အီလက်ထရွန်နစ်စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ နှစ်လအတွင်း ၁၀ဝ၀ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
782 Views

အီလက်ထရွန်နစ်စနစ်ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ နှစ်လအတွင်း ၁၀ဝ၀ ကျော်ရှိ

နိုင်ငံတကာစံနှုန်းအတိုင်းပြင်ဆင်ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ နှစ်လတာအတွင်း အီလက်ထရွန်နစ်မှတ်ပုံတင်စနစ်(MyCO)ဖြင့် မှတ်ပုံတင်သည့် ကုမ္ပဏီ ပေါင်း ၁၈၀ဝ၀ ကျော်အထိရှိလာကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက အောက်တိုဘာ ၆ ရက်၌ ကုန်သည်/စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတဦးမြင့်ဆွေနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲအကြိမ်(၂၀) မြောက်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

နည်းလမ်းသစ်ဖြင့် ဆန်းသစ်ထား" မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ဟာ မြန်မာ့စီးပွားရေးပတ်ဝန်းကျင်တစ်ခုလုံးရဲ့ အပြောင်းအလဲကို ဆောင်ကြဉ်းပေးမယ့် အခြေခံဥပဒေဘောင်သစ်တစ်ခုဖြစ်တဲ့ ဒီဥပဒေကို နိုင်ငံတကာစံနှုန်းများအတိုင်း ပြင်ဆင်ပြဋ္ဌာန်းထားပြီး မှတ်ပုံတင်စနစ်ကိုလည်း အီလက်ထရွန် နစ်နည်းလမ်းဖြင့် ဆန်းသစ်ထားတာဖြစ်ပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာနှစ်လအတွင်း ကုမ္ပဏီ အဟောင်းများ ပြန်လည်မှတ်ပုံတင်တာ ၁၄၆၉၁ ခုရှိပြီး ကုမ္ပဏီသစ် မှတ်ပုံတင်မှုဟာ နှစ်လ တာအတွင်း ၄၁၁၀ မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြော ဆိုသည်။

နေ့စဉ်မှတ်ပုံတင်

အဆိုပါဥပဒေမှာ ယခုနှစ် သြဂုတ် ၁ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး သြဂုတ်နှင့် စက် တင်ဘာ နှစ်လတာအတွင်းကုမ္ပဏီအဟောင်း ၁၄၆၉၁ ခု ပြန်လည်မှတ်ပုံတင်ထားပြီး နေ့စဉ် ကုမ္ပဏီပေါင်း ၁၅၀ ခန့် မှတ်ပုံတင်လျက်ရှိကြောင်း၊ ကုမ္ပဏီသစ်မှာ ၄၁၁၀ မှတ်ပုံတင်ထား ကာ နေ့စဉ် ၇၀ ခန့် မှတ်ပုံတင်လျက်ရှိကြောင်း သိရသည်။

"ဒီဥပဒေမှာ ရင်နှီးမြှုပ်နှံသူများအားလုံး တန်းတူယှဉ်ပြိုင်နိုင်ရေးအခွင့်အလမ်းများ ဖန်တီး ပေးထားပြီးဖြစ်ပါတယ်။ မိမိရင်းနှီးလုပ်ကိုင်မယ့် လုပ်ငန်းများကို တည်ဆောက်ရာမှာ လိုအပ်တဲ့ စက်ကိရိယာတွေ၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေကို အကောက်ခွန် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အခွန်ကင်းလွတ်ခွင့်

နိုင်ငံတော်က ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းများအတွက် စီးပွားရေးစတင်လည်ပတ်ချိန်မှစပြီး မိမိရင်းနှီးမြှုပ်နှံရာဒေသပေါ်မူတည်၍ ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် စသည်ဖြင့် အခွန်ကင်းလွတ်ခွင့်များပေးထားပြီးဖြစ်သည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

Upcoming Property Events

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service