ရန်ကုန်မြို့တွင် အိမ်ရာသုံးသိန်းကျော် လိုအပ်နေပြီး အစိုးရကမြေနေရာ ရှာဖွေနေဆဲဟု ဦးဖြိုးမင်းသိန်းပြော - Property News in Myanmar from iMyanmarHouse.com
702 Views

ရန်ကုန်မြို့တွင် အိမ်ရာသုံးသိန်းကျော် လိုအပ်နေပြီး အစိုးရကမြေနေရာ ရှာဖွေနေဆဲဟု ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်မြို့တွင် အစိုးရ ၀န်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာသုံးသိန်းကျော်လိုအပ်နေ ပြီး ၎င်းတို့အတွက် အစိုးရကမြေနေရာနှင့်ရင်းနှီးမြှုပ်နှံမှုရှာဖွေနေ ဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ၌ နိုဝင်ဘာ ၂ ရက်တွင်ပြုလုပ်သည့် မြန်မာဆောက်လုပ်ရေးလုပ် ငန်းရှင်များအသင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးနှင့် အိမ်ရာလုပ်ငန်းအသင်း ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

‘‘ဒီအခြေအနေတွေကို ဆောင်ရွက်ဖို့ အစိုးရသစ်စတင်တာဝန်ယူတဲ့ကာလကတည်းက ဆောင်ရွက်ခဲ့တာပါ။ လက်ရှိမှာ မြေနေရာနဲ့ရင်းနှီးမြှုပ်နှံမှုရှာဖွေ တဲ့ကာလတစ်ခုပဲရှိပါသေးတယ်။ နေစရာအခက်အခဲရှိသူတွေကို နေစရာရအောင်ဆောင်ရွက်ပေးတာမြို့ကို မြှင့်တင်ရာရောက်ပါ တယ်’’ ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိတွင် ဂျပန်ဆောက် လုပ်ရေးပစ္စည်းနှင့် ဂျပန်နည်း ပညာကို အသုံးပြု၍ ရှေ့ပြေးစီမံ ကိန်းအဖြစ် နှစ်ထပ်အိမ်နှစ်လုံးတည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းပုံစံအတိုင်းတန်ဖိုးနည်း အိမ်ရာများဆက်လက်အကောင်အထည်ဖော်မည်ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းက ပြောသည်။

ဂျပန်နိုင်ငံက အိမ်ရာစီမံကိန်းအတွက် ကျပ်ဘီလီယံ ၁၅၀ ကို နှစ်ဆင့်ချေးငွေအဖြစ်ပထမ ဆုံးထုတ်ချေးရန် သဘောတူထားသည်ဟု ၎င်းကဆိုသည်။

ချေးငွေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့်ထုတ်ချေးရန် စီစဉ်ထား သည်ဟုဆိုသည်။ ထိုအိမ်ရာများ အကောင်အထည်ဖော်ရန် တိုင်း ဒေသကြီးအစိုးရက မြေနေရာစီ စဉ်ပေးမည်ဖြစ်ပြီး တည်ဆောက်မှုကို ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းက တာဝန်ယူမည် ဖြစ်သည်။ အချို့ကိုလည်း တိုင်းအစိုးရအစီအစဉ်ဖြင့် တင်ဒါခေါ်ယူရန်ရှိသည်ဟု ဆိုသည်။

ရန်ကုန်မြို့ပေါ်တွင် နေစရာမရှိ၍ ကျူးကျော်နေထိုင်နေရသည့် အိမ်ထောင်စုတစ်သိန်းခွဲ ကျော်ရှိပြီး လူဦးရေလေးသိန်းခန့် ရှိသည်ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ လာသဖြင့် ရန်ကုန်သို့ပြောင်းရွှေ့ မှုများလာ၍ နေစရာအခက်အခဲရှိ လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service