ဝါကျွတ်ကာလတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ အငှားဈေးကွက်ပြန်သွက်လာ - Property News in Myanmar from iMyanmarHouse.com
991 Views

ဝါကျွတ်ကာလတွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ အငှားဈေးကွက်ပြန်သွက်လာ

ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အနေနဲ့ ဆင်ခြေဖုံးမြို့နယ်ရပ်ကွက်များတွင် ပိုမိုသွက်လာလျက်ရှိသည်။ ဆင်ခြေဖုံးရပ်ကွက်ဒေသများတွင် ပျဉ်ထောင်အိမ်အခန်း ငှားရမ်းခဈေးနှုန်းများမှာ နေအိမ်နှင့် ရပ်ကွက်ကောင်းမွန်မှုနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများအရ အိမ်ခန်းတစ်ခန်းလျှင် ငွေကျပ် ငါးသောင်း၊ ခြောက်သောင်းဝန်းကျင်ရှိနေပြီး တိုက်ခန်းဈေးနှုန်းများမှာ တစ်ခန်းလျှင် ငွေကျပ် တစ်သိန်းမှ တစ်သိန်းခွဲ အထိရှိနေကြောင်း သိရသည်။

အငှားဈေးကွက်သွက်လက်နေသကဲ့သို့ အရောင်းအဝယ်ဈေးကွက်လည်းနေရာအချို့၌ အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ အရောင်းအဝယ်ဈေးကွက်များတွင် ကိုယ်တိုင်နေထိုင်သူများမှာ ငွေကျပ် သိန်းငါးဆယ်မှ သိန်းနှစ်ရာအတွင်း မြေကွက်များနှင့် နေအိမ်များကို ဝယ်ယူမှုများ ရှိနေသည်။

အဆိုပါ ငွေကျပ် သိန်းငါးဆယ်မှ ငွေကျပ် သိန်းနှစ်ရာ တန်မြေကွက်နှင့် နေအိမ်များမှာ (၂၀၁၄)ခုနှစ် အိမ်ခြံမြေ ဈေးကွက် ခေတ်ကောင်းစဉ်က ငွေကျပ် သိန်းသုံးရာမှ ငါးရာအထိ ဈေးခေါ်ရောင်းချနေသည့် မြေကွက်နှင့် နေအိမ်များဖြစ်သည်။ လက်ရှိ အငှားဈေးကွက်တွင် ဆင်ခြေဖုံးရပ်ကွက်တော်တော်များများတွင် အခန်းလွတ်မကျန်အောင် ငှားရမ်းနေရသည်ဟု ဆိုသည်။ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်သည် (၂၀၁၄)ခုနှစ်အတွင်း ဈေးကွက်အကောင်းမွန်ဆုံး အခြေအနေကို ရောက်ရှိခဲ့ပြီး နောက်ပိုင်းကာလများတွင် ဈေးကွက်ပြန်လည်အေးစက်သွားခဲ့သည်။

ယခု (၂၀၁၈)ခုနှစ် ဝါကျွတ်ကာလအပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာပြီး (၂၀၁၇)ခုနှစ်နှင့် (၂၀၁၈)ခုနှစ် ဈေးကွက်နှိုင်းယှဉ်ချက်အရ အရောင်းရော အငှားပါ (၁၀)ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းဖြစ်သည်။ အိမ်ခြံမြေဈေးကွက်အတွင်း (၂၀၁၄)ခုနှစ်မှ (၂၀၁၈)ခုနှစ် မတိုင်မီ ကြားကာလအတွင်း အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းခံရပြီး အိမ်ခြံမြေနှင့် ပက်သက်သည့် အခွန်နှုန်းထားများမြင့်တက်လာခြင်းစသည့် အခြေအနေများကြောင့် ဈေးကွက်စောင့်ကြည့်နေသဖြင့် ဈေးကွက်အေးစက်သွားခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

လက်ရှိတွင် နိုင်ငံခြားသားအများစုဝယ်ယူနိုင်မည့် ကွန်ဒိုမီနီယံနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည့်အပြင် ကွန်ဒိုမီနီယံများလည်း ဖွဲ့စည်းပြီးဖြစ်သည်။ လက်ရှိတွင် ဒေါ်လာဈေးမတည်ငြိမ်သည့်အပြင် ရွှေဈေးလည်းမြင့်တက်နေသဖြင့် အိမ်ခြံမြေဈေးကွက်သို့ ရင်းနှီးမြှုပ်နှံမှုအချို့ရှိလာကြောင်း သိရသည်။

 

Credit: Zaygwet Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service