မန်းမြို့သစ်အကွက်အချို့ အရောင်းအဝယ်လိုက်စပြု၊ ဈေးနှုန်း မနှစ်ကထက်ကျ - Property News in Myanmar from iMyanmarHouse.com
1315 Views

မန်းမြို့သစ်အကွက်အချို့ အရောင်းအဝယ်လိုက်စပြု၊ ဈေးနှုန်း မနှစ်ကထက်ကျ

မန္တလေးအိမ်ခြံမြေဈေးကွက်မှာ မြို့သစ်ရပ်ကွက် လက်ရှိအရောင်းအဝယ် ပြန်လိုက်စပြုနေတယ် ဆိုပေမဲ့ အရင်နှစ်ကထက်စာရင် မြေကွက်အချို့ ဈေးနှုန်းကျဆင်းတယ်လို့ သိရပါတယ်။

လမ်းအနေအထား နေရာအကျယ်အဝန်းပေါ်မူတည်ပြီး မြေဈေးနှုန်းက (၁၀)ရာခိုင်နှုန်းနဲ့ (၂၀)ရာခိုင်နှုန်းကြား ကျဆင်းနေတာ ဖြစ်ပါတယ်။ ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ‘ ဈေးကွက်ကတော့ သူ့ပုံမှန်ကြိုကြားကြိုကြားတော့ အရောင်းအဝယ်ဖြစ်နေတာရှိတယ်၊ ဈေးကျတဲ့ အနေအထားပေါ့ ‘ လို့ ပြောပါတယ်၊ သည်နှစ်မှာ မန္တလေးအိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ပြန်လည်လှုပ်ရှားသက်ဝင်လာဖို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့က မျှော်မှန်းပါတယ်။

အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း မန္တလေးအိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်မှာ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတွေက မျှော်မှန်းခဲ့ကြပေမဲ့လည်း လက်တွေ့မှာတော့ ထူးထူးခြားခြား ပြောင်းလဲလာခြင်းမရှိသေးပါဘူး။ အစိုးရသစ်လက်ထက်မှာ မြေယာနဲ့ ပက်သက်တဲ့ မူဝါဒအသစ်တွေ ချမှတ်လုပ်ဆောင်လာတာ၊ တခြားရင်းနှီးမြှုပ်နှံလုပ်ကိုင်လို့ရမယ့် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်ထားတာ စတာတွေကြောင့် အိမ်ခြံမြေလုပ်ငန်းအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး ဈေးကွက်ဖွံ့ဖြိုးလာမယ်လို့ အကျိုးဆောင်တွေ မျှော်မှန်းခဲ့ကြပါတယ်။

အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ‘ အခွန်အကောက်ဥပဒေတွေ လျှော့ပေးမယ်ဆိုရင် ဝါကျွတ်ကာလပွင့်လင်းရာသီလောက်တော့ ဈေးကွက်ပြန်လည် လှုပ်ရှားသက်ဝင်ဖို့ ထင်မြင်ယူဆမိပါတယ် ‘ လို့ ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မန္တလေးမြို့တွင်း မြို့ပြင်အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံမြေအရောင်းအဝယ်အားလုံးကျဆင်းသွားပြီး ယခုအချိန်မှာတော့ မြေတန်ဖိုးတွေပါ ကျဆင်နေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အမြတ်အစွန်းအများအပြားရဖို့သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် ဒေသခံစီးပွားရေး လုပ်ငန်းရှင်တွေ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းသမားတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ အိမ်ခြံမြေလုပ်ငန်း ယခုလိုကျဆင်းနေတာဟာ အိမ်ခြံမြေအပေါ် အခွန်ကောက်ခံရာမှ သတ်မှတ်တဲ့ မန္တလေးအိမ်ခြံမြေ ရာဖြတ်တန်ဖိုး စံနှုန်းသတ်မှတ်ချက်မှာ အရောင်းအဝယ်ဈေးကွက်နဲ့ မကိုက်ညီတဲ့ဧကအလိုက် စံနှုန်းသတ်မှတ်မှု၊ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက် များပြားမှုတွေအပြင် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေမှုကြောင့်လို့ အကျိုးဆောင်အချို့က ဆိုကြပါတယ်။

 

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service