မွန်ပြည်နယ်၏ ပထမဆုံးရော်ဘာမြို့တော်အဖြစ် မုဒုံမြို့နယ်အား တည်ဆောက်ရန် ရွေးချယ်ထား - Property News in Myanmar from iMyanmarHouse.com
4332 Views

မွန်ပြည်နယ်၏ ပထမဆုံးရော်ဘာမြို့တော်အဖြစ် မုဒုံမြို့နယ်အား တည်ဆောက်ရန် ရွေးချယ်ထား

ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအများဆုံးလုပ်ကိုင်လေ့ရှိသည့် မွန်ပြည်နယ်တွင် ရော်ဘာမြို့တော်တည်ဆောက်ရန် မုဒုံမြို့နယ်ကို ရွေးချယ်ထားပြီးဖြစ်သည်။

ညှိနှိုင်း

မုဒုံမြို့နယ် လက်တက်ကျေးရွာရှိ ခပ်ရခပ်ယူဘုရားအနီးရှိ မြေ ၃၆၈ ဧကကို ရော်ဘာမြို့တော် အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းအတွက် လုပ်ငန်းရှင်တချို့ကလည်း ညှိနှိုင်းမှုများရှိနေပြီ ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

"မွန်ပြည်နယ်က ရော်ဘာအဓိကစိုက်ပျိုး ရောင်းဝယ်တဲ့နေရာလည်း ဖြစ်တယ်။ မွန်ပြည်နယ်ရဲ့ ရော်ဘာဈေးကွက်ကို အဓိကထိန်းသိမ်းထားတဲ့ နေရာတစ်နေရာအနေနဲ့ရော၊ ဒီနေရာက နှစ်ရှည်သုတေသနစခန်းတွေလည်း ရှိတယ်ဆိုတော့ လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ဒါကို ဦးစားပေးပြီးတော့ လုပ်ချင်တယ်။အဓိကကရော်ဘာနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေနဲ့စက်ရုံ စုတွေကို နေရာတစ်ခုတည်းမှာချပြီးတော့ ငှားရမ်းပေးမယ်၊ ရော်ဘာနဲ့ဆက်စပ်တဲ့လုပ်ငန်း အားလုံး ကိုလက်ခံပေးမယ်" ဟု ၎င်းက ပြောဆိုသည်။

အဆိုပါမြေနေရာများအတွက် မွန်ပြည်နယ်က မည်သည့်ရော်ဘာလုပ်ငန်း လုပ်ကိုင်သူမဆို လာရောက်လျှောက်ထားနိုင်သည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း လက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် တစ်ဧကကျပ်ငါးသိန်းနှုန်းဖြင့် ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်၏ ရော်ဘာအခြေအနေမှာ အကျဘက်ကိုသာဦးတည်နေပြီး လုပ်သား ရှားပါးမှုကြောင့် လုပ်ငန်းရပ်ဆိုင်းထားရသည့် ရော်ဘာခြံများ ၂၅ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောဆိုသည်။

ရော်ဘာဈေးကျ၍ ရော်ဘာအစားအခြားသီးနှံပြောင်းလဲစိုက်ပျိုးသူများလည်း ရှိနေပြီး လက်ရှိ ရော်ဘာပေါက်ဈေးမှာလည်း အရည်အသွေးမီ ရော်ဘာတစ်ပေါင်လျှင် ကျပ် ၈၇၀ ဝန်းကျင်သာ ရှိကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧကငါးသိန်းဝန်းကျင်ရှိကာ တစ်နှစ်လျှင် ရော်ဘာတန်ချိန် တစ်သိန်းကျော် ထုတ်လုပ်လျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရော်ဘာထွက်ကုန်၏ ၆၂ ဒသမ ၂၆ ရာခိုင်နှုန်းအထိ မွန်ပြည်နယ်က ထုတ်လုပ်ပေးလျက်ရှိသည်။

Credit: The Myanmar Times

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service