စစ်ကိုင်းတိုင်းလွှတ်တော်နှင့် အစိုးရရုံးဆောက်လုပ်မှုတွင် ပါဝင်သည့် မြေပိုင်ရှင်များကို အစားပြန်ပေးရန် စိစစ် - Property News in Myanmar from iMyanmarHouse.com
586 Views

စစ်ကိုင်းတိုင်းလွှတ်တော်နှင့် အစိုးရရုံးဆောက်လုပ်မှုတွင် ပါဝင်သည့် မြေပိုင်ရှင်များကို အစားပြန်ပေးရန် စိစစ်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရုံးကို ၂၀၁၃ ခုနှစ်က ဆောက်လုပ်ခဲ့မှုတွင် အိုးဘိုတောင်ရပ်ကွက်နေ တောင်သူများ၏မြေယာများ ပါဝင်သွားသည့်အတွက် အစားထိုးပြန်ပေးရန် တိုင်းအစိုးရက စိစစ်နေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ပြောကြားသည်။

“အစားထိုးပြန်ပေးဖို့မြေကွက်တွေက သုံးမျိုးရှိတယ်။ တစ်ဧကကို တစ်ကွက် သို့မဟုတ် နှစ်ကွက်ပေးဖို့ကို တချို့က သဘောမတူဖြစ်နေကြတယ်။ ပြန်ပေးဖို့ တိုင်းအစိုးရကလည်း စိစစ်ဆဲပဲရှိသေးတယ်”ဟု ၎င်းကပြောဆိုသည်။

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် မြေယာအစားထိုးပြန်ပေးရန်စီစဉ်ထားရာ တောင်သူ ၂၀ ခန့်တွင် တချို့သောတောင်သူများက သဘောမတူသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့က မြေတိုင်းတာရာတွင် ကန့်ကွက်မှုများရှိခဲ့ကြောင်း ဒေါ်အောင်ကြည်က ဆက်လက်ပြောကြားသည်။

မိမိပိုင်ဆိုင်သည့် ဦးပိုင်ပေါက်မြေ ၁၀ ဧကအနက် ခြောက်ဧကကျော်မှာ သိမ်းယူခံခဲ့ရသဖြင့် ယခုကျန်ရှိနေသည့် သုံးဧကကျော်ကိုလည်း သိမ်းဆည်းမှုမခံလို၍ ခြံခတ်ထားကြောင်း၊ မြေသိမ်းမခံလိုသည့်အတွက် တိုင်းတာခြင်းကိုလည်း ခွင့်မပြုကြောင်း တောင်သူ ဒေါ်ခင်အုန်းက ပြောဆိုသည်။

မြေသိမ်းဆည်းမှုကို၂၀၀၉ ခုနှစ်မှစခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် လွှတ်တော်နှင့် အစိုးရရုံးဆောက်လုပ်ရန် မြေသိမ်းခဲ့ရာ အိုးဘိုတောင်ရပ်မှ တောင်သူ ၂၀ ဦးခန့်၏မြေများပါသွားကြောင်း၊ မြေအစားပြန်ပေးမည့်အစီအစဉ်တွင် အကွက်ရိုက်၍ ပြန်ပေးမည့်မြေဧကမှာ စုစုပေါင်းဧက ၆၀ ရှိကြောင်း အိုးဘိုတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခိုင်မိုးဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် ရုံးဆောက်လုပ်မှုတွင် မြေပိုင်ရှင် တောင်သူများ၏တိုင်ကြားချက်ကို တိုင်းဒေသကြီး သိမ်းဆည်းမြေများ ပြန်လည် စိစစ်ရေးအထူးမြေစစ်အဖွဲ့က စစ်ဆေးပြီးစီး၍ တိုင်းအစိုးရထံသို့ စိစစ်တွေ့ရှိချက်များကို တင်ပြထားပြီးဖြစ်ကြောင်း သိမ်းဆည်းမြေများ ပြန်လည်စိစစ်ရေး အထူးမြေစစ်အဖွဲ့တွင်ပါဝင်သူ ဦးသန်းအေးက ပြောကြားသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

CarsDB
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service