အစိုးရပိုင်မြေနှင့် အဆောက်အအုံ ၁၈ ခုကို ပုဂ္ဂလိကသို့ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1144 Views

အစိုးရပိုင်မြေနှင့် အဆောက်အအုံ ၁၈ ခုကို ပုဂ္ဂလိကသို့ ရောင်းချမည်

အစိုးရပိုင်မြေ အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်စုစုပေါင်း ၁၈ ခုကို ပုဂ္ဂလိက သို့ ရောင်းချမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး က နိုဝင်ဘာ ၄ ရက်တွင် ထုတ် ပြန်သည်။

အဆိုပါ ၁၈ ခုသည် ကချင်၊ ကရင်၊ ရှမ်း၊ မန္တလေးနှင့် ရန်ကုန်တို့တွင် တည်ရှိပြီး အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည်ဟု အဆိုပါ ကော်မရှင်က ဆိုထားသည်။

ဝယ်ယူလိုသူများသည် မြေနှင့်အဆောက်အအုံတစ်ခုချင်းအလိုက် တင်ဒါတင်သွင်းရမည်ဖြစ် ပြီး တင်သွင်းရမည့်ရက်မှာ ဒီဇင် ဘာ ၁၂ ရက်ဖြစ်သည်ဟု ကော်မရှင်က ဆိုထားသည်။

ဝယ်ယူလိုသူများသည် မြေ နှင့်အဆောက်အအုံ၊ တိုက်ခန်းနှင့် မြေကွက်များကို သွားရောက် ကြည့်ရှုနိုင်ပြီး တင်ဒါတင်သွင်းရာတွင်လည်း သွားရောက်ကြည့်ရှုထားကြောင်း ဝန်ခံချက်တင်ပြရ မည်ဟုဆိုထားသည်။

အဆိုပါအဆောက်အအုံနှင့် မြေကွက် ၁၈ ခုတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ရှိ မြေကွက်နှင့်အဆောက်အအုံရှစ်ခု၊ နမ့်ခမ်းမြို့ ရှိ နှစ်ခုတို့ပါဝင်သည်။ ရန်ကုန်တိုင်းတွင် ဂိုဒေါင်နှင့်တိုက်ခန်း တစ်ခုစီ၊ မန္တလေးတိုင်းတွင် မြေကွက်နှစ်ကွက်၊ ကရင်ပြည်နယ်တွင် မြေကွက်တစ်ကွက်နှင့် ကချင်ပြည်နယ်တွင် မြေကွက်နှင့် အဆောက်အအုံနှစ်ခုတို့ ဖြစ်သည်။

အဆိုပါ မြေကွက်နှင့် အဆောက်အအုံများ၊ တိုက်ခန်းများ အနက် ရန်ကုန်တိုင်း၊ မန္တလေး တိုင်းရှိ မြေကွက်နှင့် အဆောက်အအုံများနှင့် ရှမ်းပြည်နယ်ရှိ မြေ နှင့်အဆောက်အအုံ ခုနစ်ခုမှာ၂၀၁၈ ဖေဖော်ဝါရီတွင် တင်ဒါခေါ် ခဲ့ဖူးသော အဆောက်အအုံနှင့် မြေကွက်များဖြစ်သည်။

ထို့အပြင် အထက်ပါကော်မရှင်သည် ၂၀၁၇ ဇူလိုင်တွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း တိုင်းတို့ရှိ မြေကွက်၊ အဆောက်အအုံနှင့် တိုက်ခန်း ၂၁ ခုကို ပုဂ္ဂလိကသို့ အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချခဲ့သည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို ဒုတိယသမ္မတဦးမြင့်ဆွေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ မေလ ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ယင်းတွင် သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒုတိယဥက္ကဋ္ဌနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service