ညောင်နှစ်ပင်မြို့ပြစီမံကိန်းဖော်ဆောင်ရန် MIC ထံမှ နှစ်ပတ်အတွင်း ခွင့်ပြုချက်ယူမည် - Property News in Myanmar from iMyanmarHouse.com
1156 Views

ညောင်နှစ်ပင်မြို့ပြစီမံကိန်းဖော်ဆောင်ရန် MIC ထံမှ နှစ်ပတ်အတွင်း ခွင့်ပြုချက်ယူမည်

ကိုရီးယားနိုင်ငံနှင့် အစိုးရချင်း ပူးပေါင်းဆောင်ရွက် မည့် ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန်စီမံကိန်း (KMIC) အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ နှစ်ပတ်အတွင်း ခွင့်ပြုချက် ရယူမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ရန်ကုန်ရုံးခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ကန်ဒေါ်လာ တစ်ဘီလီယံ တန်ဖိုးရှိ ညောင်နှစ်ပင်မြို့ပြစီမံ ကိန်းသည် မြန်မာနိုင်ငံက ရှယ် ယာ ၄၀ ရာခိုင်နှုန်း၊ ကိုရီးယား အစိုးရက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ထိုစီမံကိန်းကို ၂၀၁၉ အတွင်း အကောင်အထည်ဖော် နိုင်ရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘စီမံကိန်းကို ၂၀၁၈ နှစ်ကုန် မှာ MIC ပါမစ်ရဖို့ စီစဉ်ထားပါ တယ်။ လာမယ့်နှစ်ပတ်အတွင်း လောက်မှာ ခွင့်ပြုမိန့်တင်သွား မယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရာ တွင် မြန်မာအစိုးရနှင့်အကျိုးတူ ကုမ္ပဏီတည်ထောင်၍ ဆောင်ရွက်မည်ဟု ကိုရီးယား LH ကော် ပိုရေးရှင်းက ဆိုထားသည်။

စီမံကိန်းအတွက် ဆောက် လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီး ယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ သည်။ အဆိုပါစီမံကိန်းသည် ကိုရီးယားအစိုးရပိုင် LH ကော်ပိုရေးရှင်း၏ ပြည်ပနိုင်ငံများတွင် Smart City အဖြစ် တာဝန်ယူ တည်ဆောက်နေသည့် စီမံကိန်း များအနက် တစ်ခုဖြစ်သည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားထားသည်။

၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် လှည်းကူးမြို့နယ် ညောင်နှစ်ပင် စခန်းရှိ မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သည်။

သို့သော် အမျိုးသားညီလာခံ ကျင်းပခဲ့သည့် သမိုင်းဝင် အဆောက်အအုံအပါအဝင် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည် ပေးအပ်ရ၍ ဧက ၅၅၀ ကျော် သာ ပြုလုပ်ခွင့်ရခဲ့သည်ဟု LH ကော်ပိုရေးရှင်း ရန်ကုန်ရုံးခွဲ မန်နေဂျာ မစ္စတာကင်ဂမ်ဝူးက ပြော ကြားသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service