ကျပ်သိန်း ၁၀ဝ၀ နှင့်အထက်အပ်ငွေများအား SMID Bank က အတိုးနှုန်းအပြင် အပိုဆောင်းငွေများပါ ထပ်မံဖြည့်တင်းပေးမည် - Property News in Myanmar from iMyanmarHouse.com
1580 Views

ကျပ်သိန်း ၁၀ဝ၀ နှင့်အထက်အပ်ငွေများအား SMID Bank က အတိုးနှုန်းအပြင် အပိုဆောင်းငွေများပါ ထပ်မံဖြည့်တင်းပေးမည်

အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်မှ World Saving Day အားဂုဏ်ပြုသည့်အနေဖြင့် နိုဝင်ဘာ ၁ ရက် မှ ဇန်နဝါရီ ၃၀ ရက်အထိ အပ်ငွေ ကျပ်သိန်း ၁၀ဝ၀ နှင့်အထက် အပ်နှံပါက သတ်မှတ်အတိုးနှုန်း ၁၀ ရာခိုင်နှုန်းနှင့်အတူ အပိုဆောင်း ငွေ သုည ဒသမ ၃၅ ရာခိုင်နှုန်းကိုပါ ထပ်မံထည့်သွင်းပေါင်းစပ်ပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် SMID Bank ၏ အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ဆက်လက်ထုတ်ချေး

ထို့အပြင် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ ချေးငွေများအား မိတ္ထီလာ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မြဝတီ၊ မူဆယ်၊ ပခုက္ကူ (၁) (၂)၊ ပြည်၊ မြင်းခြံမြို့များ၏ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတည်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အမှုထမ်း လစာ၏ သုံးဆ၊ အရာထမ်းလစာ၏ ငါးဆဖြင့် စတင်ထုတ်ချေးပေး လျက်ရှိသကဲ့သို့ ကျန်ဘဏ်ခွဲများတွင်လည်း ဆက်လက်ထုတ်ချေး လျက်ရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တောင်ကြီး၊ ပုသိမ်၊ မုံရွာတို့ တွင် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော် မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ၏ လမ်းညွှန်မှု၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ၏ အနီးကပ်ကြီးကြပ်မှု၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် SMID Bank အမှုဆောင်အရာရှိချုပ် ဒေါက်တာဇေယျာညွန့်၏ ဦးဆောင်မှုတို့ဖြင့် Cash Flow Base စနစ်ဖြင့် ပြည်နယ်နှင့် တိုင်းငါးခုတွင် လုပ်ငန်း ရှင်ပေါင်း ၁၀ဝ ကျော် ကို ချေးငွေ ငါးဘီလီယံကျော်အား ပထမဦးစွာ ထုတ်ချေးပေးခဲ့သည်။

အဓိကပံ့ပိုး

SMID Bank သည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကဘဏ်များအနက်မှ SME လုပ်ငန်းများကို အဓိကပံ့ပိုးနေသည့် ပုဂ္ဂလိက အများပိုင်ဘဏ် တစ်ခုဖြစ်သည်။ Semi Government Bank မှ ၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိက အများပိုင်ဘဏ်အဖြစ်ပြောင်းလဲခဲ့ပြီး ၂၀၁၆–၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ နိုင်ငံ့ဝန်ထမ်းချေးငွေကို ထုတ်ချေးပေးခဲ့သည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service