မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်သည့်ဥပဒေ အမြန်အကောင်အထည်ဖော်မှု ရပ်ဆိုင်းရန် အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
692 Views

မြေလွတ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်သည့်ဥပဒေ အမြန်အကောင်အထည်ဖော်မှု ရပ်ဆိုင်းရန် အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကို အစိုးရက စတင်အကောင်အထည်ဖော်ခြင်း ကြောင့် နိုင်ငံတစ်ဝန်း မြေဧကသန်း ၅၀ ခန့်ကို သက်ရောက်မှုရှိ ပြီး နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံခန့် အသက်မွေးဝမ်းကျောင်း ထိခိုက်နစ်နာမှုများ ရှိနိုင်သည်ဆိုကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၄၁ ခုက ကန့်ကွက်ခဲ့သည်။

ထိုသို့ ကန့်ကွက်တင်ပြလွှာ ကို အမျိုးသားမြေအသုံးချမှု ကောင်စီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့် ခွဲရေးကော်မတီ ဥက္ကဋ္ဌအပါအဝင် အစိုးရနှင့် လွှတ်တော်ဌာန ၁၁ ခုသို့ လိပ်မူ၍ နိုဝင်ဘာ ၁၆ ရက်စွဲ ဖြင့် ပေးပို့ခဲ့သည်။

ပေးပို့သည့် တင်ပြလွှာတွင် အငြင်းပွားဖွယ် မြေယာတောင်း ဆိုမှုများ ဖြေရှင်းရန်နှင့် မြေမဲ့ယာ မဲ့ နိုင်ငံသားများ လျှော့ချနိုင်ရန် အစိုးရ၏ ကြိုးပမ်းချက်များကို အ လေးအနက်ထား အသိအမှတ်ပြု သည်ဟု ဆိုထားသည်။

သို့သော် ပြင်ဆင်ပြဋ္ဌာန်း သည့် ဥပဒေကို လျင်မြန်စွာ အကောင်အထည်ဖော်နေခြင်းသည် မြေယာပဋိပက္ခများနှင့် နစ်နာမှု များကို ပြေလည်စေခြင်းထက် ပိုမိုတိုးပွားစေနိုင်သည့် အလားအ လာများ ရှိနေသည်ဟုဆိုသည်။ ဒေသခံပြည်သူများသည် ကျူး ကျော်အဖြစ် ကျရောက်မည်ကို လွန်စွာစိုးရိမ်သည်ဟုလည်း ဆိုထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများတွင် ကျေးလက်နေပြည် သူများ၏ ဓားမဦးချ အသုံးပြုမြေ များ ပါဝင်နေကြောင်း မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ကိုင်ခွင့် လျှောက်ထားစေခြင်းကြောင့် ၎င်းတို့မြေများကိုပိုင်ဆိုင်ရမည့် အခွင့်အလမ်းနှင့်လက်ဆင့်ကမ်း အမွေပေးနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးရမည်ဟု ဆိုထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများကို နယ်နိမိတ်သတ်မှတ်ချက်များ ရှင်းလင်းတိကျမှု မရှိ သေးကြောင်း၊ ကျေးလက်နေ ပြည်သူများသည် မိမိတို့ အသုံးပြုနေသည့် မြေများသည် အထက်ပါ မြေအဖြစ် သတ်မှတ်ခံထားရခြင်း ရှိ၊ မရှိနှင့် လုပ်ပိုင်ခွင့်လျှောက် ထားရန် လို၊ မလိုလည်း မသိရှိ ကြောင်း တင်ပြလွှာ၌ ဖော်ပြထားသည်။

ပဋိပက္ခကြောင့် ရွှေ့ပြောင်း သူများ၏ မြေများလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် သတ်မှတ်နိုင်ခြင်းနှင့် တိုင်းရင်းသားများနေထိုင်သော တောင်ပေါ်ဒေသများတွင် မြေယာစီမံ အုပ်ချုပ်ရေးဝန်ဆောင်မှုကို လက်လှမ်းမီရယူနိုင်ခြင်းမရှိဟု အဆိုပါအဖွဲ့များက ဆိုထားသည်။

ထို့ကြောင့် ဥပဒေအကောင် အထည်ဖော်ရန် ဆောင်ရွက်နေမှု ကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ပုဂ္ဂလိကကဏ္ဍအတွက် မြေလွတ်၊ မြေ လပ်နှင့် မြေရိုင်းများ ခွဲဝေချထား မှုကိုလည်း ရပ်ဆိုင်းရန် တောင်း ဆိုထားသည်။

စက်တင်ဘာ ၁၁ ရက်တွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ စီမံခန့်ခွဲရေးဥပဒေကို ပြင် ဆင်၍ ပြဋ္ဌာန်းပြီးဖြစ်ရာ ခွင့်ပြုမိန့် မရဘဲ လုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကို ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီးချိန် မှ ခြောက်လအတွင်း ပြန်လည် လျှောက်ထားရမည်ဟု အစိုးရက ထုတ်ပြန်ကြေညာသည်။

အကယ်၍ လျှောက်ထား ဆောင်ရွက်ခြင်းမရှိလျှင်ဖြစ်စေ၊ ခွင့်ပြုမိန့်မရလျှင်ဖြစ်စေ လက်ရှိ လုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းသည် သိမ်းယူ ခြင်း၊ ဖယ်ရှားခြင်းခံရမည်ဟု ဆို ထားသည်။

‘‘ဥပဒေဘောင်နဲ့ အုပ်ချုပ်တဲ့ အစိုးရဖြစ်နေလို့ ဥပဒေဘောင်ဝင်အောင် ပြန်လုပ်တာပါ’’ဟု ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦး က အစိုးရထုတ်ပြန်ချက်နှင့်ပတ် သက်၍ ပြောသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service