ခရီးသွားများကို အသွင်သစ်နဲ့ ဆွဲဆောင်မယ့် တနင်္ဂနွေဈေးနဲ့ ညဈေး - Property News in Myanmar from iMyanmarHouse.com
1932 Views

ခရီးသွားများကို အသွင်သစ်နဲ့ ဆွဲဆောင်မယ့် တနင်္ဂနွေဈေးနဲ့ ညဈေး

ရန်ကုန်သည် ပြည်ပဧည့်သည်များ အဓိကလာရောက်ရာ မြို့တော်ဖြစ်သည့်အတွက် ခရီးသွားဧည့်သည်များ ယဉ်ကျေးမှုအနုပညာများအပြင် လူမှုဘဝကို လေ့လာနိုင်ရန် ရည်ရွယ်၍ တနင်္ဂနွေဈေးနှင့် ညဈေးကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြည်တွင်းပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်မည့် တနင်္ဂနွေဈေးနှင့် ညဈေးကို ဖွင့်လှစ်ရန် တိုင်းအစိုးရနှင့် ခရီးသွားလုပ်ငန်းညီနောင်အသင်းများ အောက်တိုဘာ၃ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။"ဧည့်သည်တွေလာခဲ့ရင် လည်စရာပတ်စရာ ဈေးတွေမှာ ဗိုလ်ချုပ်ဈေးတစ်ခုတည်းမဟုတ်ဘဲ တခြားတနင်္ဂနွေဈေးတွေလည်း ရှိသင့်တယ်။ နိုင်ငံတကာမှာလည်း ဒီလိုဈေးတွေရှိတယ်။ နိုင်ငံခြားခရီးသွားတွေအတွက်က ဈေးဝယ်ဧရိယာကလည်း အရေးကြီးတယ်။ ခရီးသွားဧည့်သည်တိုင်းက ရှော့ပင်းမောအကြီးကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာပဲ စားချင်ကြတာမဟုတ်ဘူး။ လမ်းဘေးမှာအလွယ်တကူရတဲ့street food တွေလည်း စားချင်ကြတယ်"ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဆိုသည်။

တနင်္ဂနွေဈေးကို မဟာဗန္ဓုလပန်းခြံနှင့် ညဈေးကို ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ရေတာရှည်လမ်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး လတ်ဆတ်သော အသီးအရွက်များ၊သားငါးများအပြင် မိမိတို့အိမ်တွင် အသုံးမပြုဘဲထားသည့် ရှေးဟောင်းပစ္စည်းများကိုပါ ဈေးတစ်ဝက်ခန့်ချ၍ ရောင်းချခြင်းများ ပါဝင်မည်ဖြစ်သည်။

ထို့ပြင် ဘေထုပ်(ခေါ်) အဟောင်းထည်များ၊ ရိုးရာလက်မှုပစ္စည်းများ၊street food များကို လူမြင်ကွင်းတွင် သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ရောင်းချခြင်းများကို ထည့်သွင်းသွားမည်ဖြစ်သည်။

ယင်းကဲ့သို့ရောင်းချခြင်းဖြင့် အလည်အပတ်သက်သက်လာရောက်သော ခရီးသွားများ၊ လူမှုဘဝကို လေ့လာလိုသော ခရီးသွားများအပြင် ရှေးဟောင်းပစ္စည်းများ စုဆောင်းလိုသော ခရီးသွားများအတွက် တစ်နေရာတည်းတွင်လာရောက်လေ့လာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးသက်လွင်တိုးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ခရီးသွားဈေးကွက်မြှင့်တင်ရေးဆောင်ပုဒ်သည်Heart of Myanmar (မြန်မာပြည်၏ အသည်းနှလုံး) ဖြစ်ပြီး လိုဂိုအမှတ်တံဆိပ်အတွက်ကိုမူ အတည်ပြုရွေးချယ်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။

နိုင်ငံတကာတွင် ပြည်တွင်းပြည်ပခရီးသွားများအတွက် ဖွင့်လှစ်ထားသည့် ထင်ရှားသော ညဈေးများစွာရှိပြီး အဆိုပါညဈေးများနည်းတူ ခရီးသွားများအား ပြသနိုင်ရန် မြန်မာနိုင်ငံတွင် တနင်္ဂနွေဈေးနှင့် ညဈေးကို ဖွင့်လှစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

"ရန်ကုန်မှာဆိုရင် ၁၉ လမ်းနဲ့ တရုတ်တန်းပဲရှိတယ်၊ ကမ်းနားမှာလုပ်ထားတဲ့ ညဈေးကလည်း ပြည်ပခရီးသွား တွေအတွက် မသင့်တော်ဘူး"ဟု ဦးသက်လွင်တိုးက ဆိုသည်။

အဆိုပါဈေးများကို အသစ်ထွက်ရှိလာသော စည်ပင်ဥပဒေနှင့်အညီ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ ဈေးရောင်းချဝယ်ယူရေးလုပ်ငန်းစဉ်များ၊ စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် စီမံခန့်ခွဲရေးကော်မတီ သို့မဟုတ် စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုသို့ အပ်နှံ၍ လုပ်ဆောင်သွားမည်ဖြစ်သည်။

"စည်ပင်တစ်ခုတည်း အားကိုးနေလို့မရဘူး။ သူတို့က အခွန်ကောက်မယ်၊ နေရာချထားပေးမယ်၊ လိုအပ်တဲ့ရေ၊ မီး ပံ့ပိုးတာလောက်ပဲရမယ်၊ ပြည်သူလူထုအမြင်မှာလည်း အစိုးရကလုပ်တာထက် ပုဂ္ဂလိကကုမ္ပဏီ တစ်ခုကလုပ်တာဆိုရင် ပိုပြီးအဆင်ပြေတယ်"ဟု ဦးသက်လွင်တိုးက ပြောသည်။

ညဈေးကို ရေတာရှည်လမ်းတွင် ဖွင့်လှစ်ရန်စီစဉ်ထားပြီး ရန်ကုန်မြို့၏ အမှတ်အသားဖြစ်သည့် ရွှေတိဂုံ ဘုရားအား နောက်ခံထားကာ တနင်္ဂနွေဈေးနည်းတူ အမျိုးအစားစုံစုံလင်လင်ကို သန့်ရှင်းသပ်ရပ်စွာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ ညဈေးမှာ နေ့စဉ်ရောင်းချမည့်ဈေးဖြစ်သောကြောင့် လာရောက်သူများ သွားလာရေးလွယ်ကူသည့် နေရာ၊ ဘတ်စ်ကားမှတ်တိုင် နှင့်နီးပြီး လူသိများသောနေရာဖြစ်စေရန် ဦးစားပေးရွေးချယ်ထားခြင်းဖြစ်သည်ဟုဆိုသည်။

"ညဈေးက ညတိုင်းဖွင့်ရမှာဖြစ်တဲ့အတွက် လူသွားလာများတဲ့နေရာဖြစ်ဖို့ လိုတယ်၊ ကမ်းနားလမ်းလို နေရာက တကူးတက ဘယ်သူမှမသွားကြဘူး၊ ဘုရားတက်ရင်း အပြန်ဈေးဝယ်ချင်တဲ့သူလည်း အဆင်ပြေမယ်၊ ဘုရား နောက်ခံနဲ့ အလှဓာတ်ပုံရိုက်ချင်တဲ့ ခရီးသွားတွေအတွက်လည်း အဆင်ပြေနိုင်မယ်"ဟု ဦးသက်လွင်တိုးက ပြောသည်။

ညဈေးတွင် နေ့စဉ်ပုံမှန်ရောင်းချနေသည်များအပြင်အများပြည်သူ လာရောက်လည်ပတ်စေရန် နေ့အလိုက် အထူးလျှော့ဈေးများဖြင့် ရောင်းချခြင်း၊ ဖျော်ဖြေရေးပွဲငယ်များ ပြုလုပ်ပေးခြင်းတို့ဖြင့် လာရောက်လည်ပတ်သူများ မငြီးငွေ့စေရန် ဆွဲဆောင်သွားမည်ဖြစ်သည်။ရန်ကုန်မြို့တွင်း လက်ရှိဖွင့်လှစ်ထားသော ညဈေးအများစုမှာ သန့်ရှင်းမှုအားနည်းခြင်း၊ သွားလာရခက်ခဲခြင်း (ကားပါကင်အခက်အခဲ)၊ စားသုံးသူများအား အမြင်အားဖြင့်လည်းကောင်း၊ အရသာအားဖြင့်လည်းကောင်း၊ အပြင်အဆင်အားဖြင့်လည်းကောင်း ဆွဲဆောင်နိုင်မှု အားနည်းခြင်းတို့ကြောင့် ဒေသခံများပင် သွားရောက်လည်ပတ်သူ နည်းပါးနေသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကမ်းနားလမ်းညဈေးတွင် တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် သွားရောက်လေ့ရှိသော်လည်း နောက်ပိုင်းတွင် သန့်ရှင်းမှုအားနည်းတို့ကြောင့် မသွားဖြစ်တော့ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တွင် နေထိုင်သည့် ကိုမင်းဟိန်းက ပြောသည်။

"အရင်ကတော့ အေးအေးလူလူရှိတော့ ညပိုင်းတွေ သွားထိုင်လို့ကောင်းတယ်။ နောက်ပိုင်း ညစ်ပတ်တာတွေက တော်တော်ဆိုးဆိုးပဲ။Urban 86 လိုမျိုး အဆင့်မြှင့်ထားတဲ့ ညဈေးအသေးစားတွေ ပေါ်လာပေမဲ့ လွတ်လပ်မှုမရှိဘူး၊ လှောင်ပိတ်နေသလို ခံစားရလို့ နှစ်ခါလောက်သွားပြီး ထပ်မသွားဖြစ်တော့ဘူး"ဟု ကိုမင်းဟိန်းက ဆိုသည်။

ညဈေးဖြစ်စေ၊ ညလုံးပေါက်ဖွင့်သည့် စားသောက် ဆိုင်များသို့ဖြစ်စေ သွားရောက်သူများမှာ မိသားစုလိုက် သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်းများနှင့် အပန်းဖြေရန် သွားရောက်လိုသူများ ဖြစ်ကြသည်။ သို့သော် အောင်မြင်သည့်ညဈေးတစ်ခု ဖြစ်ပေါ်မလာခြင်းမှာ အဆိုပါနေရာများသည် စားသုံးသူများအတွက် လာရောက်လည်ပတ်စေရန် ဆွဲဆောင်မှုမရှိခြင်း၊ စိတ်ဝင်စားစရာနည်းပါးပြီး၊ ဆန်းသစ်တီထွင်မှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။

ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော ၅၂ လမ်း နေ့ညဈေးမှာ စားသောက်ဆိုင်အမျိုးအစားများ မစုံလင်လှသော်လည်း ဆိုင်အရေအတွက် အသင့်အတင့်ရှိခြင်း ကြောင့် လူငယ်များ ညလုံးပေါက်နီးပါး သွားရောက် လေ့ရှိသော နေရာတစ်ခုဖြစ်သည်။

သို့သော် ညဈေးများတွင် ပုံမှန်ရောင်းချနေကျ အစားအစာများအပြင် ဘုရားပွဲဈေးများတွင်သာ မြင်တွေ့ရလေ့ရှိသော မြန်မာ့ရိုးရာမုန့်များ၊ ဒေသစာများပါ ရောင်းချစေချင်ကြောင်း ညဈေးတန်းများကို စိတ်ဝင်စားသူ ဗိုလ်တထောင်မြို့နယ်နေ မမီက ပြောသည်။

"တစ်ခုခုကိုသွားမယ်ဆိုရင် အရင်ဆုံးတွေးတာက သွားလာရေးပဲ။ မိသားစုနဲ့သွားတဲ့အခါ လူကြီးတွေရော ကလေးတွေပါ ပါနိုင်တယ်။ အရမ်းဝေးတဲ့နေရာလည်း မသွားချင်ဘူး။ သွားလာရေးခက်ခဲရင်လည်း မသွားချင် ဘူး။ အဓိကကတော့ သွားချင်အောင် မဆွဲဆောင်နိုင်တာကြောင့် မသွားချင်ဘူး"ဟု မမီက ဆိုသည်။

အသစ်ဖွင့်လှစ်မည့် တနင်္ဂနွေဈေးနှင့် ညဈေးများကို ဆိုရှယ်မီဒီယာများတွင်သာမက လက်ကမ်းကြော်ငြာ များဖြင့် လူအများစိတ်ဝင်စားလာစေရန် ကြေညာမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ဧည့်သည်များအနေဖြင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် ဈေးတွင်နေ့စဉ်ပြုလုပ်နေသော ပရိုမိုးရှင်းအပါအဝင် အခြားလုပ်ဆောင်ချက်များ၊ ဖျော်ဖြေရေးအစီအစဉ်များကို သိရှိလာရောက် လည်ပတ်နိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်းမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service