ချင်းပြည်နယ်လွှတ်တော်ရုံးကို ငွေကျပ်သိန်း (၇,၇၀၀) အကုန်အကျခံတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
697 Views

ချင်းပြည်နယ်လွှတ်တော်ရုံးကို ငွေကျပ်သိန်း (၇,၇၀၀) အကုန်အကျခံတည်ဆောက်

ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ရုံး အဆောက်အအုံကို ငွေကျပ်သိန်း (၇,၇၀၀)ကျေုာ် အသုံးပြုတည်ဆောက်လျက်ရှိရာ လာမည့် (၂၀၁၉)နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောသည်။

“ လွှတ်တော်ရုံး အဆောက်အအုံကြီးကတော့ ပြီးစီးသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် လွှတ်တော်ရိပ်သာ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်း အနည်းအကျဉ်း ကျန်နေပါသေးတယ်။ လာမယ့် ဇန်နဝါရီလအတွင်းမှာ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ် “ ဟု ယင်းက ပြောသည်။

ယခုတည်ဆောက်လျက်ရှိသည့် လွှတ်တော်ရုံးအဆောက်အအုံကို ချင်းဦးစီးရပ်ကွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပြန်လည်စွန့်လွှတ်ထားသည့် မြေ(၂)ဧကပေါ်တွင်  (၂၀၁၇)ခုနှစ်၊ သြဂုတ်လ အတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အခု လက်ရှိ အသုံးပြုနေတဲ့ လွှတ်တော်ရုံးကလည်း ချင်းဦးစီးရပ်ကွက်ထဲမှာပဲ ဖြစ်ပါတယ်။ (၂၀၁၂-၂၀၁၃)ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်အထိ (၂)နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပါတယ် “ ဟု လွှတ်တော်ရုံးတာဝန်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။

ချင်းပြည်နယ် လွှတ်တော်ရုံးနှင့် ချင်းပြည်နယ်အစိုးရရုံးမှာ တွဲလျက်တည်ရှိသည်ဖြစ်ရာ ယခုအဆောက်အအုံပြီးစီးခဲ့ပါက ချင်းပြည်နယ်လွှတ်တော်ရုံး သီးသန့်ဖြစ်မည့်ဟု သိရသည်။

ယခုတည်ဆောက်သည့် ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံသည် အမေရိကန်လွှတ်တော် အဆောက်အအုံနှင့် ပုံစံတူဖြစ်ကြောင်း သိရသည်။

 

Credit: Zaygwet Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service