Local Property News | Posted by Si Thu Aung
အစိုးရပိုင်မြေ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်စုစုပေါင်း ၁၈ ခုကို ပုဂ္ဂလိက သို့တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးက နိုဝင်ဘာ ၇ ရက်က သတင်းထုတ်ပြန်သည်။
၎င်းအဆောက်အအုံများတိုက်ခန်းများနှင့်မြေကွက် ၁၈ ခုသည် ကချင်၊ ကရင်၊ ရှမ်း၊ မန္တလေးနှင့် ရန်ကုန်တို့တွင် တည်ရှိပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်သည်။
ဝယ်ယူလိုသူများအနေဖြင့် မြေနှင့်အဆောက်အအုံတစ်ခုချင်း တင်ဒါတင်သွင်းရမည်ဖြစ်ပြီး ဒီဇင် ဘာ ၁၂ ရက်နေ့အပြီးတင်သွင်းရမည်ဖြစ်သည်။
ဝယ်ယူလိုသူများသည် မြေနှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များကို သွားရောက်ကြည့်ရှုနိုင်ပြီး တင်ဒါတင်သွင်းရာတွင်လည်း သွားရောက်ကြည့်ရှုထားကြောင်း ဝန်ခံချက်တင်ပြရမည်ဟု ဆိုသည်။
အဆိုပါအဆောက်အအုံနှင့် မြေကွက် ၁၈ ခုတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ရှိ မြေကွက်နှင့်အဆောက်အအုံရှစ်ခု၊ နမ့်ခမ်းမြို့ ရှိ နှစ်ခုတို့ ပါဝင်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဂိုဒေါင်နှင့်တိုက်ခန်း တစ်ခုစီ၊ မန္တလေးတိုင်းဒေသကြီးတွင် မြေကွက်နှစ်ကွက်၊ ကရင်ပြည်နယ်တွင် မြေကွက်တစ်ကွက်နှင့် ကချင်ပြည်နယ်တွင် မြေကွက်နှင့် အဆောက်အအုံနှစ်ခုတို့ ဖြစ်သည်။
Credit: The Myanmar Times