လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာအဆင့်မီလေဆိပ် အဖြစ်အဆင့်မြှင့်တင်မည် - Property News in Myanmar from iMyanmarHouse.com
1967 Views

လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာအဆင့်မီလေဆိပ် အဖြစ်အဆင့်မြှင့်တင်မည်

ကယားပြည်နယ်လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်ကို နို်င်ငံတကာအဆင့်မီလေဆိပ်အဖြစ်အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လွိုင်ကော်လေဆိပ်သည်လက်ရှိပြေးလမ်း ပေ ၇,ဝဝဝ သာရှိရာမှ ပေ ၁ဝ,ဝဝဝ အထိ တိုးချဲ့မည်ဖြစ်ကာ ပေါင်ချိန် ၁၅ဝ,ဝဝဝ အလေးချိန်ရှိသည့် လေယာဉ်များဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေဆိပ်အဖြစ်အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း၊လက်ရှိတွင် အဆိုပါလေဆိပ်အဆင့်မြှင့်တင်ရန် လွတ်ကင်းမှုမရှိသည့်နေအိမ်များ၊ဌာနဆိုင်ရာရုံးများ၊ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ဖယ်ရှားမည်ဖြစ်ကြောင်း ယင်းအတွက် လျော်ကြေးစရိတ်များ၊မြေအစားထိုးပေးနိုင်ရေး မြေကွက်ဖော်ထုတ်စရိတ်များ၏ ကုန်ကျစရိတ်သည် လေယာဉ်ကွင်းအသစ်တည်ဆောက်မည့် ကုန်ကျစရတ် လောက်ရှိနေ၍ ထိုအချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဒီးမော့ဆိုမြို့နယ်တွင် လေယာဉ်ကွင်းအသစ်အကောင်အထည်ဖော်ရန် လျာထားခဲ့ဖူးသော်လည်း လက်ရှိလွိုင်ကော်လေဆိပ်အား အဆင့်မြှင့်တင်ခြင်းသည်ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ယခင်က လွိုင်ကော်လေဆိပ်သည် ပေ ၅၂ဝဝ သာရှိခဲ့ပြီး ယခုပေ ၇ဝဝဝ အထိတိုးချဲ့ထားခြင်းဖြစ်ကြောင်းသိရသည်။

ကယားပြည်နယ်သည် ယခုနှစ်များအတွင်းခရီးသွားဝင်ရောက်မှုတိုးတက်လာပြီး သဘာဝအခြေပြုခရီးသွားဒေသများဖော်ဆောင်ထားသည့် အတွက် ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိနေကြောင်း၊ထို့ပြင်လွိုင်ကော်သည် ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့် ညီအစ်မမြို့တော်အဖြစ် MoU လက်မှတ်ရေးထိုးထားပြီးနှစ်နိုင်ငံခရီးသါားကဏ္ဍများ၊ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းအတွက် လွိုင်ကော်နှင့် မယ်ဟောင်ဆောင်တို့ကြားလေကြောင်းခရီးစဉ်များတိုးချဲ့ပြေးဆွဲရန်လိုအပ်လာပြီး နိုင်ငံတကာအဆင့်မီလေဆိပ်လိုအပ်ကြောင်း သိရသည်။

 

Credit:  Myawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service