စာရင်းစစ်ချုပ် အစီရင်ခံစာအရ ခေတ်ကာလနှင့် မကိုက်ညီသော မော်လမြိုင်မြို့တွင်းရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းငှားခ တိုးမြှင့်ကောက်ခံမည် - Property News in Myanmar from iMyanmarHouse.com
1047 Views

စာရင်းစစ်ချုပ် အစီရင်ခံစာအရ ခေတ်ကာလနှင့် မကိုက်ညီသော မော်လမြိုင်မြို့တွင်းရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းငှားခ တိုးမြှင့်ကောက်ခံမည်

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စည်ပင်ပိုင်မြေနှင့် ဆိုင်ခန်းငှားရမ်းခများကို ယခု ဘဏ္ဍာနှစ်ကစ၍ ထိုက်သင့်သည့် ဈေးနှုန်းတစ်ခု သတ်မှတ်ကာတိုးမြှင့်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့ ပိုင်မြေနှင့် ငှားရမ်းခများသည် ခေတ်ကာလဈေးနှင့် လျော်ညီမှုမရှိသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်ကစ၍ ထိုက်သင့်သည့် ဈေးနှုန်းအတိုင်း တိုးမြှင့်ရန်ရှိကြောင်း ဦးမြင့် သန်းဝင်းက ဆိုသည်။

‘‘ဘယ်နေရာကို ဘယ် လောက်တိုးမြှင့်မယ်ဆိုတာ ပြောလို့မရသေးဘူး။ သူ့ရဲ့တည်နေရာ ပေါ် မူတည်ပြီးတော့ အဆောက်အအုံ အခြေအနေပေါ် မူတည်ပြီး တော့ ယနေ့ခေတ် ငှားရမ်းခနဲ့ ညီ တဲ့ ထိုက်သင့်တဲ့ဈေးနှုန်းပေါ့။ သတ်မှတ်ပြီး ငှားရမ်းသွားမယ်’’ ဟု ၎င်းက ပြောသည်။

စည်ပင်ပိုင်မြေများဖြစ်သည့် မော်လမြိုင်မြို့ လှိုင်အဝေးပြေး ကားဝင်းရှိဆိုင်ခန်း ၁၀၆ ခန်းကို တစ်ခန်းလျှင် တစ်လကျပ် ၂,၀၀၀နှုန်းသာ ရရှိခြင်း၊ တည်းခိုခန်းတစ် ခန်းကို ကျပ် ၅,၀၀၀ နှုန်းသာ ကောက်ခံနေရခြင်း၊ ထိုသို့ ကောက်ခံနေသော်လည်း ငှားရမ်းစာချုပ်ချုပ်ဆိုထားမှု မရှိခြင်း၊ မော်လမြိုင် အမှတ်(၁)ပြည်သူ့ ဈေးရှိ ဧရာဟင်္သာကုမ္ပဏီ၏ မှတ် ပုံတင်ခများ ပေးသွင်းပြီး ဆိုင်ခန်း ငှားရမ်းခများ ပေးသွင်းထားခြင်း မရှိသည့် ဆိုင်ခန်း ၇၃ ခန်းသည် စာချုပ်ပါ အချက်အလက်များနှင့် ကိုက်ညီမှု မရှိခြင်း၊ သံလွင်ဥယျာဉ်ရှိ New Sky စားသောက်ဆိုင် မြေငှားရမ်းခတစ်လကျပ် ငါးသိန်းသာ ရရှိခြင်းတို့သည် ခေတ်ကာလဈေးနှုန်းနှင့် လျော်ညီမှု မရှိဟု ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာတင်ပြချက်များအရ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။

လက်ရှိတွင် ခေတ်နှင့်မလျော်ညီသည့် မြေငှားရမ်းခများကို ပြည်နယ်အစိုးရက စိစစ်ခဲ့ပြီးထိုက်သင့်သည့် ပေါက်ဈေးအတိုင်း ကောက်ယူရန်နှင့် အချို့နေရာများတွင် မြေငှားရမ်းခြင်း မရှိတော့ဘဲ စည်ပင်မှမြေများ ပြန်လည်ရယူခဲ့ကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service