မန်းမှာ လယ်မြေအကွက်ရိုက်ရောင်းသူ အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
1608 Views

မန်းမှာ လယ်မြေအကွက်ရိုက်ရောင်းသူ အရေးယူမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေတွေမှာ ခွင့်ပြုချက်မဲ့အကွက်ရိုက် အဆောက်အအုံဆောက်လုပ်နေသူတွေကို စောင့်ကြည့်စစ်ဆေးကာ တရားစွဲအရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ လယ်ယာမြေအချို့မှာ တရားမဝင်အကွက်ရိုက်ကာ အဆောက်အအုံဆောက်လုပ်နေတာတွေနဲ့ ပက်သက်လို့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လက်ရှိမှာ ခွင့်ပြုချက်မဲ့အကွက်ရိုက် ဆောက်အအုံဆောက်လုပ်သူ (၂၁)ဦးကို တရားစွဲဆိုထားတယ်။ စစ်ဆေးအရေးယူဖို့ကျန်နေတဲ့ ခွင့်ပြုထားတာတွေရှိနေပြီး ဒါတွေကိုလည်း စိစစ်အရေးယူမယ်လို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

လက်ရှိတရားစွဲဆိုထားသူတွေအနက် (၄)ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ အောက်တိုဘာလ (၂၉)ရက်က ရုံးထုတ်စစ်ဆေးခဲ့တယ်။ ကျန်သူတွေကိုလည်း ဆက်လက်ရုံးထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။ လယ်ယာမြေကို တရားမဝင်ကွက်သစ်ရိုက် လုပ်ဆောင်နေမှုတွေအပေါ် အာဏာပိုင်တွေဘက်က တားဆီးမှုတွေပြုလုပ်နေပြီးနောက် အဆိုပါဒေသတွေရှိ မြေအရောင်းအဝယ်ဈေးကွက် ရပ်တန့်သွားရုံသာမက အရောင်းအဝယ်ဖြစ်ပြီးသားမြေအချို့ပါ အရောင်းအဝယ်ပျက်ကုန်တယ်။

သည်ဖြစ်ရပ်တွေကြောင့် မန္တလေးမြို့ ပတ်ဝန်းကျင်က လယ်မြေအကွက်ရိုက် အကွက်တွေမှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ပြဿနာတွေ၊ ငွေကြေးအရှုတ်အရှင်း ပြဿနာတွေ ဖြစ်ပေါ်နေတာ ရှိတယ်၊ ပြဿနာတွေကြားထဲမှာ အကွက်ရိုက် ကွက်စိပ်မြေဝယ်ထားသူ အများစုသာ ထိခိုက်နစ်နာနေရတယ်လို့ နယ်ခံအချို့ထံ သိရပါတယ်။

သည်လိုဖြစ်စဉ်တွေက အခုနေရာတွေမှာ မဖြစ်ခင်ကတည်းက ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်ရှိမြေတွေမှာ အုတ်အော်သောင်းတင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာတွေ ရှိခဲ့ပြီးသားပါ။ ဒါကို အစိုးရက နမူနာယူပြီး အခုလိုနစ်နာသူတွေ မရှိခင်ကတည်းက ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်တဲ့နည်းလမ်းတွေ ပျက်ကွက်ခဲ့တာကြောင့် အခုလောက်အထိ ပြည်သူတွေ တရားစွဲဆိုခံရတဲ့အထိ ဖြစ်ရတာလည်း ဖြစ်ပါတယ်။

အခုလို လယ်ယာမြေအကွက်ရိုက် မြေရောင်းဝယ်မှုသည် မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်မှုတွေက သည်နှစ် နှစ်ဆန်းပိုင်းကတည်းက ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပေမဲ့ အောက်ခြေက တာဝန်ရှိသူတွေက ထိရောက်တဲ့ တားမြစ်မှုတွေ လုပ်ခဲ့သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

မူလမြေပိုင်ရှင်နဲ့ ကွက်စိပ်ရိုက်ရောင်းသူ၊ ကွက်စွပ်တစ်ဆင့်ခံဝယ်သူတွေကြားထဲမှာ မြေယာနဲ့ပက်သက်လို့ သုံးပွင့်ဆိုင် အရှုတ်အရှင်းတွေဟာ ယခင်ကလည်း ဖြစ်ပေါ်ခဲ့ဖူးပေမဲ့ ယခုအခါ ယခင်ထက် ပိုမိုပေါ်ပေါက်လာတာလို့ ဒေသခံအကျိုးဆောင်အချို့က ဆိုပါတယ်။

လယ်ယာမြေအကွက်ရိုက်ရောင်းချမှုတွေ၊ သစ်တောမြေအကွက်ရိုက်ရောင်းချမှုတွေစတဲ့ လွှဲပြောင်းရောင်းဝယ်ခွင့်မရှိတဲ့ မြေရောင်းဝယ်မှုတွေကို ပြင်းပြင်းထန်ထန် တားဆီးပိတ်ပင်ဖို့ အာဏာပိုင်တွေဘက်က ကြိုးစားလာတာကြောင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ လယ်ယာမြေအကွက်ရိုက်တွေမှာ မြေပိုင်ဆိုင်မှုအရှုတ်အရှင်း၊ ငွေကြေးအရှုတ်အရှင်း ပြဿနာတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service