ရန်ကုန်မြို့သစ်စီမံကိန်း Master plan ရေးဆွဲပြီး အစီရင်ခံစာကိုပြည်သူတွေထံချပြမည် - Property News in Myanmar from iMyanmarHouse.com
2354 Views

ရန်ကုန်မြို့သစ်စီမံကိန်း Master plan ရေးဆွဲပြီး အစီရင်ခံစာကိုပြည်သူတွေထံချပြမည်

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ Master Plan နှင့် ဒီဇိုင်းရေးဆွဲမှု မကြာမီ ပြီးစီးတော့မည်ဖြစ်ပြီး ၎င်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို အများပြည်သူထံချပြနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ Master Plan နှင့် ဒီဇိုင်းရေးဆွဲခြင်းကို စင်ကာပူနိုင်ငံ၊ဂျပန်နိုင်ငံတို့နှင့် ပူပေါင်းရေးဆွဲလျက်ရှိပြီးရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မြို့ပြစီမံခန့်ခွဲမှုအဖွဲ့၏အနီးကပ်ကြီးကြပ်မှုအောက် တွင် Oriental Consultants Japan Co.,Ltd နှင့် AECOM Singaporeတို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး၊ရန်ကုန်မြို့သစ်စီမံကိန်းသည် ပထမဆုံးစီမံကိန်းဖြစ်သောကြောင့် နိုင်ငံနှင့် လူမျိုးအတွက်အကျိုးကျေးဇူးရရှိစေရန် ကြိုးပမ်းဖော်ဆောင်မည်ဖြစ်ကြောင်းမြို့သစ်စီမံကိန်း၏ရည်ရွယ်ချက်ဖြင့်အလုပ်အကိုင်အခွင့်အလမ်းနှစ်သန်းဖော်ထုတ်ပေးနိုင်ရေး၊ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး၊ဝင်ရောက်လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းများအခြေချနိုင်ရန် အခြေခံအဆောက်အအုံ များတည်ဆောက်ရေးတို့ပါဝင်ကြောင်း သိရသည်။

“Master plan ရေးဆွဲပြီးရင်တော့ရေးဆွဲထားတဲ့အစီရင်ခံစာကို ပြည်သူတွေထံချပြမယ်။ရန်ကုန်မြို့သစ်စီမံကိန်းကိုအဓိကမျှော်မှန်းချက်နှစ်ခုနှင့်ဆောင်ရွက်မည်ဖြစ်ပါတယ်။"ဟုရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်ဒုတိယဥက္ကဌမှပြောကြားထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို အဆင့်လိုက်အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး လိုအပ်သည့်အခြေခံအဆောက်တည်ဆောက်ခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျမည်ဟုခန့်မှန်းထားကြောင်းသိရသည်။

လုပ်ငန်းစဉ်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် ၁ဝ ဘီလီယံ မ,တည်မည်ဖြစ်ပြီး စီမံကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဖော်ဆောင်မည်ဖြစ်ပြီးစီမံကိန်းအပိုင်း(၁)တွင် မြေဧက ၂ဝဝဝဝကျော်ရှိပြီး စီမံကိန်းအပိုင်း(၂)တွင် ပန်းလှိုင်မြစ်တောင်ဘက်မှ မြစ်ဝအထိပါဝင်ကြောင်းစာရင်းများ အရသိရသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service