ပိုမိုပေါ်ထွက်လာမယ့် ဘက်စုံသုံး စီမံကိန်းများ - Property News in Myanmar from iMyanmarHouse.com
2439 Views

ပိုမိုပေါ်ထွက်လာမယ့် ဘက်စုံသုံး စီမံကိန်းများ

မြန်မာ့အိမ်ခြံမြေလောကတွင် အဆင်မြင့် ဘက်စုံသုံး စီမံကိန်(Mix Used Project) များသည် ယခင်နှစ်များနှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက အရေအတွက်၊ အရည်အသွေးနှင့် ဝန်ဆောင်မှုပိုင်းများတွင်ပိုမိုကောင်းမွန်လာသည်ဟု အိမ်ခြံမြေဈေးကွက်တွင် လုပ်ကိုင်နေသူများက ပြောသည်။

"ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်နဲ့ အခုနှစ်ကို ယှဉ်မယ်ဆိုရင် တော်တော်လေးကွဲပြားသွားတာကို တွေ့ရတယ်။ အရင်တုန်းကဆိုရင် အဆင့်မြင့် ဘက်စုံသုံးစီမံကိန်း(Mix Used Project) တွေက ရန်ကုန်လို မြို့ကြီးမှာတောင်မှ သိပ်မရှိခဲ့ဘူး။ ရှိတဲ့ဟာ တော်တော်များများကလည်း ကြီးကြီးကျယ်ကျယ်လုပ်တဲ့ဟာမျိုးလည်း မတွေ့ရဘူး"ဟု iMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ကိုနေမင်းသူက ပြောသည်။

၂၀၁၅၊ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှစတင်၍ မြန်မာပလာဇာ၊ ဗိုလ်ချုပ်ဈေးရှေ့ရှိ ဂျန်းရှင်းစီးတီးကဲ့သို့သော အဆင့်မြင့်စီမံကိန်းများ ပေါ်ထွက်လာကြပြီး ယင်းကဲ့သို့ စီမံကိန်းများသည် စီမံကိန်းပမာဏကြီးမားပြီး ရုံးခန်းများ၊ရှော့ပင်းမောလ်၊ လူနေအိမ်ခန်းများ၊ အဆင့်မြင့်တိုက်ခန်းနှင့် ဟိုတယ်များ ပါဝင်လာသည်။

"မြန်မာနိုင်ငံမှာ တဖြည်းဖြည်းနဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်လာတယ်။ ၂၀၁၃ ခုနှစ်မတိုင်ခင်က နိုင်ငံခြားကုမ္ပဏီတွေ ပြည်တွင်းကိုဝင်လာပြီး ရုံးခန်းဖွင့်ဖို့ရွေးချယ်ကြတာက ခြံနဲ့ ဝင်းနဲ့ လုံးချင်း နှစ်ထပ်၊ သုံးထပ်အိမ် စတာတွေကို ရွေးချယ်ခဲ့ကြတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ဒီလိုမျိုး အဆင့်မြင့်စီမံကိန်းတွေ ပေါ်ထွက်လာတာကြောင့် နိုင်ငံတကာအဆင့်မီ ရုံးခန်းတွေ ပါလာတော့ ပြောင်းရွှေ့ဖွင့်လှစ်လာတာကို တွေ့ရပါတယ်"ဟု iMyanmarHouse.com မှ ကိုနေမင်းသူက ပြောသည်။

နိုင်ငံခြားကုမ္ပဏီအများစုသည် နိုင်ငံတကာအဆင့်မီ ရုံးခန်းနေရာများတွင် ပြောင်းရွှေ့ဖွင့်လှစ်လာကြပြီး မြန်မာပလာဇာရှိ ရုံးခန်းနေရာများ၊ Junction City ရှိ ရုံးခန်းနေရာများ၊ ဆူးလေရှန်ဂရီလာအနီးရှိ Sule Square ရုံးခန်းနေရာများကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်းလာကြသည်ကို တွေ့ရကြောင်း မြန်မာအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

"အရင်တုန်းကဆိုရင် ကွန်ဒိုလို့ ပြောလိုက်ရင် ၂၀၁၃ မတိုင်ခင်က ပြည်တွင်းလုပ်ငန်းရှင်တွေ ဆောက်တဲ့ ကွန်ဒိုတွေ ပိုပြီးတော့ များတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ ဆောက်တာ တော်တော်များများကလည်း ကွန်ဒိုအစစ်အမှန်မဟုတ်ဘဲနဲ့ ဓာတ်လှေကားပါတယ်၊ ကားပါကင်ပါတာကိုပဲ ကွန်ဒိုလို့ခေါ်ကြတဲ့ အနေအထားမျိုးကနေ ကွန်ဒိုဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ပြီးတော့ ဆောက်တဲ့စီမံကိန်းတွေ တွေ့လာရတယ်"ဟု iMyanmarHouse.com မှ ကိုနေမင်းသူက ပြောသည်။

အဆင်မြင့် စီမံကိန်းကြီးများသည် နိုင်ငံတကာအဆင့်မီ ဖြစ်သည့်အတွက် ကွန်ဒိုတိုက်ခန်းများတွင် ကားပါကင်အလုံအလောက်ပါဝင်ခြင်း၊ အော်တိုကားပါကင်ထိုးသည့်စနစ်၊ နိုင်ငံတကာအဆင့်မီ ရေကူးကန်များ၊ အားကစားခန်း၊ အပန်းဖြေနားနေနိုင်သည့် ဥယျာဉ်များ စသည်များကို နောက်ပိုင်း ပေါ်ထွက်လာသည့် စီမံကိန်းများတွင် ထည့်သွင်းလာကြကြောင်း အကောင်အထည်ဖော်သည့် ကုမ္ပဏီများထံမှ သိရသည်။

"ဝယ်သူတွေအနေနဲ့လည်း ဈေးကွက်ထဲမှာ ပိုပြီးတော့ ရွေးချယ်မှု ပိုများလာတာဖြစ်တဲ့အတွက် နောက်ပိုင်း ဝယ်ယူသူတွေကလည်း တောင်းဆိုတတ်လာကြတယ်။ ကွန်ဒိုဝယ်တဲ့သူတွေကလည်း သူတို့ပေးရတဲ့ဈေးနဲ့ ဒီလိုပုံစံမျိုး လိုချင်တယ်ဆိုပြီး တောင်းဆိုလာကြတဲ့အတွက်ကြောင့် ဈေးကွက်ထဲမှာ အဆင့်အတန်းက ပိုပြီးမြင့်လာတာ၊ နိုင်ငံတကာအဆင့်အတန်းနဲ့ ကိုက်ညီလာတာ တွေ့ရတယ်"ဟု iMyanmarHouse.com မှ ကိုနေမင်းသူက ပြောသည်။

အဆင့်မြင့်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံသူများက ဘီအိုတီ(Build Operate Transfer) စနစ်ဖြင့် အကောင်အထည်ဖော် ဆောက်လုပ်သူများ ရှိသကဲ့သို့ မြန်မာလုပ်ငန်းရှင်နှင့် နိုင်ငံတကာလုပ်ငန်းရှင်များ ပူးပေါင်းပြီး အကောင်အထည်ဖော်သည့် စီမံကိန်းများလည်းရှိသည်။

" နိုင်ငံတကာအဆင့်အတန်းကို စတင်ရောက်လာပြီလို့ ပြောလို့ရပါတယ်။ ရန်ကုန်မြို့မှာ အရေအတွက် အများကြီးတော့မရှိသေးဘူး။ တဖြည်းဖြည်းနဲ့ နိုင်ငံတကာအဆင့်မီ စီမံကိန်းတွေ ပေါ်ထွက်လာဖို့ရှိပါတယ်"ဟု iMyanmarHouse.com မှ ကိုနေမင်းသူက ပြောသည်။

ယခုနှစ် ၂၀၁၈ ခုနှစ် တတိယလပတ်ကာလတွင် အဆင့်မြင့် လူနေတိုက်ခန်းများတွင် ထွက်ပေါ်လာသည့် အခန်းအရေအတွက် စုစုပေါင်းသည် ၂၄ဝ၁၅ ခန့်ရှိပြီး ဈေးကွက်ထဲသို့ ထပ်မံဝင်ရောက်လာနိုင်သည့် အခန်းအရေအတွက်သည် ၂၆၀ဝ ခန့်ရှိကြောင်း၊ ထို့ပြင် ဆောက်လုပ်ပြီးစီးပြီး ဈေးကွက်ထဲတွင် ရောင်းချထားသည့် ကွန်ဒိုအခန်းစုစုပေါင်း ၇၄၃၀ဝ ခန့်ရှိသည်။ ဆောက်လုပ်ဆဲဖြစ်ပြီး ကြိုတင်ရောင်းချထားသည့် အခန်းစုစုပေါင်းမှာ ၉၉၀ဝ ခန့်ရှိကြေား Colliers Myanmar ထံမှ သိရသည်။ 

 

Credit:  The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service