ရန်ကုန်မြို့တော်နှင့် ကမ္ဘာသုံးပုံစံ မြို့တော်များ ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - Property News in Myanmar from iMyanmarHouse.com
892 Views

ရန်ကုန်မြို့တော်နှင့် ကမ္ဘာသုံးပုံစံ မြို့တော်များ ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ ပူးပေါင်း ကျင်းပသော ရန်ကုန်မြို့တော်နှင့် ကမ္ဘာသုံးပုံစံ မြို့တော်များ ဖော်ဆောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ရက်က ရန်ကုန်မြို့ Summit Parkview Hotel တွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

“ ဒီနေ့ဆွေးနွေးပွဲဟာ ပထမဦးဆုံး မြို့တော်စည်ပင်သာယာနဲ့ မသန်စွမ်းသူများ ရှေ့ဆောင်ဦးရွက်ပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ သြစတြေးလျသံရုံးရဲ့ ကူညီပေးမှုနဲ့ ဒီဆွေးနွေးပွဲကို စနိုင်တာပဲဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ အသိပညာပေးနိုင်မှု၊ ချမှတ်လိုက်တဲ့ မူဘောင်တွေကို ကျွန်တော်တို့မြို့တော်ကို စနစ်ကျတဲ့ Universal Design တစ်ခု ထွက်လာနိုင်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီအတွက် သူတို့အတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ အလုပ်ရုံ ဆွေးနွေးပွဲဟာ ဆွေးနွေးပြီး စာရွက်တွေပေါ်မှာပဲ ကျန်ခဲ့တဲ့ အခြေအနေမျိုးမဟုတ်ဘဲ လက်တွေ့မြေပြင်ကို ရောက်လာနိုင်ဖို့အတွက် ဆက်ပြီးကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ မြို့တော်ကြီးကို ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာက အသိအမှတ်ပြုနိုင်ပြီး နေချင်စဖွယ်မြို့တော်ကြီးဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် တစ်ရပ်ပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ၊ ဌာနဆိုင်ရာအသီးသီး နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စသည်ဖြင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှသူများ၏ အကြံဉာဏ်များကို ရယူပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ရန်ကုန်မြို့တွင် နေထိုင်နေကြသည့် ပြည်သူလူထု အားလုံးအတွက် အဆင်ပြေချောမွေ့ပြီး ကောင်းမွန်သည့် နေချင်စဖွယ်မြို့တော် ကြီးဖြစ်အောင် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

“ဒီအလုပ်ရုံဆွေးနွေးပွဲကြီးပြီးရင် ဘယ်နေရာ၊ ဘယ်ရပ်ဝန်းလေးကိုတော့ Pilot project လုပ်မယ်ဆိုတာကိုလည်း စဉ်းစားကြရမှာဖြစ်ပါတယ်။ ရန်ကုန်တစ်မြို့လုံးကြီးကို ဖြန့်ကျက်ပြီး စဉ်းစားနေရင်တော့ လုပ်ရမယ့်နယ်ပယ်တွေဟာ အများကြီးဖြစ်နေမှာဖြစ်ပါတယ်။ ဒါကြောင့်မလို့ ရန်ကုန်မြို့လယ် မြို့ထဲ (၆) မြို့နယ်လောက်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မလား။ ဘယ်နေရာကို စပြီးပြုပြင်ဆောင်ရွက်မလဲ။ ဒီမြို့ထဲ (၆)မြို့နယ်ထဲမှာ အပိုင်းလိုက် အပိုင်းလိုက်ခွဲပြီးတော့ ဆောင်ရွက်ကြမလား။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက်လည်း လက်တွေ့ကျတဲ့ ပါဝင်ဆောင်ရွက်မှုမျိုး တစ်ခုဖြစ်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ဆက်လက် ဆွေးနွေးဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှာ ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဖွံ့ဖြိုးရေးမဏ္ဏိုင်၊ လူမှုစီးပွားရေးမဏ္ဏိုင်နှင့် နိုင်ငံရေးမဏ္ဏိုင်ဟူ၍ မဏ္ဏိုင်သုံးရပ်ဖြင့် ဖွဲ့စည်းထူထောင်ကာ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

ရန်ကုန်မြို့တွင် ရုံးအခြေစိုက်ပြီး ပြည်နယ်နှင့်တိုင်း ၁၀ ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားကာ အဖွဲ့ဝင်ပေါင်း ၄၀ဝ၀ ကျော်ဖြင့် ဆောင်ရွက်နေသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service