အိမ်ရွေးနည်း မမှားစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
4748 Views

အိမ်ရွေးနည်း မမှားစေဖို့

Knowledge | Posted by Si Thu Aung

မိမိနေထိုင်တဲ့ အိမ်ရဲ့ တည်နေရာ ၊မျက်နှာမူတဲ့အရပ်မျက်နှာပေါ်မူတည်ပြီး ဘယ်လိုဆိုးကျိုးတွေရှိသလဲ?ပြီးတော့ရော ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ?သင်စဉ်းစားဖူးပါသလား?

ရှောင်ရှားသင့်တဲ့ အိမ်တွေကို ရှောင်ရှားပြီး ကိုယ်နေထိုင်တဲ့ အိမ်လေးကို မင်္ဂလာရှိအောင်လို့ သင့်ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုအိမ်မျိုးနဲ့ နေသင့်လဲ။ဘယ်လိုအိမ်မျိုးကို ရှောင်ရှားသင့်သလဲဆိုတာကို သိရှိရအောင်လို့ စာလေးကို ဆက်ဖတ်လိုက်ရအောင်။

မိမိအိမ်၏နောက်ဘက်တွင်အနည်းငယ်မြင့်သောကုန်းကမူရှိပါစေသို့မဟုတ်သစ်ပင်အုပ်တစ်ခုခုသော်လည်းကောင်းပိုမြင့်သောအိမ်ကိုလည်းကောင်းရှိရမည်။အိမ်ရှေ့တွင်မြေကွက်လပ်လွတ်ရှိနေသောအိမ်ကိုရှာပါ။ ကစားကွင်း သော်လည်းကောင်း ကွင်းပြင်တစ်ခုခုသော်လည်းကောင်း ဖြစ်ရမည်။

ထိုအိမ်မျိုးသည် ဖုန်းရွှေအလွန်ကောင်း၏။အိမ်ပုံစံသည် ပုံမှန်ပုံစံဖြစ်ရမည် ။ ဟိုအစွန်းထွက် ဒီအစွန်းထွက်သော အိမ်ပုံစံမျိုးထက် လေးထောင့်စပ်စပ်အိမ်ပုံစံကပိုကောင်းသည်။

လမ်းဦးတိုက်ကိုမျက်နှာချင်းဆိုင်မနေရ။လမ်းတစ်ခု၏အဆုံးသည် မိမိအိမ်၏ မျက်နှာတွင်ရှိနေပါက ထိုအိမ်တွင်မနေသင့်။ ထိုအိမ်မျိုးတွင်နေသူသည် အတိုက်အခိုက်အလွန်ခံရတက်၏။ သို့သော်သင့်အိမ်ကလမ်းထက်ပိုမြင့်နေပါကပြဿနာမတက်နိုင်ပါ။အိမ်ကလမ်းထက်နိမ့်နေလျှင် ကားအန္တာရာယ်အလွန်ရှိ၏ ။

အိမ်အမြင့်နှစ်ခုကြားတွင် မိမိအိမ်ကပုပုနိမ့်နိမ့်လေးဖြစ်နေလျှင် အုတ်ကြားညပ် ဟုခေါ်ပြီး ထိုအိမ်မျိုးတွင်မနေသင့်ပါ ။ထိုအိမ်မျိုးတွင်နေထိုင်သူသည် အလုပ်ရှင်၏ဖိနှိပ်ခြင်းကိုလည်းကောင်းပြိုင်ဘက်များ၏အနိုင်အထက်ပြုမှုကိုလည်းကောင်း ခံရတက်၏ ။ကုစားရန်နည်းလမ်းကားရှိ၏ ။ အိမ်ရှေ့မျက်နှာစာတွင် မီးရောင်များများ ထွန်းပေးခြင်းပင်ဖြစ်၏။

မြောက်ဘက်အရပ်ကို မင်္ဂလာအရပ်ဖြစ်မျက်နှာမူပြီး ဆောက်ထားသောအိမ်များသည်အနီရောင်(သို့)အစိမ်းရောင်သုတ်သင့်သည်။တောင်ဘက်မျက်နှာမူသောအိမ်သည် အဖြူ(သို့)အပြာရောင်ရွေးရမည်။

အရှေ့နှင့်အနောက်တောင်မျက်နှာလှည့်ထားသောအိမ်သည် အပြာရောင်နှင့် သင့်လျော်၏။အရှေ့နှင့်အရှေ့တောင်မျက်နှာမူသော အိမ်များသည် အဖြူ(သို့) အစိမ်းရောင်နှင့်အဆင်ပြေ၏။

အနောက်(သို့)အနောက်မြောက်ဘက်လှည့်သောအိမ်များသည် အစိမ်း(သို့)အပြာရောင်နှင့်သင့်လျော်၏။အနောက်တောင်(သို့)အရှေ့မြောက်လှည့်သောအိမ်များသည် အဝါ(သို့)အနီရွေးရမည်။

 

Credit: : ဖုန်းရွှေ (ဟိန်းလတ်)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
bkk-projects
maha

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service