သီတင်းကျွတ်ပိတ်ရက်များအတွက် ချောင်းသာနှင့် ငွေဆောင်ရှိ ဟိုတယ်အခန်းများ အားလုံးနီးပါး ပြည့်နေ - Property News in Myanmar from iMyanmarHouse.com
1140 Views

သီတင်းကျွတ်ပိတ်ရက်များအတွက် ချောင်းသာနှင့် ငွေဆောင်ရှိ ဟိုတယ်အခန်းများ အားလုံးနီးပါး ပြည့်နေ

လာမည့်သီတင်းကျွတ် ရုံးပိတ်ရက်များအတွက် ကြိုတင်မှာယူမှုများပြားခြင်း ကြောင့် ချောင်းသာနှင့်ငွေဆောင်တို့ရှိ ဟိုတယ်အခန်းအားလုံးနီးပါး ပြည့်နေပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ၂၃ရက်မှ ၂၅ ရက်အထိဖြစ်သော သီတင်းကျွတ်ပိတ်ရက်သုံးရက်နှင့် စနေ၊ တနင်္ဂ နွေပိတ်ရက်တို့ တစ်ဆက်တည်းဖြစ်နေခြင်းကြောင့်လည်း ငွေဆောင်နှင့် ချောင်းသာကမ်းခြေများသို့လည်ပတ်မည့် ပြည်တွင်းခရီးသွားဧည့်သည်များခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ငွေဆောင်မှာရှိတဲ့ ဟိုတယ်ခန်းတွေအားလုံးက သီတင်းကျွတ်ရက်တွေအတွက် ကြိုတင်မှာထားလို့ပြည့်နေပြီ''ဟု ၎င်းကပြောသည်။ သို့သော် မြန်မာနိုင်ငံတွင် ခရီး စဉ်ဒေသအသစ် ဖော်ထုတ်မှုများလာခြင်းကြောင့် ချောင်းသာကမ်းခြေ သို့ လာရောက်လည်ပတ်မှုမှာနည်း လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ချောင်းသာဇုန်)မှ အတွင်းရေးမှူး ဦးနိုင်ဝင်းက ပြောသည်။

'' ခုသီတင်းကျွတ်ပိတ်ရက်မှာ တော့ ဟိုတယ်တွေအားလုံးကပြည့် နေပြီ။ အဲဒီ ၂၃၊ ၂၄နဲ့ ၂၅ရက်တွေ အတွက်တော့ပြည့်နေပြီ။ အခန်းတွေ မရတော့ဘူး။ ခုရက်တွေအတွက်က တော့ရှိတယ်။ ခရီးသွားဧည့်သည် တွေက အရင်က ကမ်းခြေဆိုရင် ငွေဆောင်၊ ချောင်းသာလောက်ပဲရှိတော့ တအားများတာ။ ခုကကမ်းခြေသစ် တွေများတော့ ခရီးသည်မျှသွားတဲ့သဘောပဲရှိတာပေါ့''ဟု ၎င်းက ပြောသည်။

ယခုနှစ် ခရီးသွားရာသီအစဖြစ် သော အောက်တိုဘာလတွင် အင်း လေးဖောင်တော်ဦးပွဲတော်၊ တောင် ကြီးခရီးစဉ် ထားဝယ်ရှင်ကိုးရှင်၊ ပုဂံ ဘုရားဖူးခရီးစဉ်နှင့် ချောင်းသာ၊ ငွေ ဆောင်ကမ်းခြေတို့သို့ ပြည်တွင်းခရီး သွားဧည့်သည်များ လည်ပတ်မှုအ များဆုံးဖြစ်နေကြောင်း သွန်းထက် အိမ် ပြည်တွင်းဘုရားဖူးခရီးသွားလုပ်ငန်းကုမ္ပဏီမှ ဒေါ်တင့်နိုင်ဝင်းက ပြောသည်။ ''ခု ဒီနှစ်ဟော့နေတာတော့ တောင်ကြီးနဲ့ ထားဝယ်ခရီးစဉ်ပေါ့ လေ။ ခရီးသည်ကတော့ ခရီးသွား ရာသီအစဆိုတော့ မနှစ်ကနဲ့ယှဉ်ရင် ဘယ်လောက်များတယ်ဆိုတာတော့ မပြောနိုင်သေးပေမယ့် များပါတယ်''ဟု ၎င်းက ပြောသည်။

ယခုနှစ်တွင် စက်သုံးဆီဈေး မြင့်မှုကြောင့် ကားငှားစရိတ်များ လည်းမြင့်တက်လာသော်လည်း ခရီးသည်များထံမှ ပုံမှန်ဈေးများအတိုင်း သာ ပြည်တွင်းခရီးသွားဝန်ဆောင် မှုပေးရခြင်းကြောင့် ကားတစ်စီး တွင် ခရီးသည်ပြည့်လျှင် အမြတ် အနည်းငယ်သာကျန်ပြီး ခရီးသည် မပြည့်လျှင် အရှုံးဖြင့် ပြေးဆွဲနေရ ကြောင်း ပြည်တွင်းဘုရားဖူးခရီးသွား လုပ်ငန်းအသိုင်းအဝိုင်းဈေးကွက်မှ သိရသည်။ သီတင်းကျွတ်ရုံးပိတ်ရက်ကာလများအတွက် ခရီးစဉ်ကြိုတင်ဝယ်ယူ မှုများနေပြီး ပြည်တွင်းခရီးစဉ်ဒေသသစ်အဖြစ် ကျွန်းပတ်ခရီးစဉ်ကို ခရီးသွားများ လည်ပတ်မှုနည်းနေသေး ခြင်းကြောင့် စိတ်ဝင်စားမှုမြင့်တက်ရေးကို စီစဉ်ဆောင်ရွက်နေကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးသန်းဌေးက ပြောသည်။

''တောင်ကြီး၊ မန္တလေး၊ ပုဂံ၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေခရီး စဉ်တွေအတွက် ရောင်းရတာများတယ်။ သီတင်းကျွတ်ပိတ်ရက်ကာလ တွေမှာ ဟိုတယ်တွေတည်းခိုခန်းတွေ ကတော့ပြည့်နေပြီ''ဟု ၎င်းကပြောသည်။ ပြည်တွင်းခရီးသွား ဧည့်သည် များကို ဆွဲဆောင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးတွင်လည်း ခရီး စဉ်အသစ်များ ထပ်မံဖော်ထုတ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပဲခူးဇုန်)မှ အတွင်းရေးမှူး ဦးဆန်းလွင်က ပြောသည်။ ချောင်းသာနှင့်ငွေဆောင်ကမ်းခြေတို့တွင် အခန်းငှားရမ်းခမှာအနိမ့် ဆုံး ကျပ်ငါးသောင်းမှ အမြင့်ဆုံး ကျပ်တစ်သိန်းကျော်ဖြစ်ကြောင်း သိ ရသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် (၁၀) လမ်းသွား အဝေးပြေးလမ်းမကြီးပေါ်၌ တောရိုင်း တိရ စ္ဆာန်များ ကားလမ်းကူးရန်အတွက
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service