အမြဲတက်နေတဲ့ အိမ်ခန်းတိုက်ခန်း ငှါးရမ်းခတွေကြောင့် အဆင်မပြေ - Property News in Myanmar from iMyanmarHouse.com
1355 Views

အမြဲတက်နေတဲ့ အိမ်ခန်းတိုက်ခန်း ငှါးရမ်းခတွေကြောင့် အဆင်မပြေ

သီတင်းကျွတ်ပြီးကာလ ရန်ကုန်မြို့အတွင်းရှိ အိမ်ခန်း ၊ လူနေတိုက်ခန်းအချို့ ငှါးရမ်းခတွေဈေးတက်နေတာကြောင့် ဝင်ငွေနည်းပြည်သူတွေ အဆင်မပြေကြဘူးလို့ ညည်းညူကြပါတယ် ။

မြို့တွင်းတိုက်ခန်းတွေကို ခြောက်လစာ ၊ တစ်နှစ်စာ စာချုပ်ချုပ်ကြရပြီး စာချုပ်ပြည့်တိုင်းတိုက်ခန်းတစ်ခန်းကိုကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ငှါးရမ်းခတွေတက်သွားကြတယ်လို့ ငှါးရမ်းသူတွေက ဆိုပါတယ် ။

အများအားဖြင့် အိမ်ခန်းတွေတိုက်ခန်းတွေငှါးရမ်းပါက ပွဲစားတွေကနေတစ်ဆင့်သာ ငှါးရမ်းကြတာများပြီး ပွဲစားကိုတစ်နှစ်ငှါးရမ်းပါက အိမ်လခရဲ့ တစ်လစာ ၊ ခြောက်လ ငှါးရမ်းပါက လတစ်ဝက် ပေးရတယ်လို့ ငှါးရမ်းသူတွေက ပြောကြပါတယ် ။

ကမာရွတ်မြို့နယ်မှာ အိမ်ငှါးစာချုပ်ချုပ်ခဲ့တဲ့ မမိုးသူက “စာချုပ်ချုပ်တိုင်းအိမ်လစာက တိုးတောင်နေတာ ၊ ငါးလွှာကို ၁၆၀,၀၀၀ ကနေ ၁၇၀,၀၀၀ တိုးတောင်တယ် ၊ အဆင်မပြေဘူး၊ အရင်ဈေးပဲ ထားပေးဆိုတာကိုမရဘူး ၊ စီးပွားရေးတွေ ကျပ်နေချိန်လစာတိုးတော့ အဆင်မပြေဘူးပေါ့ ” လို့ ပြောပါတယ် ။

တချို့ အိမ်ခန်းပိုင်ရှင်တွေက ဈေးနှုန်းမတက်ကြပေမဲ့ ပွဲစားအချို့က ငှါးရမ်းခတက်ခိုင်းလို့ ဈေးတက်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။ပွဲစားအချို့ဟာ အိမ်ခန်းအသစ်ရှာပေးရင်းပွဲခတစ်လစာရတာကြောင့် အိမ်ငှါးတွေကို အရင်ဈေးနှုန်းနဲ့ဆက်နေပါက စာချုပ်ချုပ်တိုင်းပွဲခပေးရတဲ့ စနစ်နဲ့ ငှါးနေရတာကြောင့် ငှါးရမ်းသူတွေ အဆင်မပြေတာလည်းရှိနေတယ်လို့ ဆိုပါတယ် ။

အလုံမြို့နယ်မှာနေထိုင်တဲ့ တိုက်ခန်းငှါးရမ်းသူ မစံပယ်မိုးက “ ရန်ကုန်ရောက်တာသုံးနှစ်ရှိပြီ ၊ စာချုပ်ချူပ်တိုင်း ဈေးတက်တယ် ၊ ခုခြောက်လပဲရှိသေးတယ် ၊ထပ် တက်တယ်လေ ၊ပစ္စည်းတွေမပြောင်းရွှေ့ချင်လို့သာ ဈေးတက်တိုင်း ပေးငှါးနေရတာ ၊ ဒီနေရာမှာပဲ ငှါးနေတာကို သူတို့ကပွဲစားခထပ်တောင်းတယ် ၊ အိမ်ရှင်နဲ့ပေးတွေ့ဆိုတော့လဲပေးမတွေ့ဘူး ” လို့ပြောပါတယ် ။

ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးက ရွှေ့ပြောင်းသွားလာသူတွေ အလုပ်လာလုပ်တဲ့ မြို့ဖြစ်ပြီး အိမ်ငှါးခ ဈေးတက်တာကြောင့် နေ့စဉ် အသုံးစရိတ်တွေကို ချွေတာသုံးစွဲပြီး တိုက်ခန်းငှါးခတွေ ပေးနေရတယ်လို့ ဆိုပါတယ် ။

လမ်းမတော် ၊ လသာ ၊ ပန်းဘဲတန်း ၊ ပန်းဆိုးတန်း ၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် ၊ အလုံ ၊ စမ်းချောင်း ၊ ကမာရွတ်မြို့နယ်တွေမှာ တိုက်ခန်းငှါးရမ်းခတွေ အရင်ခြောက်လက ထက် ဈေးနှုန်းတွေမြင့်တက်နေပြီး အထပ်မြင့်တွေဖြစ်တဲ့ ခြောက်လွှာ ၊ ခုနှစ်လွှာတွေမှာ အနည်းဆုံးတစ်လကို ကျပ် ၁၅၀,၀၀၀ ကနေ ကျပ် ၂၀၀,၀၀၀ အထိ ငှါးရမ်းနေကြရတယ်လို့ သိရပါတယ် ။

သည်နယ်တွေမှာ တိုက်ခန်းငှါးရမ်းခတွေဈေးမြင့်နေတာကြောင့် ငှါးရမ်းသူအချို့ဟာ သာကေတ ၊ ဒေါပုံ ၊ သင်္ဃန်းကျွန်း ဘက်တွေကို ငှါးရမ်းဖို့ စိတ်ဝင်စားနေကြတယ်လို့ လမ်းမတော်မြို့နယ်မှာ တိုက်ခန်းငှါးနေတဲ့ ကိုကျော်ကြီးက ပြောပါတယ် ။

အများအားဖြင့် နယ်တွေကနေ ရွှေ့ပြောင်းပြီး အလုပ်လာလုပ်သူတွေဟာ လူငါးဦးစုပြီး တိုက်ခန်းငှါးတာ ၊ အချို့က မိသာစုအလိုက် နေထိုင်တာတွေကြောင့် ငှါးရမ်းမယ့် သူတွေသာများပြီး ငှါးရမ်းမယ့်တိုက်ခန်းနည်းနေတာကြောင့် ငှါးရမ်းခဈေးနှုန်းတွေ တက်နေတာဖြစ်နိုင်တယ်လို့ အိမ်ခြံမြေရောင်းဝယ်သူတွေက ပြောပါတယ် ။

၂၀၁၈ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့စာရင်းတွေအရ ရန်ကုန်မြို့မှာတိုက်ခန်းပေါင်း ၂၀,၀၀၀ ဝန်းကျင်းခန့် အသစ်တည်ဆောက်ခဲ့တယ်လို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) က သိရပါတယ် ။

ရန်ကုန်မြို့တွင်း တည်ဆောက်နေတဲ့တိုက်ခန်းတွေက ကွန်ဒိုနဲ့အဆင့်မြင့်တိုက်ခန်းတွေသာများနေတာကြောင့် လခစားဝန်ထမ်းနဲ့အခြေခံဝန်ထမ်းတွေက လက်လှမ်းမမှီနိုင်ဘူးလို့ တိုက်ခန်းငှါးရမ်းနေထိုင်တဲ့ ကုမ္ပဏီဝန်ထမ်း မအေးမာက ပြောပါတယ် ။

သူက “လှည်းတန်းလို နေရာမျိုးမှာ အနိမ့်ဆုံး တိုက်ခန်းငှါးခက နှစ်သိန်းဝန်းကျင်ကျနေပြီး ၊ ကျွန်မတို့ စငှါးတုန်းက ၁၅၀,၀၀၀ ပဲ ၊ ငှါးသူများတော့ တိုက်ခန်းပိုင်ရှင်တွေက ဈေးပိုလိုချင်တယ် ၊ပွဲစားတွေကလဲ ပွဲခများများရအောင် ငှါးတဲ့သူအသစ်တွေပဲ ထပ်ငှါးချင်တော့ လက်ရှိနေသူတွေ ဒုက္ခရောက်ရတယ် ” လို့ ပြောပါတယ် ။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

Upcoming Property Events

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service