မန္တလေးအိမ်ခြံမြေစံနှုန်းသစ် တစ်ဧက ကျပ်သန်းပေါင်း ၁ဝ,ဝဝဝ ကျော် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
2979 Views

မန္တလေးအိမ်ခြံမြေစံနှုန်းသစ် တစ်ဧက ကျပ်သန်းပေါင်း ၁ဝ,ဝဝဝ ကျော် သတ်မှတ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ၂ဝ၁၈-၁၉ စည်းကြပ်နှစ်အတွက် အိမ်ခြံမြေရောင်းဝယ်မှုလုပ်ငန်းအပေါ် အခွန်စည်းကြပ်မည့် သတ်မှတ်နှုန်းထားသစ်များကို ယခုလ ပထမပတ်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်အရ မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ချမ်းမြသာစည်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်များအတွင်း အိမ်မြေစံနှုန်းသတ်မှတ်ချက်များကို အမြင့်ဆုံးနှုန်းထားအဖြစ် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၁ဝ,၂ဝဝ အထိ သတ်မှတ်လိုက်သည်။

အဆိုကျပ်သန်းပေါင်း သောင်းကျော်သတ်မှတ်မှုတွင် ပါဝင်သောဧရိယာမှာ ချမ်းအေးသာစံမြို့နယ်အတွင်း ပတ်ကုန်းရပ်ကွက် ဝန်းကျင်တွင်ဖြစ်ကာ ၂၆ လမ်းမဘေးတွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၉,၇ဝဝ မှ အမြင့်ဆုံး ကျပ်သန်းပေါင်း ၁ဝ,၂ဝဝ အထိ အခွန်စည်းကြပ်သွားရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

အခြားဧရိယာများတွင် အိမ်မြေစံနှုန်းသတ်မှတ်ချက် အမြင့်ဆုံးအဖြစ် သိပ္ပံလမ်းမပေါ် (၆၄ လမ်းနှင့် ၆၉ လမ်း ကြား)တွင် တစ်ဧကလျှင် ကျပ်သန်းပေါင်း ၇,၅ဝဝ မှ ၈,ဝဝဝ အထိ၊ ၇၈ လမ်းပေါ် (၃၅ လမ်းမှ လမ်း ၄ဝ အထိ)ကို ကျပ်သန်းပေါင်း ၉,ဝဝဝ မှ ၉,၅ဝဝ အထိ၊ မြို့သစ် (၁) (၂) (၃) ရပ်ကွက်ကြီးများတွင် တစ်ဧကလျှင် အမြင့်ဆုံးကျပ်သန်းပေါင်း ၈,ဝဝဝ မှ ၉,ဝဝဝ အထိ၊ ချမ်းအေးသာစံမြို့နယ်အတွင်း ဈေးချိုအနီး ၈၄ လမ်းပေါ် (၂၈ လမ်းနှင့် လမ်း ၃ဝ ကြား) တွင် အမြင့်ဆုံးကျပ်သန်း ၈,၆ဝဝ မှ ၉,ဝဝဝ အထိ သတ်မှတ်ထားသည်။

လက်ရှိတွင် အိမ်မြေရောင်းဝယ်ရာ၌ ၂ဝ၁၆ အခွန်အကောက် သတ်မှတ်ချက်အရ အိမ်မြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ အထိကို ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။

အဆိုပါသတ်မှတ်ချက် မတိုင်မီက အိမ်ခြံမြေတန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၁,ဝဝဝ အထိကို အခွန်သုံးရာခိုင်နှုန်း၊ ကျပ်သိန်း ၁,ဝဝ၁ ကနေ ကျပ်သိန်း ၅,ဝဝဝ အထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅,ဝဝ၁ ကနေ ကျပ်သိန်း ၁ဝ,ဝဝဝ အထိ ၁ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝ,ဝဝ၁ ကနေ ကျပ်သိန်း ၁၅,ဝဝဝ အထိ ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၅,ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်းအဖြစ် အလီလီခွဲခြားသတ်မှတ်ခဲ့ရာ အိမ်ခြံမြေရောင်းဝယ်မှုများတွင် ပို၍လုပ်သာကိုင်သာရှိခဲ့သည်။

''အခု အိမ်မြေအခွန်စည်းကြပ်ဖို့ စံနှုန်းအသစ်တွေ ထပ်ထွက်လာတယ်လို့ ကြားပါတယ်။ အသေးစိတ်တော့ ကျွန်တော် မသိသေးပါဘူး။ ဒါပေမဲ့ အိမ်မြေတန်ဖိုးစံနှုန်း အသစ်တွေက မနှစ်ကထက် နည်းသည်ဖြစ်စေ၊ များလာသည်ဖြစ်စေ အခွန်နှုန်းထားတွေက မြင့်မနေဘဲ လုပ်သာကိုင်သာရှိဖို့လည်း အရေးကြီးပါတယ်။ အခွန်နှုန်းထားတွေက မမြင့်မှသာ အရောင်းအဝယ် ပိုဖြစ်နိုင်ပါတယ်။ အခု အိမ်မြေဈေးကွက်အေးနေတာ နှစ်တော်တော်ကြာနေပါပြီ''ဟု မန္တလေးမြို့ခံ အိမ်မြေအကျိုးဆောင် ဦးအောင်ဝင်းက ပြောသည်။

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service