နိုင်ငံ့ဝန်ထမ်းများအတွက် လစာ၏ ၃ဆ နှင့် ၅ဆအထိ ထုတ်ချေးရန် SMIDB ဘဏ်က ကျပ်ဘီလီယံ ၅ဝ လျာထား - Property News in Myanmar from iMyanmarHouse.com
9867 Views

နိုင်ငံ့ဝန်ထမ်းများအတွက် လစာ၏ ၃ဆ နှင့် ၅ဆအထိ ထုတ်ချေးရန် SMIDB ဘဏ်က ကျပ်ဘီလီယံ ၅ဝ လျာထား

နိုင်ငံ့ဝန်ထမ်းများကို လစာ၏ ၃ ဆ နှင့် ၅ ဆအထိ ထုတ်ချေးရန် SMIDB ဘဏ်က ကျပ်ဘီလီယံ ၅ဝ လျာထား ကြောင်း၊ ယခင်ချေးငွေရရှိထားသူနှင့် ချေးငွေအပြည့်အဝ ပြန်လည်ပေးဆပ်ထားသောဝန်ကြီးဌာနအောက်ရှိ အမှုထမ်း၊ အရာထမ်းများကို တဦးချင်းချေးငွေထုတ်ပေးမည်မဟုတ်ဘဲ အုပ်စုစနစ်ဖြင့်သာထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ချေးငွေရလိုသူသည် မိမိဌာနမှ ဝန်ထမ်း ၂ ဦး၊ မိသားစုဝင် ၁ ဦး စုစုပေါင်း ၃ ဦး၏ အာမခံထားရှိပေးရန် လိုအပ်ပြီး ပြန်လည်ပေးသွင်းငွေကို အမှုထမ်းအနေဖြင့် တလပျက်ကွက်လျှင် ၁ဝဝဝဝ၊ နှစ်လပျက်ကွက်လျှင် ၂ဝဝဝဝ၊ သုံးလ ပျက်ကွက်လျှင် ၃ဝဝဝဝ ကျပ်ကောက် ခံမည်ဖြစ်သည်။ ထို့အတူ အရာထမ်းများသည် တလပျက်ကွက်ပါက ၃ဝဝဝဝ၊ နှစ်လပျက်ကွက်ပါက ၆ဝဝဝဝ၊ သုံးလပျက်ကွက်ပါက ၉ဝဝဝဝ ကျပ် ကောက်ခံ မည်ဖြစ်သည်။

ယင်းချေးငွေကို တနှစ်လျှင် ၁ဝ ရာခိုင်နှုန်းဖြင့် လစဉ်အရင်းနှင့်အတိုး ပုံမှန် ပေးသွင်းရမည်ဖြစ်ကာ ချေးငွေသက် တမ်းမှာ တနှစ်ခွဲကာလဖြစ်ပြီး ဘဏ်မှချေးယူမည့်ပမာဏအပေါ် ကော်မရှင်ခ ၁ ဒသမ ၅ ရာခိုင်နှုန်း ဝန်ဆောင်ခအနေဖြင့် ကောက်ခံမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်က ချေးငွေများကိုလစာ၏ ၂ ဆမှ ၃ ဆအထိသာ ထုတ်ချေးခဲ့ရာမှ ယခုနှစ်တွင်အရာရှိ များကိုလစာ၏ ၅ ဆ၊ ဝန်ထမ်းများကို လစာ၏ ၃ ဆ စသည်ဖြင့် အဆတိုးမြှင့်ခဲ့ပြီး အတိုးနှုန်းကိုလည်း ၂ ရာခိုင်နှုန်းလျှော့ချခဲ့ကြောင်း သိရသည်။

SMID ဘဏ်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ၊ ပြည်၊ ပခုက္ကူ၊ မူဆယ်၊ ဘားအံ၊ မြဝတီ၊ ပုသိမ်၊ မော်လမြိုင်၊ မြင်းခြံ၊ တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း စသည့်မြို့ကြီး ၁၅ မြို့၏ ဘဏ်ခွဲ ၁၉ ဘဏ်တွင် ချေးငွေများကိုထုတ်ချေးလျက်ရှိသည်။

 

Credit: News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service