Yangon New World စီမံကိန်းနှင့် မြရိပ်ညိုဟိုတယ်လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး မကြာမီအပြီးဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
3222 Views

Yangon New World စီမံကိန်းနှင့် မြရိပ်ညိုဟိုတယ်လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး မကြာမီအပြီးဖယ်ရှားမည်

ဇေကမ္ဘာကုမ္ပဏီမှ စာချုပ်ပါစည်းမျဉ်းစည်းကမ်းများကို မလိုက်နာသဖြင့် တပ်မတော်မှ ပြန်လည်ပိတ်သိမ်းထားသည့် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိ့နယ်ရှိ မြရိပ်ညိုဟိုတယ်ဟောင်း မြေနေရာတွင် Yangon New World စီမံကိန်းနှင့် မြရိပ်ညိုဟိုတယ်အပါအ၀င် ဆက်စပ်မြေနေရာများ၏ လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး မကြာမီတွင် အပြီးဖယ်ရှားမည်ဖြစ်ကြောင်း တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက အောက်တိုဘာ ၇ ရက်တွင် ပြောကြားသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီမှ စစ်ထောက်ချုပ်ရုံးနှင့် ချုပ်ဆိုထားသော MoA စာချုပ်အား ဇေကမ္ဘာကုမ္ပဏီမှ လိုက်နာခြင်းမရှိသည့်အပြင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ နှစ်လုံးအား ဖြိုဖျက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုထားသကဲ့သို့ သတင်းများကို ပုံနှိပ်မီဒီယာတွင် မှားယွင်းထည့်သွင်းဖော်ပြခဲ့ခြင်းတို့ကြောင့် ဇေကမ္ဘာကုမ္ပဏီမှ တပ်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်မပြုဘဲ ရုပ်သိမ်းကြောင်း တပ်မြို့စည်ပင်သာ ယာရေးအဖွဲ့(ရန်ကုန်)ရုံးတွင် အောက်တိုဘာ ၃ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“လောလောဆယ်ကတော့ လုပ်ငန်းတွေ အားလုံးကို ရပ်ခိုင်းထားပြီးပါပြီ။ မကြာမီ ကျွန်တော်တို့ဆီကို ညွှန်ကြားလာပြီဆိုတာနဲ့ အကုန်လုံးကို အပြီးသတ်ဖယ်ရှားသွားမှာပါ” ဟု တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက ပြောကြားသည်။

စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် MoA စာချုပ်,ချုပ်ဆို၍ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်စေခဲ့ကြောင်း၊ ကုမ္ပဏီမှ မြေအသုံးချမှုအတွက် စာချုပ်ချုပ်ဆိုပြီး နှစ်နှစ်အတွင်းငါးကြိမ် ပေးသွင်းရမည်ဖြစ်သော်လည်း ၄င်းတို့ အနေဖြင့် နှစ်ကြိမ်သာပေးသွင်းခဲ့ကြောင်း၊ ကျန်ငွေများကို ယနေ့အချိန်အထိ ပေးသွင်းမှုမရှိသည့်အပြင် တရုတ်နိုင်ငံအခြေပြု Hunan Land Overseas Real Estate Development Co.,Ltd အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ပူးပေါင်းဆောင်ရွက်သည့် သတင်းများ ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် ကုမ္ပဏီအနေဖြင့် BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမပြုမီ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံနှစ်လုံးနှင့် အခြားအဆောက်အအုံ နှစ်လုံးတို့ကို ဖြိုဖျက်ခဲ့ခြင်းများကို ဖောက်ဖျက်ကျူးလွန်ခဲ့သောကြောင့် ၂၀၁၈ ခုနှစ် မေ ၁၀ ရက်တွင် ဇေကမ္ဘာကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ ဖြစ်သူထံလုပ်ငန်းများအား ဆက်လက်လုပ်ရန် အကြောင်းမရှိသဖြင့် လုပ်ငန်းပိတ်သိမ်း ဆောင်ရွက်ရန် အကြောင်းကြားခဲ့သည်။

ထို့ပြင် ထပ်မံ၍ စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုများကြောင့် အများပြည်သူများ အသုံးပြုနေသည့် ကုက္ကိုင်းရေလှောင်ကန် ဆက်စပ်မြေနေရာများ ထိခိုက်နိုင်သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုများရှိသဖြင့် မြို့တော်စည်ပင်မှ တားမြစ်ထားကြောင်းအား ၂၀၁၈ခုနှစ် ဇွန် ၁၁ရက်ထုတ် Daily Eleven သတင်းစာတွင် ဖော်ပြခဲ့ကြောင်းလည်း တွေ့ရှိရသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့လည်း စီမံကိန်းလုပ်ငန်းအား ခွင့်ပြုခြင်းမရှိရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။

ဇေကမ္ဘာကုမ္ပဏီနှင့် MoA စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခကို အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းအား နှစ်နှစ်အတွင်း ငါးကြိမ်ခွဲပြီး ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း နှစ်ကြိမ်အတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းအား ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၆ရက်တွင် နောက်ဆုံးပေးသွင်း ရမည်ဖြစ်သော်လည်း ယနေ့အထိပေးသွင်းမှုမရှိသဖြင့် အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ပြီး ကုမ္ပဏီမှ ငွေပေးသွင်းခဲ့ခြင်းမရှိသောကြောင့် စာချုပ်သဘောတူညီချက်အား လိုက်နာရန်ပျက်ကွက်ခဲ့သည့်အပြင် လက်ရှိတွင်လည်း မြရိပ်ညိုဟိုတယ်၊ ခန်းမတို့အား ဆက်လက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် China State Construction Engineering Corporation နှင့် ပူးပေါင်း၍ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး Yangon New World စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပုံနှိပ်သတင်းစာတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရကြောင်း၊ ဇေကမ္ဘာကုမ္ပဏီလီမိတက် အနေဖြင့် ၂၀၁၄ ခုနှစ်က စစ်ထောက်ချုပ်ရုံးနှင့် ချုပ်ဆိုထားသော MOA စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်းမရှိသည့်အပြင် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံ နှစ်လုံးအပါအ၀င် အခြားအဆောက်အအုံနှစ်လုံးတို့အား ဖြိုဖျက်ခဲ့ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုထားပြီးသကဲ့သို့ အတည်ပြုသတင်းများအား ပုံနှိပ်မီဒီယာများ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းတို့အားတွေ့ရှိသဖြင့် ၎င်းဆောင်ရွက်မှုများအားလုံး ကန့်ကွက်ကြောင်းနှင့် ဇေကမ္ဘာကုမ္ပဏီမှ တပ်မတော်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းမျာအား ဆက်လက်ဆောင်ရွက်ခွင့်မပြုဘဲ ရပ်ဆိုင်းရန်အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်မြေ၊ ဟိုတယ်ဝင်းအမှတ်(၂)မြေဧရိယာ ၆ ဒသမ ၈၇၉ ဧအတွင်း ဆောက်လုပ်ထားရှိသော အဆောက်အအုံ ၁၂လုံးအနက် မြို့တော်ဝန်အိမ် House (C)၊ Show Room House (D) ၊နှင့် House (E) အဆောက်အအုံ လေးလုံးအား ဇေကမ္ဘာကုမ္ပဏီမှ ဖျက်သိမ်းခဲ့ရာ အဆိုပါပအဆောက်အအုံ လေးလုံးတို့တွင် မြို့တော်ဝန်ဧည့်ဂေဟာဟောင်း House (D) (မြရိပ်ညိုရွိုင်ရယ်ဟိုတယ်)နှင့် မြို့တော်ဝန်အိမ်ဟောင်း House (C) မြရိပ်ညိုရွိုင်ရယ်ဟိုတယ်)သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရှေဟောင်းလက်ရာ အဆောက်အအုံအဖြစ် သတ်မှတ်ကြောင်းနှင့် ၁၉၉၆ခုနှစ် ဇွန်လတွင် ကြေညာခဲ့သော ရှေးဟောင်းလက်ရာ အဆောက်အအုံစာရင်းဝင် ဖြစ်ကြောင်းကို ၂၀၁၈ခုနှစ် သြဂုတ် ၁၇က်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အမှတ်(၉၅၄)၊ ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) တပ်မှူးထံ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service