မန္တလေး-မူဆယ်ရထားလမ်းသည် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တိုက်ရိုက်ချိတ်ဆက်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
922 Views

မန္တလေး-မူဆယ်ရထားလမ်းသည် ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တိုက်ရိုက်ချိတ်ဆက်မည်ဟုဆို

မန္တလေး-မူဆယ်ရထား လမ်းပိုင်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ် စီမံကိန်းကို တိုက်ရိုက်ချိတ်ဆက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။

လက်ရှိတွင် တရုတ်ဘက်အခြမ်း၌ နယ်စပ်အထိ ရထားလမ်းနှင့် ကားလမ်းနှစ်ခုစလုံး ပြီး စီးတော့မည်ဖြစ်ပြီး နယ်စပ်သို့ မကြာမီရောက်ရှိလာကာ မြန်မာဘက်နှင့် ချိတ်ဆက်နိုင်တော့မည် ဟု ၎င်းကဆက်လက်ပြောသည်။

‘‘ရွှေလီအထိ ကားလမ်း ရော၊ ရထားလမ်းရော ပြီးတော့မယ်။ နယ်စပ်ကိုရောက်လာမယ်။ အဲဒါကတော့ မန္တလေးကို သွားမယ်။ မန္တလေးကနေ နှစ်ခုပြန်ခွဲ မယ်’’ဟု ဦးအောင်ထူးက ပြော သည်။

အဆိုပါ ရထားလမ်းသည် မန္တလေးမှတစ်ဆင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် မန္တလေး မှ ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် လက်ရှိအကောင်အထည်ဖော်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းသို့ ချိတ်ဆက်မည်ဟု ဦးအောင်ထူး ကပြောသည်။

၄၃၁ ကီလိုမီတာအရှည်ရှိ သော မူဆယ်-မန္တလေးရထားလမ်းသည် မြန်မာနိုင်ငံမြောက် ပိုင်း တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောသည်။

မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းအတွက် အောက်တို ဘာ ၂၂ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်နိုင်ငံ Ruli East Railway ဘူတာမှ မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ ပြင်ဦးလွင်တို့ကို ဖြတ်သန်းပြီး မန္တလေးမြို့သို့ ရထားလမ်းဖောက်မည် ဖြစ်သည်။ ရထားလမ်းဖြစ်မြောက် နိုင်မှု လေ့လာရေးဆောင်ရွက်ရန် ၂၀၁၇ မေလက China Railway Group Limited (CREC) က အစိုးရကို စတင်ကမ်းလှမ်းခြင်း ဖြစ်သည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service