ရခိုင်ပြည်နယ်တွင် Smart Village နှင့် Smart Market များဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1030 Views

ရခိုင်ပြည်နယ်တွင် Smart Village နှင့် Smart Market များဖော်ဆောင်မည်

ရခိုင်ပြည်နယ် တွင် Smart Village နှင့် Smart Market များဖော်ထုတ်ရန် စီစဉ် နေပြီး ဂျပန်အပါအ၀င် အာရှ လေးနိုင်ငံနှင့် စီးပွားရေးရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများဖော်ဆောင်ရန် ဆွေးနွေးနေကြောင်း UEHRD ညှိ နှိုင်းရေးမှူးချုပ်ပါမောက္ခဒေါက် တာအောင်ထွန်းသက်က ပြော သည်။

ရခိုင်ဝန်ကြီးချုပ်ဦးညီပုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ အနေဖြင့် မကြာမီက ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ သွား ရောက်လေ့လာခဲ့မှုများအရ ယခု ကဲ့သို့စီမံဆောင်ရွက်ခြင်းဖြစ် ကြောင်း ဒေါက်တာအောင်ထွန်း သက်က ဆိုသည်။

‘‘ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့ အစည်းအချင်းချင်း သဟဇာတရှိ ပြီး အေးအေးချမ်းချမ်းနေတဲ့ရွာ တွေအများကြီးရှိပါတယ်။ သူတို့ ရဲ့အခြေအနေဟာ နိုင်ငံတကာက ပြောတဲ့ပုံစံမဟုတ်ဘဲနဲ့ လူသား အချင်းချင်းဘာသာမတူ၊ လူမျိုး မတူပေမယ့် အေးအေးချမ်းချမ်း နေတဲ့အနေအထားရှိပါတယ်။ အဲ ဒီလိုဆောင်ရွက်တဲ့အခါမှာ တစ် နည်းအားဖြင့် Smart Village နဲ့ Smart Market တွေဖော်ထုတ်ဖို့ ရှိပါတယ်’’ ဟု ပါမောက္ခဒေါက် တာအောင်ထွန်းသက်က ပြော သည်။

အောက်တိုဘာ ၁၈ ရက်က နေပြည်တော်တွင်ကျင်းပသည့် UEHRD (ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး ဖွံ့ဖြိုးရေးစီမံ ကိန်း)တစ်နှစ်ပြည့်အခမ်းအနား မိန့်ခွန်း၌ ၎င်းကထည့်သွင်းပြော ကြားခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အရေးကြီး တာကတော့ ရခိုင်ပြည်နယ်မှာ တစ်ဖက်က UEHRD လုပ်ငန်း တွေဆောင်ရွက်နေတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င် လာအောင်လုပ်ဖို့ အင်မတန်လိုပါ တယ်။ ဒါကြောင့်လည်း UEHRD အဖွဲ့အနေနဲ့ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနဲ့ထိုင်းစီးပွားရေးလုပ် ငန်းများကို ညှိနှိုင်းပြီးရင်းနှီးမြှုပ်နှံ မှုတွေလုပ်ဖို့ ဆွေးနွေးလျက်ရှိပါ တယ်။ မကြာမီကာလမှာလည်း အကောင်အထည်ဖော်နိုင်လိမ့် မယ်လို့ ယုံကြည်မိပါတယ်’’ ဟု ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

ဥရောပကုမ္ပဏီကြီးတစ်ခု ကလည်း ရခိုင်ပြည်နယ်အတွင်း အကြီးစားဟိုတယ်လုပ်ငန်းတစ် ခုပြုလုပ်ရန်ကတိရရှိထားသည် မှာ ၀မ်းသာစရာသတင်းတစ်ခုဖြစ် သည်ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

UEHRD ၏ လက်ရှိဆောင် ရွက်နေသည့်လုပ်ငန်းပုံစံများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် အ ခြားပြည်နယ်နှင့်တိုင်းများတွင် ပူး ပေါင်းဆောင်ရွက်ရန်စီစဉ်ထား သည်ဟု ဒေါက်တာအောင်ထွန်း သက်က ဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service