မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်၍ မြို့ ရွာစီမံချက်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြု - Property News in Myanmar from iMyanmarHouse.com
462 Views

မြေလွတ်၊ မြေရိုင်းများ ဖော်ထုတ်၍ မြို့ ရွာစီမံချက်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်တွင် ဆွေးနွေးရန် အတည်ပြု

နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရေး အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန်အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး၊ ဒုတိယမြောက်ရက်တွင် ဆွေးနွေးရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုကို သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က တင်သွင်းခဲ့ပြီး “နိုင်ငံတွင် တစ်နေ့တခြား လူဦးရေ ထူထပ်များပြားလာခြင်းကြောင့် နေထိုင်ရန် နေရာအခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ စားကျက်မြေများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပြန်လည်စိစစ်ဖော်ထုတ်၍ မြို့ ရွာစီမံချက်ကို စနစ်တကျအမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးရန် အစိုးရသို့ တိုက်တွန်းကြောင်း” အဆိုဖြစ်သည်။

အစိုးရအနေဖြင့် မြေလွတ်မြေရိုင်းများကို လုပ်ပိုင်ခွင့်ပေးထားသော်လည်း အချို့က မြေကိုဦးထားရုံသာ ယူပြီး နှစ်ပေါင်းများစွာ မလုပ်ကိုင်ဘဲ ရှိနေသည်များကို စိစစ်ရုပ်သိမ်းကာ နေစရာမရှိသော ပြည်သူများကို နေထိုင် လုပ်ပိုင်ခွင့်ပြုစေသည့် နည်းဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတွင်း ကျူးကျော်ပြဿနာများရှိနေပါက မည်သည့် စီးပွားရေးလုပ်ငန်းရှင်မှ လာရောက်ရင်းနှီးမြှုပ်နှံမည်မဟုတ်သဖြင့် နိုင်ငံ၏ စီးပွားရေးနှောင့်နှေးစေနိုင်ကြောင်း ဒေါ်မာမာခိုင်က တင်ပြသည်။ “ကျမ ဒီအဆိုကို တင်ရတာဟာ ပြည်သူကြားကိုသွား၊ ပြည်သူ့အသံကို နားထောင်နေတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြည်သူတွေရဲ့အခက်အခဲကို မျှဝေခံစားရင်း အစိုးရအနေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေလည်းရှိနေတာမို့ ပြည်သူ့လွှတ်တော်ကတစ်ဆင့် ပြည်သူတွေအတွက် တင်ပြတောင်းဆိုရခြင်းဖြစ်ပါတယ်။''ဟု ဒေါ်မာမာခိုင်က ပြောသည်။

''နေစရာမရှိတဲ့ ပြည်သူတွေအတွက် ဒီအဆိုကို အလေးအနက်တင်သွင်းရခြင်းဖြစ်ပါတယ်။ နေစရာမရှိလို့ အစိုးရက သတ်သတ်မှတ်မှတ် စီမံချက်ချထားမပေးနိုင်ရင် ကျူးကျော်နေထိုင်မှုတွေ များပြားလာပြီး မလိုလားအပ်တဲ့ တရားဥပဒေချိုးဖောက်မှုတွေ၊ မြေယာပြဿနာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်မှုတွေဖြစ်လာရင် နိုင်ငံရဲ့ ငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုကို ကျောက်တန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ထောက်ခံခဲ့ ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကလည်း ကန့်ကွက်သူမရှိသဖြင့် ဆွေးနွေးရန် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌဦးတီခွန်မြတ်က လွှတ်တော်သို့ ကြေညာသည်။

ယင်းအဆိုနှင့် စပ်လျဉ်းဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက နိုဝင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Upcoming Property Events

CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service