အဆောက်အအုံ ဆောက်လုပ်နေဆဲ၌ မြေရှင် ကွယ်လွန်ခြင်း ၊ ဂရန်သက်တမ်း ကုန်သွားခြင်းများ ဖြစ်ခဲ့လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
1417 Views

အဆောက်အအုံ ဆောက်လုပ်နေဆဲ၌ မြေရှင် ကွယ်လွန်ခြင်း ၊ ဂရန်သက်တမ်း ကုန်သွားခြင်းများ ဖြစ်ခဲ့လျှင်

Knowledge | Posted by Aye Myat Thu

“ ကန်ထရိုက်တိုက်ဆောက်လုပ်နေဆဲမြေပိုင်ရှင် ကွယ်လွန်သွားရင် လုပ်ငန်းရပ်ဆိုင်းသွားပါသလားဆရာ ” ဟု မိတ်ဆွေတစ်ဦးက စာရေးဆွေးနွေးပါသည် ။

“သာမန်အားဖြင့်တော့ ဆောက်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းသွားတာတော့ မရှိပါဘူး ။ ဒါပေမယ့် နောက်ပိုင်း စစ်ဆေးလို့သိသွားရင် လူနေခွင့်ရဖို့ အခက်အခဲရှိသွားနိုင်တာပေါ့ ”

“ဆရာဆိုလိုတာက နောက်ပိုင်းကိစ္စရပ်တွေမှာ မြေပိုင်ရှင် လက်မှတ်လိုရင် အခက်အခဲရှိသွားနိုင်ပါတယ် ”

“ မှန်ပါတယ် ။တစ်ခါတစ်ရံမှာ တွေ့ရှိတတ်တာက ကန်ထရိုက်တာမှ မြေရှင်အမည်ပေါက်ရဲ့ ကိုယ်စားလှယ်လွှဲစာနဲ့ ဆက်လက်ဆောင်ရွက်နေတာမျိုးလည်း ရှိတတ်တယ် ”

“ကျွန်တော်သိထားတာက ကိုယ်စားလှယ်လွှဲစာပေးအပ်သူ ကွယ်လွန်ရင် အဲဒီကိုယ်စားလှယ်လွှဲစာ ပျက်ပြယ်သွားတယ် မဟုတ်လား ”

“ ဟုတ်ပါတယ် ။တိုင်တန်သူ ၊ အငြင်းပွားသူမရှိရင်တော့ ကွယ်လွန်သူမြေရှင်ရဲ့ ကိုယ်စားလှယ်လွှဲစာရသူက ဆက်လက်ဆောင်ရွက်သွားတာမျိုးရှိတတ်ပါတယ် ။အမှန်ကတော့ ဆောက်လုပ်နေဆဲမှာ အမွေဆက်ခံသူအနေနဲ့ မြေကွက်အမည်ပြောင်းလိုက်တာ အကောင်းဆုံးပါ ။ အခု ဘယ်လိုကိစ္စရပ်များ တွေ့နေလို့လဲ ”

“ ကျွန်တော်ကြိုပ္ပိုင့်ဝယ်ထားတဲ့တိုက်ခန်းရဲ့ မြေရှင်က ကွယ်လွန်သွားတယ်ဆရာ ၊ ဒါကြောင့် အဆောက်အအုံ ဆောက်လုပ်ခြင်းကို ထိခိုက်နိုင်သလား သိချင်လို့ပါ ”

“ ဂရန်အမည်ပေါက်က တစ်ဦးတည်းအမည်ပေါက်လား။ ပူးတွဲပိုင်ရှင် အမည်ပေါက်လား”

“ ကွယ်လွန်သူ အဘိုးကြီး အမည်ပေါက်ဆရာ ။ကိုယ်စားလှယ်စာကိုတော့ ကန်ထရိုက်တာက ရယူထားပြီး ဂရန်မူရင်းလည်း ကန်ထရိုက်တာက ရယူထားတယ် ပြောပါတယ် ”

“ ကွယ်လွန်သူမှာ ဇနီး သားသမီးမကျန်ခဲ့ဘူးလား ”

“ ဇနီးနဲ့ သားသမီးသုံးယောက်ကျန်ပါတယ် ”

“ ဇနီးဖြစ်သူ တစ်ဦးတည်းသော ဇနီးဖြစ်ကြောင်း ကျမ်းကျိန်လွှာနဲ့ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ပြုလုပ်ရန်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြေယာဌာနမှာ မြေပုံကူးယူရပါမယ် ။မြေပုံရရင်တော့ စာချုပ်စာတမ်းရုံးမှာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ကို ဇနီးဖြစ်သူက ချုပ်ဆိုရပါတယ် ။အဲဒီ စာချုပ်ရရင်တော့ ဇနီးဖြစ်သူက မြေပိုင်ရှင်ဖြစ်သွားပြီ ”

“အမည်ပြောင်းဖို့က ထပ်လုပ်ရပါသလား ”

“ ဇနီးအမည်ပြောင်းတာကတော့ သိပ်မခဲယဉ်းတော့ပါဘူး ။အမွေဆက်ခံပိုင်ဆိုင်သူဖြစ်လို့ ဂရန်အမည်ပြောင်းလျှောက်ထားရင်ရလာမှာပါ ”

“ အခွန်ဆောင်တာများရှိသေးလား ဆရာ ”

“အမြတ်ခွန် ၊ ဝင်ငွေခွန်ဆောင်ဖို့ မလိုပါဘူး ”

“ တကယ်လို့ ဆရာ ၊ မြေအမည်ပေါက်က ပူးတွဲအမည်ပေါက်ဖြစ်နေရင် ဘယ်လိုဆောင်ရွက်ရပါသလဲ ”

“အဲဒါက နှစ်ပိုင်းရှိတယ် ။ဇနီးမောင်နှံနှစ်ဦး အမည်ပေါက်ဆိုရင်တော့ တစ်ဦးကွယ်လွန်ရင် ကျန်တစ်ဦးက အမွေဆက်ခံသူဖြစ်တဲ့အတွက် ကွယ်လွန်သူရဲ့ ဝေစုကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်ပြုလုပ်ပြီး တစ်ဦးတည်းပိုင်အဖြစ်ဆက်ခံနိုင်မှာဖြစ်တယ်”

“ဒါဆိုရင် ဇနီးမောင်နှံပူးတွဲပိုင်ရှင်ကိစ္စက ခက်ခက်ခဲခဲ မရှိနိုင်ဘူးပေါ့ ”

“မှန်ပါတယ် ။နောက်တစ်မျိုးကတော့ ဇနီးမောင်နှံမဟုတ်ဘဲ မိဘနဲ့သားသမီးတစ်ဦးဦးနဲ့ဖြစ်စေ ၊ မောင်နှမနှစ်ဦးဖြစ်စေ ၊ ညီအစ်ကိုနှစ်ဦးဖြစ်စေ ၊ ပူးတွဲ အမည်ပေါက်တာမျိုးရှိတတ်တယ် ။တစ်ခါတစ်ရံမှာ ဆွေမျိုးတော်စပ်သူများ မဟုတ်ဘဲ နှစ်ဦးစပ်တူဝယ်ကာ နှစ်ဦးအမည်ပေါက်နေတာမျိုးလည်းရှိတတ်တယ် ”

“အဲဒါမျိုးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ”

“အဲဒီလို ဇနီးမောင်နှံ မဟုတ်သူတို့ နှစ်ဦးပူးတွဲပိုင်ရှင် မြေကွက်ဖြစ်ရင်တော့ ကွယ်လွန်သူ ပူးတွဲပိုင်ရှင်ရဲ့ အမွေဆက်ခံသူက ပူးတွဲပိုင်ရှင်အဖြစ် ဆက်လက်ဝင်ရောက်လာမှာ ဖြစ်တယ် ”

“ဥပမာဆိုပါတော့ ။ မောင်နှမနှစ်ဦး အမည်ပေါက်မြေကွက်မှာ ပူးတွဲပိုင်ရှင်အစ်ကိုဖြစ်သူက ကွယ်လွန်သွားရင် သူ့ရဲ့ ဇနီးက အမွေဆက်ခံသူအနေနဲ့ ပူးတွဲပိုင်ရှင်ဖြစ်လာတဲ့သဘောပေါ့ ”

“ မှန်ပါတယ် ။ဒါကြောင့် ဇနီးမောင်နံ ပူးတွဲအမည်ပေါက်ရင်တော့ အခုလို ကန်ထရိုက်တိုက် ဆောက်လုပ်တဲ့အခါမှာ အခက်အခဲမရှိနိုင်ပေမယ့် ဆွေမျိုးသားချင်း ပူးတွဲအမည်ပေါက်ရင်တော့ ဆိုင်ရာပုဂ္ဂိုလ်ရဲ့ အမွေဆက်ခံသူက အစားထိုးဝင်ရောက်လာမှာဖြစ်တဲ့အတွက် ပိုင်ဆိုင်ခွင့်ကိစ္စမှာ အငြင်းပွားမှုတွေဖြစ်လာနိုင်ပါတယ် ”

“ ဘာပဲဖြစ်ဖြစ် ဥပဒေနဲ့အညီကွယ်လွန်သူမြေရှင်ရဲ့ နေရာမှာအမွေဆက်ခံခွင့်ရှိသူကို အစားထိုးအမည်ပြောင်းထားရင်တော့ အဆင်ပြေမှာပေါ့ ”

“ မှန်ပါတယ် ။ဥပဒေနဲ့အညီ လုပ်ဆောင်ထားတာက အကောင်းဆုံးပါပဲ ”

“ တချို့ကြတော့ တိုက်အဆောက်အအုံ ဆောက်လုပ်နေဆဲမှာ ဂရန်စာချုပ် သက်တမ်းကုန်သွားတာမျိုးလည်း ရှိတတ်တယ်ပြောတယ် ။အဲဒီလို ကိစ္စရပ်မှာလည်း ဆောက်လုပ်ရေး လုပ်ငန်းကို ရပ်ဆိုင်းထားတာရသလား ”

“ ဒါကတော့ ဂရန်သက်တမ်းတိုးဖို့ မြေရှင်က သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီ မြေယာဌာနမှာ ဂရန်သက်တမ်းတိုးလျှောက်ထားရမှာဖြစ်ပါတယ် ။ ဂရန်သက်တမ်းကုန်ပြီး သက်တမ်းတိုးအသစ် လျှောက်ထားခြင်း မရှိဘဲ အဆောက်အအုံ ဆက်လက်ဆောက်ထားတာ စုံစမ်းသိရှိရင်တော့ ဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပါတယ်”

“ဘယ်လို အရေးယးခံရနိုင်တယ်ဆိုတာ ရှင်းပြပါဦး ”

“ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၁၀(ခ)မှာ မြို့တော် နယ်နိမိတ်အတွင်းမြို့တော်စည်ပင်သာယာရေး ကော်မတီက စည်းကမ်းသတ်မှတ်ပြီး ခွင့်ပြုထားသည့် မြေငှါးစာချုပ် (ဂရန်စာချုပ်)လိုင်စင် ၊ ပါမစ် သက်တမ်း ကုန်ဆုံးပြီးနောက် အသစ်ထပ်မံလျှောက်ထားယူခြင်းမရှိဘဲ လူနေထိုင်ရန်အဆောက်အအုံများ ဆောက်လုပ်လျှင် နေစဉ့် ငွေဒဏ်ကျပ်တစ်သောင်းမှ ကျပ်သုံးသောင်းအထိ ချမှတ်ရမည်လို့ ပြဠာန်းထားပါတယ် ”

“ ဒါဆိုရင် မြေငှါးဂရန်သက်တမ်းတိုးလျှောက်ထားနေစဉ်ကာလမှာ လုပ်ငန်းရပ်ထားရမယ့် သဘောပေါ့ ”

“ဒီသဘောလည်းဖြစ်သွားနိုင်ပါတယ် ။ လျှောက်ထားဆဲ ကာလမှာသက်ဆိုင်ရာ အဖွဲ့အစည်းက ဆက်လက်ဆောင်ရွက်ခွင့်ပြုတာလည်း ရှိပါတယ် ။အဓိက အချက်မှာ ဂရန်သက်တမ်းတိုးမလျှောက်ဘဲ အဆောက်အအုံဆက်လက်ဆောက်ရင်တော့ အပြစ်ဒဏ်ကျခံရမယ် ဆိုတာပဲ ဖြစ်တယ် ။ဒါကြောင့် အဆောက်အအုံ ဆောက်ရာမှာ ဥပဒေနဲ့အညီ ဆောက်လုပ်ဖို့လိုပါတယ် ” ဟု ရှင်းပြလိုက်ပါသည် ။

 

Credit: ထီးယု(ဥပဒေ အတိုင်ပင်ခံ)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service