လုပ်ငန်းရှင်များအတွက် တင်ဒါ - Property News in Myanmar from iMyanmarHouse.com
942 Views

လုပ်ငန်းရှင်များအတွက် တင်ဒါ

ပြင်ဦးလွင်

ပြင်ဦးလွင်ဘူတာ၊ ရိပ်သာအနီး မြေလွတ်မြေနေရာအကျယ်အဝန်း ၂.၃ ဧက နဲ့ ဘူတာအနောက်ဘက် ကညနရုံးအနီး ၂.၇၄ ဧကနေရာတွေ မှာ ကိုယ်ပိုင်အထက်တန်းကျောင်းနဲ့ ဘော်ဒါ၊ International School,လုံး ချင်းအိမ်ရာ၊လူနေဆိုင်ခန်း၊ Super Market ‘Food Center’ ကလေး ကစားကွင်းတွေ ပါဝင်တဲ့ အပန်းဖြေအိမ်ရာနဲ့ ဟိုတယ်လုပ်ငန်းစတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဘီအိုတီစနစ်နဲ့ နှစ်ရှည်ဆောင်ရွက်မယ့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကို တင်ဒါခေါ်ထားပါတယ်။

တင်ဒါစည်းကမ်းချက်၊လုပ်ထုံးလုပ်နည်း အပြည့်အစုံကို လျှောက်လွှာ ပုံစံတစ်စုံကို ကျပ် ၁၀,ဝဝဝ နှုန်းနဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၁၂ ရက်နေ့အထိ မန္တလေးဘူတာကြီးတတိယထပ်ရှိ မန်နေဂျာ (စီးပွားရေး/တိုင်း)တိုင်းအမှတ် (၃) ရုံးမှာ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပြီး တင်ဒါအာမခံကြေးပေးသွင်း ပြီးကြောင်း အထောက်အထားနဲ့ ပေးပို့ရမှာဖြစ်ပါတယ်။ တင်ဒါအာမခံ ကြေးပေးသွင်းထားခြင်းမရှိသူကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်ကို ဖုန်း ဝ၂-၄၀၃၅၁၇၂၊ ဝ၂-၄၀၃၅၈၂၉ တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ရုံးတွေဆောက်မလား?

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကနေ အရေးပေါ်အခြေအ နေစီမံခန့်ခွဲမှု ဗဟိုဌာနမှာ ရုံးအဆောက်အအုံ RCC နှစ်ထပ် သွပ်မိုး၊ကွန် ကရစ်ကြမ်းခင်း၊ရေ၊ မီး၊မိလ္လာအပါအဝင် ဆောက်လုပ်ခြင်း (စတုရန်းပေ ၉၆ဝဝ)ကို ဆောက်လုပ်ဖို့ တင်ဒါခေါ်ထားပါတယ်။

(၁) ပြန်လည်ထူထောင်ရေးဦးစီးဌာနရုံး ၂၅၀x၂၂x၂၈ (ပေ) ရုံး အဆောက် အအုံ RCC နှစ်ထပ် သွပ်မိုး၊ကွန်ကရစ်ကြမ်းခင်း၊ရေ၊မီးအပါအဝင် အဆောက်အအုံတစ်လုံး တည်ဆောက်လုပ်ခြင်း၊ (၂)ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံ(အရှေ့)၊ ဧက ၅၀ မှာ ၅၂၆၀ ပေ အုတ်ခြံစည်းရိုးကာရံခြင်း (ဆေးသုတ်ခြင်းလုပ်ငန်းအပါအဝင်)၊ (၃) ကရင်ပြည်နယ်၊ဘားအံမြို့ပြန်လည် ထူထောင်ရေးစခန်းမှာ ၆၀x၄၀x၂၄ ( ပေ) RC နှစ်ထပ် သွပ်မိုး၊ အတွင်းရေ၊ မီးအပါအဝင်ရုံးဆောက်လုပ်ခြင်း၊ (၄) ကရင်ပြည်နယ်၊ ဘားအံမြို့ ပြန်လည်ထူထောင်ရေးစခန်းမှာ ၁ဝဝx၄၀x၂၄ (ပေ) RC နှစ်ထပ် သွပ်မိုး၊ လေးခန်းတွဲအတွင်း ရေ၊မီးအပါအဝင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းတွေ ပြုလုပ်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တင်ဒါခေါ်ထားပါတယ်။

တင်ဒါပုံစံတွေကို အောက်တိုဘာ ၁၉ ရက်နေ့ကနေ စတင်  ရောင်းချ နေတာဖြစ်ပြီး တင်သွင်းရမယ့် ရက်က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဘေးအန္တ ရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရုံး အမှတ် (၂၃) နေပြည်တော်မှာ တင်သွင်းရမှာ ဖြစ်ပါတယ်။

မိမိတင်သွင်းလိုတဲ့ လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ယင်းဦးစီးဌာနက ဘဏ္ဍာရေးဌာနမှာ ကျသင့်ငွေပေးသွင်းပြီး ပေးသွင်းပြေ စာမိတ္တူကို သတ်မှတ်တင်ဒါပုံစံနဲ့အတူ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုထက်ပိုတဲ့ တင်ဒါတင်သွင်းလိုပါက တင်သွင်းလိုတဲ့ လုပ်ငန်း တစ်ခုချင်းစီအတွက် သတ်မှတ်တင်ဒါ အာမခံကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း ဝ၆၇-၃၄၀၄၀၄၇၊ ၃၄၀၄၀၄၆ ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ရုံးဆောက်၊လမ်းဖောက်

ကယားပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကနေ လွိုင်လင် လေးမြို့နဲ့ နန်းမယ် ခုံမြို့တို့မှာ နှစ်ထပ်ရုံး (Steel Structure) ၁၄၀ x ၃၀ x ၂၂ (ပေ)ဆောက်လုပ် ဖို့ အိတ်ဖွင့်တင်ဒါခေါ်ထားပါတယ်။ ဝန်ထမ်းအိမ် ရာ လေးခန်းတွဲ နှစ်ထပ်ဆောက်လုပ်ခြင်း (Steel structure ) ၁၀၂ x ၂၉၆ x ၂၂ (ပေ)ကို ပြည်နယ် ရုံး၊ ဖရူဆိုမြို့နယ်၊ လွိုင်လင်လေး မြို့၊ နန်း မယ်ခုံ မြို့တို့မှာ ဆောက် လုပ်ဖို့ကိုလည်း အိတ်ဖွင့်တင်ဒါ ခေါ်ထား ပါတယ်။

လျှောက်လွှာကို စတင်ရောင်း ချနေပြီဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားလျှောက်ရမှာဖြစ် ပါတယ်။ အသေးစိတ်ကို ကယား ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဖုန်း ဝ၈၃-၂၂၂၁၀၁၃၊ ၂၂၂-၃၀၈၃ တို့ကို ဆက်သွယ် မေး မြန်း နိုင်ပါတယ်။

ကယားပြည်နယ်မှာ လယ်ယာကုန်ထုတ် ကျောက်ချောလမ်းခင်း ခြင်း၊ရေလွှဲဆည်နဲ့ ရေပေးမြောင်း ပြန်လည်တည်ဆောက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ထားပါ တယ်။

(၁)ဟိုတာလက်ယာမြောင်း ပေတိုင် ၁၁,ဝဝဝ မှ ၁၉,၅၀၀ ကွန်ကရစ်လိုင် နင်စီခြင်း၊ (၂) ဟိုတာလက်ဝဲမြောင်းပေတိုင် ၈ဝဝဝ မှ ၁၅,ဝဝဝ  အထိ ကွန် ကရစ်လိုင်နင်စီခြင်း၊ (၃) မုံပြာ ရေလှောင်ကန်လမ်းခွဲမှ ပ.လ.ဖ စခန်း သို့ သွားသာ လယ်ယာကုန် ထုတ်လမ်းတွင် မုံပြာကန်မှ ဘီလူး ချောင်းကမ်းစပ်အထိ ၁.၄၇ မိုင်လယ် ယာကုန်ထုတ်လမ်းအား ကျောက် ချောလမ်း ခင်း ခြင်း၊ (၄)ညောင်ကိုင်းချောင်း လယ်ယာကုန်ထုတ်လမ်း အား ကျောက်ချောလမ်းခင်းခြင်း (အရှည် ၂.၅  မိုင်) နဲ့ ချောင်းကူး ကွန်ကရစ်တံတား တစ်စင်း၊ ရေ ကျော်နှစ်ခုပြုပြင်ခြင်း၊ (၅) ဗဟန်း လော့ရေလွှဲဆည် တည် ဆောက် ခြင်းတို့ကို ဆောင်ရွက်မှာ ဖြစ်ပါ တယ်။

ကယားပြည်နယ် ဆည် မြောင်း နှင့် ရေအသုံးချစီမံခန့်ခွဲရေး ဦးစီးဌာန မှာ တင်ဒါပုံစံတွေကို နို ဝင်ဘာ ၁၈ ရက်နေ့အထိ ရောင်း ချ ပေးမှာ ဖြစ်ပါ တယ်။ အသေးစိတ် ကို ဖုန်း ဝ၈၃-၂၁၀၄၀ ၊ ၂၁၅၂၃ တို့ကို ဆက်သွယ် မေးမြန်းနိုင်ပါ တယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service