နိုင်ငံခြားဘဏ်များ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ နှစ်မျိုးစလုံး ထုတ်ချေးနိုင် - Property News in Myanmar from iMyanmarHouse.com
1372 Views

နိုင်ငံခြားဘဏ်များ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ နှစ်မျိုးစလုံး ထုတ်ချေးနိုင်

ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုထားသော နိုင်ငံခြားဘဏ်များအနေဖြင့် ငွေထုတ်ချေးရာတွင် ဒေါ်လာ နှင့် ကျပ်ငွေနှစ်မျိုးလုံး အသုံးပြုနိုင်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ကျပ်ငွေ ချေးငွေ အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ၈ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ သတ်မှတ်ခွင့်ပြုပြီး ဒေါ်လာချေးငွေအတိုးနှုန်းကိုမူ ကန့်သတ်ထားခြင်း မရှိကြောင်း နိုဝင်ဘာလ ၁၄ ရက်က ပြုလုပ်သည့် ဗဟိုဘဏ် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းက “ခွင့်ပြုချက်အရ ဆိုရင် နိုင်ငံခြားဘဏ်ခွဲတွေက နဂိုက ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားကုမ္ပဏီတွေကို Financing (ချေးငွေ) ပေးသလို ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေကိုလည်း Financing ပေးနိုင်မှာ ဖြစ်တယ်။ Financing မှာ အမေရိကန်ဒေါ်လာနဲ့ ပေးနိုင်တဲ့ ချေးငွေရှိတယ်။ ဒုတိယက ကျပ်ငွေနဲ့ ပတ်သက်တဲ့ ချေးငွေနဲ့ ချေးနိုင်တယ်” ဟု ပြောသည်။

၎င်းက ဆက်လက်ပြီး “Foreign Currency Loan (နိုင်ငံခြား ချေးငွေ) အတွက်က Interest Rate (အတိုးနှုန်း)ကို မသတ်မှတ်ထားပါဘူး။ ဈေးကွက်လိုအပ်ချက်အရပဲ ချေးနိုင်ပါတယ်။ နောက်တခုက ဘာလဲဆိုရင်ဆက်စပ်တဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ပေးနိုင်တယ်” ဟု ဆိုသည်။

ဆက်စပ်သော လုပ်ငန်းများဆိုသည်မှာ LC (Letter Of Credit) ဖွင့်ခြင်းကဲ့သို့သော ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆိုလိုခြင်း ဖြစ်သည်။ Letter of Credit ဆိုသည် မှာ ဘဏ်တခုနှင့်တခုအချက်အလက် ပြည့်စုံလျှင် ငွေလွှဲတန်ဖိုးအရ ပေးချေရန် ကတိကဝတ် ပြုသည့် ငွေလွှဲစာတမ်းဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများတွင် ငွေပေး ငွေယူကိစ္စများအား ဘဏ်မှတဆင့် ပြုလုပ်ခြင်း ဖြစ်သည်။

“သူတို့ကို ကျနော်တို့ မပေးတဲ့အချက်က ၂ ချက်ပဲ ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျပ်ငွေနဲ့ ပတ် သက်တဲ့ fixed deposit (ပုံသေအပ်ငွေ) တွေကို လက်ခံလို့ မရဘူး။ အဲဒီအပေါ်မှာ အတိုးလည်း ပေးလို့မရဘူး။ ဒါကိုပဲ ကျနော်တို့ ကန့်သတ်ထားတယ်” ဟု ဦးစိုးသိန်းက ရှင်းပြသည်။

ချေးငွေအာမခံအဖြစ် မြေယာနှင့် အဆောက်အအုံများကို လက်ခံခွင့်မရှိဘဲ ရွှေနှင့်ငွေတိုက်စာချုပ် ကဲ့သို့သော နိုင်ငံတကာစံနှုန်းအရ ချေးငွေပေးရန် လက်ခံနိုင်သည့် ကျန်ပစ္စည်းအားလုံးအား အာမခံခွင့်ရှိသည်ဟု သိရသည်။

နိုင်ငံခြားဘဏ်မျာအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင်းနှီးမတည်ငွေ ရရှိနိုင်မှု အခွင့်အရေး တိုးမြှင့်ရန် ရည်ရွယ်ချက် ဖြင့် ချေးငွေဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ဗဟိုဘဏ်က ကြေညာထားသည်။

ဗဟိုဘဏ် ဒုဥက္ကဋ္ဌတဦးဖြစ်သူ ဦးဘိုဘိုငယ်ကလည်း “စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ နိုင်ငံခြား ဘဏ်က ချေးငွေရရှိဖို့ဆိုတာ ပြည်တွင်းဘဏ်က ချေးငွေရရှိဖို့ထက် ၁၀ဆ ပိုပြီး ခက်ခဲပါတယ်။ ဒါကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ချေးငွေရဖို့ ဆိုရင် သေသေချာချာ ပြင်ဆင်ပြီးတော့ လုပ်ဖို့က အဓိကအရေးကြီးဆုံးဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ၂၀၁၄ ခုနစ်အတွင်း ပြည်တွင်း၌ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲဖွင့် လှစ်ခွင့်ကို စတင်ခွင့်ပြုခဲ့ပြီး လက်ရှိတွင် တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းအခြေစိုက်ဘဏ်များ အပါအဝင် နိုင်ငံခြား ဘဏ် ၁၃ ခုက ဘဏ်ခွဲများ ဖွင့်လှစ်ထားသည်။

ထို့ပြင် လာမည့် ၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်း၌ နိုင်ငံခြားဘဏ်ခွဲများ လာရောက်ဖွင့်လှစ်ခြင်းကို ထပ်မံခွင့်ပြုသွား မည်ဟုလည်း ဗဟိုဘဏ်ထံမှ သိရသည်။

 

Credit:  irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service