အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီသစ် ခြောက်ထောင်ခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
770 Views

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်သည့်ကုမ္ပဏီသစ် ခြောက်ထောင်ခန့်ရှိ

ဩဂုတ်လမှ နိုဝင်ဘာလအထိ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ထားသည့် ကုမ္ပဏီအသစ်ပေါင်း ခြောက်ထောင်ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်များ စတင်ဆောင်ရွက်စဉ်က နည်းပညာပိုင်း အခက်အခဲများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် ကောင်းမွန်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ကုမ္ပဏီအသစ်ရော၊ အဟောင်းရော ပေါင်းရင် နှစ်သောင်းခုနစ်ထောင်နီးပါးလောက် အွန်လိုင်းကနေ မှတ်ပုံတင်ထားပါတယ်”ဟု ၎င်းကဆိုသည်။

ကုမ္ပဏီဟောင်းများ ပြန်လည်မှတ်ပုံတင်ရန် ဩဂုတ်လ ၁ ရက်နေ့မှစ၍ ခြောက်လပြည့်သည်အထိ အချိန်ပေးထားပြီး လက်ရှိအချိန်တွင် ကုမ္ပဏီအဟောင်း သုံးသောင်းကျော်သာ မှတ်ပုံတင်ရန် ကျန်ရှိတော့ကြောင်း၊ သတ်မှတ်ထားသည့်ရက်အတွင်း မဆောင်ရွက်ပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ မှတ်ပုံတင်အွန်လိုင်းစနစ် အောင်မြင်ပါက နောက်တစ်ဆင့်အနေနှင့် ရင်းနှီးမြှုပ်နှံမှုလျှောက်လွှာများကိုလည်း အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ စီးပွားရေးလုပ်ငန်း အစဖြစ်သည့်မှတ်ပုံတင်ခြင်းကို လွယ်ကူစွာ လုပ်ဆောင်နိုင်ခြင်းအားဖြင့် ကမ္ဘာ့ဘဏ်၏ Starting Business အဆင့်တွင် မြန်မာက အဆင့်တက်လာမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းသည် အချိန်ကုန်သက်သာပြီး လွယ်ကူသည့်အပြင် မိတ်ဖက်လုပ်မည့်ကုမ္ပဏီများ၏ အချက်အလက်များကို သိရှိစေရန် ဝန်ဆောင်မှုပေးသောကြောင့် ယခင်စာရင်း စနစ်ထက် ပိုမိုအဆင်ပြေကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးအောင်ဝင်းက မှတ်ချက်ပြုပြောကြားသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service