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အရောင်းပြပွဲကြီးကို KBZ Bank မှ Main Sponsor အဖြစ်လည်းကောင်း၊ Golden City ၊ Euro Nippon မှ Diamond Sponsor များအဖြစ်လည်းကောင်း ၊ Yone Min Construction ၊ Kangyi Paradise မှ Gold Sponsor များအဖြစ်လည်းကောင်း ၊ Yoma Bank ၊ CB Bank ၊ KBZ Bank တို့မှ Official Banking Partner များအဖြစ်လည်းကောင်း အဓိကပါဝင်ပြသပြီး အခြားအိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ( ၄၀ ) ကျော်တို့မှ ပါဝင်ပြသမည်ဖြစ်သည်။

ပြပွဲအတွင်း ပါဝင်ပြသကြမည့် ကုမ္ပဏီများမှ မန္တလေး ၊ ရန်ကုန် ၊ တောင်ကြီး ၊ ပုသိမ် နှင့် ဘန်ကောက်မြို့ များရှိ သိန်း ၁၀၀ ကျော်မှ စတဲ့ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းနှင့် မြေကွက်များကို အမျိုးအစားစုံလင်စွာ အထူးလျှော့ဈေးနှုန်းများ ၊ အရစ်ကျစနစ်များ ၊ ဘဏ်ချေးငွေများဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပြပွဲအတွင်း အိမ်ရာချေးငွေများကို တထိုင်တည်း လျှောက်ထားနိုင်ရန် စီစဉ်ထားရှိမည်ဖြစ်သည်။ ပွဲကျင်းပမည့်ရက်များတွင်နံနက် (၁၀) နာရီ မှ ည (၇) နာရီ အထိ မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာဝယ်ယူနိုင်မည် ဖြစ်သည်။ အိမ်ခြံမြေအကြောင်းသိကောင်းစရာများကို (၃) ရက်တိုင်တိုင်ဆွေးနွေးဟောပြောသွားမည် ဖြစ်သည်။

“ ကျွန်တော်တို့ iMyanmarHouse.com မှ ကြီးမှူးပြီး မန္တလေးမှာကျင်းပမဲ့ အိမ်ခြံမြေအရောင်းပြပွဲကြီးမှာ မန္တလေးမြို့  မဟာအောင်မြေ ၊ ချမ်းအေးသာစံ ၊ အောင်မြေသာစံ ၊ ချမ်းမြသာစည် ၊ ပုသိမ်ကြီးမြို့နယ်များမှာရှိတဲ့ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်းတွေ ပါဝင်ပါမယ်။ ရန်ကုန်ကဆိုရင်လည်း မြို့ နယ်စုံက တိုက်ခန်းတွေ ၊ မီနီကွန်ဒိုတွေ ၊ ကွန်ဒိုတွေပါပါမယ်။ တောင်ကြီးနဲ့ ပုသိမ်မြို့ တွေက စီမံကိန်းတွေလည်း ပါပါမယ်။ ဘန်ကောက်က အသင့်ဆောက်ပြီး ကွန်ဒိုတွေလည်း ပါဝင်ရောင်းချမှာပါ။ ဈေးအားဖြင့်လည်း သက်သာတယ်။ အမျိုးအစားလည်း စုံအောင် စီစဉ်ပေးထားပါတယ်။ ပွဲရက်အတွင်းဝယ်ယူသူတိုင်းကို ရေခဲသေတ္တာ၊ ဆိုင်ကယ်၊ အဲကွန်းများ မဲဖောက်ပေးမှာမို့ ဒီပွဲကို ဆက်ဆက်လာပြီး အားပေးကြဖို့ ဖိတ်ခေါ်ပါတယ် " ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားသွားခဲ့သည်။ မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့်လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး (မန္တလေး)

ကျင်းပမည့်ရက် - ၇ ရက် မှ ၉ ရက်၊ ဒီဇင်ဘာလ ၂၀၁၈ (သောကြာ ၊ စနေ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် - မနက် ၁၀ နာရီ မှ ည ၇ နာရီအထိ

ကျင်းပမည့်နေရာ - မန္တလေးမြို့တော်ခန်းမ ၊ မန္တလေးမြို့။ (မန္တလေးကျုံးကြီးရှေ့)

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09-42570 8811~3 သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

www.imyanmarhouse.com/expo-mandalay တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service