ထိုင်းနိုင်ငံ၏ အထင်ကရ ဖြစ်လာမည့် ICONSIAM Shopping Centre ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
722 Views

ထိုင်းနိုင်ငံ၏ အထင်ကရ ဖြစ်လာမည့် ICONSIAM Shopping Centre ဖွင့်လှစ်

ထိုင်းနိုင်ငံ၏ အမှတ်တံဆိပ်တစ်ခုဖြစ်လာမည့် အမေရိကန် ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံထားသော ICONSIAM Shopping Centre ကို ယခုလ ၉ ရက်က ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

စုစုပေါင်း စီမံကိန်းဧရိယာ စတုရန်းမီတာ ၇၅၀çဝ၀ဝ ရှိသည့်အနက် စတုရန်းမီတာ ၅၂၅ဝ၀ဝ အကျယ်အဝန်းရှိသည့် ဝင်းကြီးထဲတွင် ထိုင်းနှင့် နိုင်ငံတကာအမှတ်တံဆိပ် ၇ဝ၀ဝ ဝန်းကျင်ခန့် ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး တရားဝင် Apple Store Thailand ကိုလည်း ဖွင့်လှစ်ထားရှိသည်။

အဆိုပါစီမံကိန်းတွင် ရှော့ပင်းစင်တာ အဝန်းအဝိုင်း အပါအဝင် အထပ် ၇၀ နှင့် ၅၂ ထပ် အမြင့်ရှိ ကွန်ဒို အဆောက်အအုံနှစ်ခုနှင့် လာရောက်လည်ပတ်သူများ အတွက် ဆွဲဆောင်မှုရှိသည့် နေရာ ခုနစ်ခုတို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားသည်။ အဆိုပါနေရာများမှာ မိုးလုံလေလုံ ရေပေါ်ဈေး၊ ထိုင်းနိုင်ငံ၏ Mega City Project တို့အပြင် ပထမဆုံး ကမ္ဘာ့အဆင့်မီပြတိုက်တို့ ပါဝင်မည်ဖြစ်သည်။

ဖွင့်ပွဲတွင် ဒရုန်းအစင်းပေါင်း ၁၅၀ဝ ကို အသုံးပြုပြီး ထိုင်းနိုင်ငံ၏ ဇာတ်ကြောင်းများကို ကျောက်ဖယားမြစ်ရေ ပြင်မှ ကောင်းကင်သို့ သယ်ဆောင်ပုံဖော်သွားမည့် Drone Show အတွက် နည်းပညာကို Intel Technology Asia နှင့်ပူးပေါင်းပြီး ထိုင်းနိုင်ငံအလံပုံများ၊ နတ်သမီးပုံစံများကို ဒရုန်းနှင့် ပုံဖော်ပြသခဲ့သည်။

အဆိုပါIndex Creative Village Public Company Limited Thailand (ICV)က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကာ တစ်နှစ်ခွဲခန့်အချိန် ယူပြင်ဆင်ခဲ့ကြောင်ndex Creative Village ၏ ပူးတွဲ အမှုဆောင်အရာရှိချုပ် Mr. Kreingkarn Kanjanapokin ကပြောသည်။

"အခုဖွင့်ပွဲအခမ်းအနားက ထိုင်းနိုင်ငံမှာတင်မက ကမ္ဘာတစ်ဝန်းကပါ ပြောစမှတ်တွင် ကျန်ရစ်စေမယ့် ပွဲတစ်ပွဲဖြစ်လာအောင် ရည်ရွယ်ပြီး စီစဉ်ဖန်တီးထားပါတယ်။ ဒီပွဲတစ်ခုလုံးအတွက် ထိုင်းလူမျိုးတွေကို အရင်းခံတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာအားလုံးကို အခြေခံပြီး ပွဲဒီဇိုင်းတွေကို ဖန်တီးထားပါတယ်" ဟု ၎င်းက ပြောသည်

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service