ခွင့်ပြုမိန့်မရဘဲလုပ်နေသည့် မြေလွတ် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ယူရမည် - Property News in Myanmar from iMyanmarHouse.com
716 Views

ခွင့်ပြုမိန့်မရဘဲလုပ်နေသည့် မြေလွတ် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ယူရမည်

ခွင့်ပြုမိန့်မရဘဲ လုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ပြန်လည် ရယူရ မည်ဖြစ်ပြီး မလျှောက်ထားပါက သတ်မှတ်ထားသော နည်းလမ်း နှင့်အညီ သိမ်းယူဖယ်ရှားခြင်း ခံ ရမည်ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီက နိုဝင်ဘာ ၂ ရက် တွင် ထုတ်ပြန်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်၍ စက်တင်ဘာ ၁၁ ရက် တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ထိုဥပဒေ ထဲတွင် ခွင့်ပြုမိန့်မရဘဲ လုပ်ကိုင် နေသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေပြင်ဆင် ပြဋ္ဌာန်းပြီးချိန်မှ ခြောက်လအ တွင်း ပြန်လည်လျှောက်ထားရ မည်ဟု ပါရှိသည်။

ထိုသို့ ပြန်လည်လျှောက် ထားရာတွင် မြေဧရိယာနှင့် လုပ် ငန်းအသေးစိတ်ကို ပြည့်စုံစွာ ဖော်ပြရမည်ဟု ဆိုထားသည်။ အကယ်၍ လျှောက်ထားဆောင် ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ ခွင့်ပြု မိန့်မရလျှင်ဖြစ်စေ လက်ရှိလုပ် ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းမှာ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်ဟု ဆိုထားသည်။

‘‘ဥပဒေဘောင်နဲ့ အုပ်ချုပ် တဲ့ အစိုးရဖြစ်နေလို့ ဥပဒေ ဘောင်ဝင်အောင် ပြန်လုပ်တာ ပါ’’ ဟု ပြည်သူ့လွှတ်တော် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ကျေး လက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လုပ်ထုံး လုပ်နည်း နည်းဥပဒေဆက်လက် ထုတ်ပြန်ရန်ရှိသည်ဟု ၎င်းကဆို သည်။

ထို့ပြင် ယခုအချိန်မှ စတင်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင် များကို လုပ်ကိုင်လိုသူများလည်း လျှောက်ထားနိုင်သည်ဟု ကြေ ညာထားသည်။

မြေအသစ်လျှောက်ထားသူ များသည် စိုက်ပျိုးရေးအတွက် ဧက ၃၀၀၊ မွေးမြူရေးအတွက် ဧက ၅၀ ထက်ပိုသော မြေဧရိ ယာ၊ ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထား သော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီသို့ လျှောက် ထားရမည်ဟု ဆိုထားသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ နှင့် မွေးမြူရေးလုပ်ငန်းအ တွက် ဧက ၅၀ အောက် မြေဧရိ ယာများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်စီမံခန့် ခွဲရေးကော်မတီများထံ လျှောက် ထားရမည်ဟု ဆိုထားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service